ရေခဲဟိုတယ်ကတော့ ဥရောပနဲ့ အမေရိကက အအေးဓာတ် လွန် နိုင်ငံများမှာ
တော်တော်ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။ သို့ပေမယ့် ပထမဆုံး
စတင်ဖွင့်လှစ်ခဲ့တာကတော့ ဆွီဒင်နိုင်ငံမြောက်ပိုင်း Kiruna ရွာအနီးက
Jukkasjarvi အမည်ရ ဟိုတယ်ဖြစ်ပါတယ်။၁၉၉၈ ခုနှစ်က စတင်ဖွင့်လှစ်ပြီး တီထွင်ဖန်တီးပေးခဲ့သူကတော့ ဂျပန်နိုင်ငံမှ ရေခဲပန်းပုထု အနုပညာရှင်ရှင် တစ်ဦး ဖြစ်ပါ တယ်။ နှစ် စဉ် ဆောင်းရာသီရောက်တိုင်း ဆွီဒင်က ရေခဲပေါတဲ့ နေရာကိုလာ လို့ ရေခဲ ပန်းပုထုပါတယ်။ ပြခန်းတွေ ပြုလုပ် ပြသပါတယ်။ ၁၀၈၉ ခုနှစ်အရောက်မှာတော့ အကြီးမားဆုံး ပြပွဲတစ်ခုပြုလုပ်ပါတယ်။ အဲ့ဒီချိန် ရွာမှာ နေစရာ မလောက်တော့လို့ သူထုထားတဲ့ ရေခဲအဆောက်အအုံထဲမှာပဲ တည်းခွင့်ပေး ဖို့ လေ့လာသူတွေက တောင်းဆိုတော့ ခွင့်ပြုခဲ့ပါတယ်။
ယင်းကနေစလို့ အိုင်ဒီယာ ရပြီး ၁၉၉၀ ခုနှစ် ဆောင်းရာသီ ကစလို့ ရေခဲ ဟိုတယ် ပြုလုပ်ပါတယ်။ နှစ်စဉ် ဒီဇင်ဘာမှ ဧပြီလအထိ ဟိုတယ်ဖွင့်ပါတယ်။ အခြားသော စီးပွားရေး လုပ်ငန်းရှင်များ လည်း ဆက်သွယ် လာတော့ ငွေ အဝင်မြန်တဲ့ ဟိုတယ် ဖြစ်လာပါတယ်။ တည်းခိုခွင့်ကလည်း ဈေးကြီးပါ တယ်။ Torne အမည်ရ မြစ်ကနေ ခဲနေတဲ့ ရေခဲတုံးနဲ့ နှင်းများကို အသုံးပြု လို့ အဆောက်အအုံကြီး ပြုလုပ်ပါတယ်။ စုစုပေါင်း ၆ထောင် စတုရန်းမီတာ ကျယ်ဝန်းပါတယ်။
ရေခဲတန်ချိန်ပေါင်း ၁သောင်းကျော်၊ နှင်းတန်ချိန်ပေါင်း ၃သောင်းကျော်ကို အသုံးပြုပြီး တည်ဆောက်ရပါ တယ်။ ဆောင်းရာသီ အအေးချိန်မှာပဲ အမြန်ဆုံး တည်ဆောက်ဖွင့်လှစ် ရတာ ဖြစ်ပါ တယ်။ နွေ ဦးရောက်တော့ အလိုအလျောက် အရည်ပျော်ကုန်ပါတယ်။
ယခု ဒီဇင်ဘာလ ဖြစ်ပြီး ဥရောပမှာ အအေးဓာတ်လွန်ကဲနေပြီဖြစ်တဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ဟိုတယ် ဖွင့်လှစ်နေပါပြီ။ ကမ္ဘာတစ်လွှား ကလည်း ဟန်းနီးမွန်းထွက်တဲ့သူအပြင် အပျော်ခရီး သွားသူ တို့လည်း ဘိုကင်ကြိုယူထားပါတယ်။ Jukkasjarvi ဟိုတယ်မှာ တည်းခိုသူများနဲ့ စည်ကားလျက် ရှိကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar
No comments:
Post a Comment