Sunday, December 9, 2012

ဒီဇင်ဘာ ၁၁ ရက်နေ့  နောက်ဆုံး ထား ဖြေရှင်းပေး ရန် သံဃာတွေ တောင်းဆို

လက်ပံတောင်းတောင် ကြေးနီးမိုင်းသပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှု နဲ့  မီးလောင်ဗုံးတွေ နဲ့  ဖြိုခွဲ စဉ် မှာဒဏ်ရာ ရရှိ ခဲ့ တဲ့ သံဃာတော်တွေကို အစိုးရ အနေ နဲ့  တရားဝင်ဝန်ချ တောင်းပန် ဖို့  နဲ့ ဖမ်းဆီးထား တဲ့ သံဃာ နဲ့  ပြည်သူ တွေ ကိုအမြန် ဆုံး ပြန် လွှတ်ပေး ဖို့  တောင်း ဆို လိုက် ပါတယ်။အမျိုးသား အောင်ပွဲ နေ့ မှာ ပြု လုပ်ခဲ့တဲ့ ဒီဆန္ဒပြပွဲမှာ ရန်ကုန်၊မန္တလေး ၊ ရွာ နဲ့  ဆားလင်းကြီး ဒေသ တွေ မှာ ပြု လုပ် ခဲ့ တာ ဖြစ် ပါတယ်။

မန္တလေး မြို့  မှာ နိုဝင်ဘာ လ ၂၉ ရက်နေ့  အကြမ်းဖက် ဖြိုခွဲ မှု ပြီး ကတည်း က သံဃာတော်တွေ ရဲ့  ဆန္ဒပြ မှု နဲ့  ထိုင်သပိတ်တွေ စတင် ခဲ့ ပြီး ဒီနေ့  ထိ ဆန္ဒ ပြ မှု ခြောက် ကြိမ် ရှိ သွား ပြီ ကာ မိုး ကုန် စတဲ့ မန္တလေး တိုင်း တစ်ဝန်း မှာ တော့ ဆယ်ကြိမ် ထက် မနည်း ရှိ ပြီ ဖြစ်တယ်လို့  ကောင်းလင်း ကျောင်း တိုက် က သံဃာတော်  တစ်ပါး က FNG ကိုမိန့်  ပါတယ်။

သံဃာ ၅၀၀ ကျော်က မန္တလေး မြို့  အိမ်တော်ရာဘုရား မှ နေ့  လည် ၁ နာရီ မှာ စတင် ကာ ထိုင်သပိတ် ပြု လုပ် ခဲ့ ပြီး နေ့  လည်  နှစ် နာရီ လောက် မှာ လှည့် လည် စီတန်း ချီတက် ခဲ့ ကြတာဖြစ်ပါတယ်။

ရန်ကုန် မြို့  မှာ တော့ နေ့  တစ်နာရီ ခွဲ လောက် မှာ သံဃာနဲ့  ပြည်သူ တွေ ဟာ ဗဟန်း မြို့  ကြေးသွန်း ဘုရား ကြီး မှာ စုစည်း ခဲ့ ကြ ပြီး နောက် ရန်ကုန် မြို့  ဆူးလေး စေတီ ကို ချီတက် ကြ ကာဒီဇင်ဘာလ ၁၁ ရက်နေ့ မှာ နောက်ဆုံး ထား ပြီး အစိုးရ က တောင်းပန် ဖို့  နဲ့  အကြမ်းဖက် ဖြိုခွဲ မှု မှာ တာဝန် ရှိ သူ ကို နောက် ဆုံးထား ဖြေရှင်း ပေး ဖို့  တောင်းဆိုခဲ့ ကြ ပါတယ်။

မုံရွာ မြို့  နဲ့  ဆားလင်းကြီး ဒေသ တုံရွာ က ပြည်သူ တွေ က လည်း အကြမ်းဖက် ဖြို ခွဲ မှု ကို အမြန်ဆုံး ဖြေရှင်း ပေး ဖို့  ဆန္ဒပြ တောင်း ဆို ခဲ့ ပါတယ်။

ယမန်နေ့  က ပြည်ထဲ ရေး ၀န်ကြီး က ဆားလင်းကြီး ရှိ ကြေးနီတောင်သပိတ် အကြမ်းဖက်ဖြိုခွဲ မှု အား ကမ္ဘာ အေး ရှိ နိုင်ငံ တော် သံဃမဟာနာယက ရုံး တွင် သွား ရောက် တောင်း ပန် ခဲ့ပါတယ်။

ပြည်ထဲရေး ၀န်ကြီး ဗိုလ်မှုးကြီး ကျော်ကျော် ထွန်း က မူ စုံစမ်း စစ်ဆေးမှု များ ပြီး စီး သွား ချိန်သတင်း ထုတ် ပြန် မည် လို့  ပြောပါတယ်။

မီးလောင် ဗုံးများ ဖြင့် ဖြိုခွဲ မှု မှာ သံဃာနဲ့  ပြည်သူ ၂၀၀ ကျော် ဒဏ်ရာ ရရှိပြီး ၂၀ ကျော်မှာ ဆိုးဆိုးရွားရွား ထိခိုက် ဒဏ်ရာ ရရှိခဲ့ သည်။

မီးလောင်ဗုံးထိထား တဲ့ သံဃာတော် တွေ နိုင်ငံ ခြား ထွက် ပြီး ဆေးကုဖို့ အတွက် ကို အစိုးရ ကခွင့် မပြု ဘူး လို့  သိရ ပါတယ်။

ကြေးနီတောင်း ကိစ္စ နဲ့  ပတ်သက် ပြီး ဆန္ဒပြ မှု ကြောင့် ဖမ်းဆီးထားတာမှာ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် သံဃာတော် ဦးဂမ္ဘီ ရ အပါအ၀င် ကိုဟန်ဝင်းအောင် ၊ ကို မိုဃ်းသွေး နဲ့  ဒေါ်နော်အုံးလှ အပါ အ၀င် အယောက် ၂၀ ကျော်ခန့်  ကို ဖမ်းဆီးထား ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့  မှ နောက်ဆုံး ထား မ ဖြေရှင်းပေး ဘူး ဆိုရင် လှုပ်ရှားမှု အရှိန်အဟုန်ကို ဒိထက် မြှင့် ရမှာ ဖြစ်ကြောင်း ရန်ကုန် မြို့  ဗဟန်း မြို့  နယ် မှ သံဃာတော်တစ်ဦးဖြစ်တဲ့ ဦး အသျှင် တေဇောဘာသ က FNG ကို မိန့်  ပါတယ်။
From : Freedom News Group

1 comment:

  1. နောက် အစိုးရအသစ်ဖွဲ့ရင်လွှတ်တော်ရဲ့အတည်ပြုချက်မယူနဲ့၊
    ဘုန်းကြီးတွေရဲ့ အတည်ပြုချက်ယူပါ။

    ReplyDelete