Thursday, December 20, 2012

ဒေါ်အောင်ဆန်းစုကြည်အား ခရစ်ယန်ဘာသာဝင်အဖြစ်ပြောဆို စည်းရုံးမှုများပြုလုပ်

Photo: ဒေါ်အောင်ဆန်းစုကြည်အား ခရစ်ယန်ဘာသာဝင်အဖြစ်ပြောဆို
စည်းရုံးမှုများပြုလုပ်
Thursday, 20 December 2012 
 
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်တွင် မြို့နယ် NLD ပါတီဥက္ကဌ ဦးလော်ယုံမှ မြို့နယ်အတွင်း ပါတီစည်းရုံးမှုများ ဆောင်ရွက်
ရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ခရစ်ယန်ဘာသာဝင် အဖြစ်ပြောဆို စည်းရုံးမှု များ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ ဦးလော်ယုံမှ “NLD ဗဟို 
ဥက္ကဌ ဒေါ်စုသည် ဗြိတိသျှနိုင်ငံသားနှင့် အိမ်ထောင်ပြုထားသဖြင့် ခရစ်ယန်ဘာသာကို ကိုးကွယ်သူ ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရပါက ခရစ်ယန်ဘာသာဝင်များ၏ လိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်း ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် NLD ပါတီအား မဲပေးစေ လိုကြောင်း” ပြောဆိုစည်ရုံးခဲ့ပါသည်။ ဒေသခံ နာဂ/ခရစ်ယန်များ အနေဖြင့် ဦးလော်ယုံ၏ စည်းရုံးမှုများကို ယုံကြည်ပြီး NLD ပါတီအား
 ထောက်ခံခဲ့သော်လည်း၊ အခြားပါတီ ၀င်များမှ ရိုးသားသည့် တိုင်းရင်းသား များအား ၄င်းနေရာ ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အား ခရစ်ယန်ဘာသာဝင်အဖြစ် မဟုတ်မမှန် လုပ်ကြံပြောဆိုပြီး စည်းရုံးနေခြင်း
များကြောင့် ဦးလော်ယုံအား အယုံအကြည်မရှိကြောင်း သိရှိရပါသည်။ 

သို့ဖြစ်၍ဒေသခံ ပါတီဝင်များ အနေဖြင့် ဦးလော်ယုံ ၏ ပြောဆိုမှုများနှင့်
ပတ်သတ်ပြီး NLD ဗဟိုသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်တွင် မြို့နယ် NLD ပါတီဥက္ကဌ ဦးလော်ယုံမှ မြို့နယ်အတွင်း ပါတီစည်းရုံးမှုများ ဆောင်ရွက်
ရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ခရစ်ယန်ဘာသာဝင် အဖြစ်ပြော ဆို စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ ဦးလော်ယုံမှ “NLD ဗဟို ဥက္ကဌ ဒေါ်စုသည် ဗြိတိသျှနိုင်ငံသားနှင့် အိမ်ထောင်ပြု ထားသဖြင့် ခရစ်ယန်ဘာသာကို ကိုးကွယ်သူ ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရပါက ခရစ်ယန်ဘာသာဝင်များ၏ လိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်း ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် NLD ပါတီအား မဲပေးစေ လိုကြောင်း” ပြောဆို စည်ရုံးခဲ့ပါသည်။ ဒေသခံ နာဂ/ခရစ်ယန်များ အနေဖြင့် ဦးလော်ယုံ၏ စည်းရုံးမှုများကို ယုံကြည်ပြီး NLD ပါတီအားထောက်ခံခဲ့သော်လည်း၊ အခြားပါတီ ၀င်များမှ ရိုးသားသည့် တိုင်းရင်းသား များအား ၄င်းနေရာ ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အား ခရစ်ယန်ဘာသာဝင်အဖြစ် မဟုတ်မမှန် လုပ်ကြံပြောဆိုပြီး စည်းရုံးနေခြင်းများကြောင့် ဦးလော်ယုံအား အယုံအကြည်မရှိကြောင်း သိရှိရပါသည်။

သို့ဖြစ်၍ဒေသခံ ပါတီဝင်များ အနေဖြင့် ဦးလော်ယုံ ၏ ပြောဆိုမှုများနှင့်ပတ်သတ်ပြီး NLD ဗဟိုသို့ တိုင်ကြား သွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။
From..အမေ့အိမ်

No comments:

Post a Comment