Friday, December 14, 2012

ဘားကုတ် (bar code) ကို တီထွင်ခဲ့သည့် Norman Joseph Woodland ကွယ်လွန်


ဘားကုတ် (bar code) ကို တီထွင်ခဲ့သည့် Norman Joseph Woodland  ကွယ်လွန်
========================================

ကမ္ဘာပေါ်ရှိ ကုန်ပစ္စည်းတိုင်းလိုလိုမှာ ပါရှိတဲ့ ဘားကုတ်စနစ်ကို တီထွင်ခဲ့တဲ့ အင်ဂျင်နီယာ Norman Joseph Woodland ဟာ အသက် ၉၁ နှစ် မှာ အမေရိကန် နယူးဂျာစီပြည်နယ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကွယ်လွန်ခဲ့ပါတယ်။

Woodland ဟာ ၁၉၄၉ ခုနှစ်မှာ ကုန်ပစ္စည်းဝယ်ယူတဲ့အခါ အဆင်ပြေလွယ်ကူအောင် ဘားကုတ်စနစ်နဲ့ အစားထိုးနိုင်တာကို သိရှိခဲ့ပေမယ့် နှစ်ပေါင်း ၂၀ ကျော်ကြာမှ ဘားကုတ်နည်းပညာစနစ် က လက်တွေ့အကောင်အထည် ပေါ်လာခဲ့ပါတယ်။ Woodland ဟာ ၁၉၅၁ ခုနှစ်မှာ IBM မှာ အလုပ်လုပ်ခဲ့ပြီး ဘားကုတ်ကိုတီထွင်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် အဲဒီအချိန်တုံးက ဘားကုတ်ဖတ်တဲ့ လေဆာရောင်ခြည် စကင်နာ ကို ထုတ်နိုင်စွမ်း မရှိသေးလို့ မအောင်မြင်ခဲ့ဘဲ ဖြစ်ခဲ့ပါတယ်။

၁၉၇၀ နှစ်များ အစောပိုင်းကျမှ လေဆာစကင်နာ တီထွင်နိုင်ခဲ့ပြီး IBM ကနေ ဘားကုတ်ကို ကမ္ဘာတ၀ှမ်းလက်ခံအသုံးပြုတဲ့ UPC - Universal Product Code ခေါ်တဲ့ လေးထောင့်ကွက်ဘားကုတ်ကို ကျင့်သုံးစေခဲ့ပါတယ်။

ပထမဦးဆုံး ဘားကုတ်သုံးပြီး ရောင်းခဲ့တဲ့ ကုန်ပစ္စည်းတစ်ခုက ၁၉၇၄ ခု ဇွန်လမှာ အမေရိကန် အိုဟိုင်းရိုးပြည်နယ် က Troy စူပါမားကက်တစ်ခုမှ ၀ယ်ယူသွားတဲ့ ဒေါ်လာ ၀.၆၇ ပြားတန် Wrigley's gum ပီကေ ဖြစ်ပါတယ်။

ယနေ့အခါမှာ ကမ္ဘာတ၀ှမ်းမှာ ကုန်ပစ္စည်းပေါင်း ၅ ဘီလီယံခန့် နေ့စဉ် ဘားကုတ်နဲ့ဖတ်ပြီး ရောင်းဝယ်မှုပြုလုပ်နေကြောင်း ဖော်ပြလိုက်ပါတယ်။ကမ္ဘာပေါ်ရှိ ကုန်ပစ္စည်းတိုင်းလိုလိုမှာ ပါရှိတဲ့ ဘားကုတ်စနစ်ကို တီထွင် ခဲ့တဲ့ အင်ဂျင်နီယာ Norman Joseph Woodland ဟာ အသက် ၉၁ နှစ် မှာ အမေရိကန် နယူးဂျာစီပြည်နယ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကွယ်လွန်ခဲ့ပါတယ်။
Woodland ဟာ ၁၉၄၉ ခုနှစ်မှာ ကုန်ပစ္စည်းဝယ်ယူတဲ့အခါ အဆင်ပြေလွယ်ကူအောင် ဘားကုတ်စနစ်နဲ့ အစားထိုးနိုင်တာကို သိရှိ ခဲ့ပေမယ့် နှစ်ပေါင်း ၂၀ ကျော်ကြာမှ ဘားကုတ်နည်းပညာစနစ်က လက်တွေ့အကောင် အထည် ပေါ်လာ ခဲ့ပါတယ်။ Woodland ဟာ ၁၉၅၁ ခုနှစ်မှာ IBM မှာ အလုပ်လုပ်ခဲ့ပြီး ဘားကုတ်ကို တီထွင်နိုင် ဖို့ မျှော်လင့်ခဲ့ပေမယ့် အဲဒီအချိန်တုံးက ဘားကုတ်ဖတ်တဲ့ လေဆာရောင်ခြည် စကင်နာ ကို ထုတ်နိုင် စွမ်း မရှိသေးလို့ မအောင်မြင်ခဲ့ဘဲ ဖြစ်ခဲ့ပါတယ်။

၁၉၇၀ နှစ်များ အစောပိုင်းကျမှ လေဆာစကင်နာ တီထွင်နိုင်ခဲ့ပြီး IBM ကနေ ဘားကုတ်ကို ကမ္ဘာတ၀ှမ်းလက်ခံအသုံးပြုတဲ့ UPC - Universal Product Code ခေါ်တဲ့ လေးထောင့်ကွက်ဘားကုတ်ကို ကျင့်သုံးစေခဲ့ပါတယ်။

ပထမဦးဆုံး ဘားကုတ်သုံးပြီး ရောင်းခဲ့တဲ့ ကုန်ပစ္စည်းတစ်ခုက ၁၉၇၄ ခု ဇွန်လမှာ အမေရိကန် အိုဟိုင်းရိုးပြည်နယ် က Troy စူပါမားကက်တစ်ခုမှ ၀ယ်ယူသွားတဲ့ ဒေါ်လာ ၀.၆၇ ပြားတန် Wrigley's gum ပီကေ ဖြစ်ပါတယ်။

ယနေ့အခါမှာ ကမ္ဘာတ၀ှမ်းမှာ ကုန်ပစ္စည်းပေါင်း ၅ ဘီလီယံခန့် နေ့စဉ် ဘားကုတ်နဲ့ ဖတ်ပြီး ရောင်းဝယ်မှုပြု လုပ်နေကြောင်း ဖော်ပြလိုက်ပါတယ်။

No comments:

Post a Comment