Monday, December 31, 2012

မိုဒရစ်နှင့် နှိုင်းယှဉ် ခံရမှုကို ဒမ်ဘီလီ သဘောမတွေ့


စပါး ကွင်းလယ်လူ ဒမ်ဘီလီင်္သည် ၎င်းအနေဖြင့် အသင်းတွင် မိုဒရစ် လက်သစ် မဟုတ်ကြောင်း ပြောကြား လိုက်သည်။ အဆိုပါ ဘယ်လ်ဂျီယံကွင်းလယ်လူသည် ၂၀၁၀ သြဂုတ်လတွင် ဖူလ်ဟမ် အသင်း မှ ရောက် ရှိ ခဲ့ပြီးနောက်ပရီးမီးယားတွင် အသင်းအတွက် ၆ ဂိုးသာ သွင်းယူထားသူ ဖြစ်သော်လည်း စပါး အသင်း တွင် ခြေ စွမ်းပြ ကစားနေသူ ဖြစ်သည်။ ဒမ်ဘီလီက မိမိအနေဖြင့် စပါး အသင်းအတွက် အပြည့် အ၀ အာရုံစိုက်ထားကြောင်း ၊ မိမိ ကိုယ်တိုင်လည်း မိုဒရစ်ဟု မခံယူထားကြောင်း ၊ အသင်း အတွက် လှပသည့် ဂိုးများစွာကို သွင်းယူလိုပြီး ခြေစွမ်း ပြနိုင်ရန်နှင့် တိုက်စစ်အပြင် ခံစစ် အပိုင်းတွင် ဟန်ချက်ညီညီ ကစားနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ ဒမ်ဘီလီသည် ယခုရာသီ အစတွင် မန်ယူ အသင်းနှင့် သတင်းကြီး ခဲ့သူ ဖြစ်သည်။ from..မြ၀တီ

No comments:

Post a Comment