Sunday, December 2, 2012

ဦးအောင်မင်း အား ၈၈ မျိုးဆက် ကျောင်းသားများ လာရောက်တွေ့ဆုံ

လက်ပံတောင်းတောင် ကိစ္စရပ်များဆိုင်ရာအတွက် မုံရွာမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများထဲမှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် နှင့် မြအေးတို့သည် ယနေ့ ဒီဇင်ဘာလ ၂ ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့မှ နေပြည်တော်သို့ရောက်ရှိခဲ့ကြပြီး ညနေ ၃း၀၀ နာရီတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ လက်ပံတောင်းတောင် အရေးကိစ္စများနှင့် လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ကိစ္စရပ်များကို ဆွေးနွေးကြရာတွင် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့သည် ကော်မရှင်တွင် ပါဝင်ရန်ဆန္ဒမရှိကြသော်လည်း ၈၈မျိုးဆက်ကျောင်းသားများ အနေဖြင့် လက်ပံတောင်းတောင် အရေးကိစ္စများကို ဖြေရှင်းနိုင်ရန် အပြုသဘောဆောင်စွာ ညှိနှိုင်းဆောင်ရွက် ပေးသွားကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
၈၈မျိုးဆက်ကျောင်းသားများသည် ညနေ ၅း၃၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် ထံသို့ သွားရောက်ခဲ့ကြပြီး တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးခဲ့ကြရာတွင် လက်ပံတောင်းတောင် အရေးကိစ္စများအပါအ၀င် နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော ပြဿနာများနှင့် ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
၎င်းနောက် ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နှင့် မြအေးတို့သည် ၆း၅၀ နာရီတွင် နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာခဲ့ကြသည်။
from -88 Generation Students facebok

No comments:

Post a Comment