Friday, December 14, 2012

လက်မထပ်ရ သေးသည့် လူပေါင်း ၃၆ဝဝဝ ကျော် ပါဝင်မည့် တောင် ကိုရီးယား နိုင်ငံမှ ကြင်ဖော် ရွေးချယ် ပွဲကြီး

လက်မထပ်ရ သေးသည့် လူပေါင်း ၃၆ဝဝဝ ကျော် ပါဝင်မည့် တောင် ကိုရီးယား နိုင်ငံမှ ကြင်ဖော် ရွေးချယ် ပွဲကြီး

တောင်ကိုရီးယား နိုင်ငံတွင် လက်မထပ်ရ သေးသည့် ချစ်ဒုက္ခ ရောက်နေ သူများမှာ ထောင်ချီလျက် ရှိပြီး ၎င်းတို့ သည် ကြင်ဖက်လောင်းများ ရှာဖွေရန် အတွက် လာမည့် ခရစ္စ မတ် နှစ်သစ်ကူး ပွဲတော် မတိုင်မီ ဒီဇင်ဘာ ၂၄ ရက်တွင် တွေ့ဆုံကြရန် ပြီးခဲ့သော လကတည်းက ဖေ့စ်ဘွတ်ပေါ်တွင် အချိန်းအချက်များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ချိန်းဆို တွေ့ဆုံပွဲကြီးကို ဆိုးလ်မြို့လယ်ကောင်ရှိ ပန်းခြံတစ်ခု အတွင်း တစုတဝေးတည်း ပြုလုပ်သွားမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန်ကို ဟာသ ဥာဏ်ရှိသော လူငယ် နှစ် ဦးက စိတ်ကူးရခဲ့ပြီး လူမှုရေး ဆိုင်ရာ ဝက်ဘ်ဆိုက်ပေါ်တွင် တင်၍ အဆိုပြုခဲ့ခြင်း ဖြစ်သည်။

ကြင်ဖက်လောင်း ရှာဖွေရေး အတွက် ရည်ရွယ် ပြုလုပ်သော ချိန်းဆိုတွေ့ဆုံ ပွဲကြီးတွင် လူပေါင်း ၃၆ဝဝဝ ကျော် ပါဝင်ကြမည် ဖြစ်သည်။ မိမိတို့သည် တစ်ကိုယ်တော် အထီး ကျန် လျက် ရှိသူများအား ကူညီသည့် အနေဖြင့် ခရစ္စမတ် ပွဲတော် အကြိုနေ့တွင် ကြင်ဖက်လောင်း များနှင့် ဆုံတွေ့ခွင့် ပေးရန် စိတ်ကူးရခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းပွဲကြီးအား စီစဉ်သူ  လူငယ်နှစ်ဦး အနက် တစ်ဦးဖြစ်သော အသက် ၂၉ နှစ်အရွယ် ဂျန်က ပြောကြားထားသည်။ 

ဂျန်သည် အဆိုပါ ချိန်းဆို ပွဲကြီးတွင် ၎င်း ကိုယ်တိုင်လည်း ပါဝင်ဆင်နွှဲ မည် ဖြစ်သည်။ အဆိုပါ ကြင်ဖက်လောင်း ရှာဖွေရေး တွေ့ဆုံပွဲကြီးသည် လွန်စွာ ရိုးရှင်းသော်လည်း ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းပြီး စိတ်ဝင်စားဖွယ် အစီအစဉ် တစ်ရပ် ဖြစ်သည်ဟုလည်း ၎င်း က ပြောကြား ထားကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/1793-2012-12-14-09-50-03တောင်ကိုရီးယား နိုင်ငံတွင် လက်မထပ်ရ သေးသည့် ချစ်ဒုက္ခ ရောက်နေ သူများမှာ ထောင်ချီလျက် ရှိပြီး ၎င်းတို့ သည် ကြင်ဖက်လောင်းများ ရှာဖွေရန် အတွက် လာမည့် ခရစ္စ မတ် နှစ်သစ်ကူး ပွဲတော် မတိုင်မီ ဒီဇင်ဘာ ၂၄ ရက်တွင် တွေ့ဆုံကြရန် ပြီးခဲ့သော လကတည်းက ဖေ့စ်ဘွတ်ပေါ်တွင် အချိန်းအချက်များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ချိန်းဆို တွေ့ဆုံပွဲကြီးကို ဆိုးလ်မြို့လယ်ကောင်ရှိ ပန်းခြံတစ်ခု အတွင်း တစုတဝေး တည်း ပြုလုပ်သွားမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန်ကို ဟာသ ဥာဏ်ရှိသော လူငယ် နှစ် ဦးက စိတ်ကူးရခဲ့ပြီး လူမှုရေး ဆိုင်ရာ ဝက်ဘ်ဆိုက်ပေါ်တွင် တင်၍ အဆိုပြုခဲ့ခြင်း ဖြစ်သည်။

ကြင်ဖက်လောင်း ရှာဖွေရေး အတွက် ရည်ရွယ် ပြုလုပ်သော ချိန်းဆိုတွေ့ဆုံ ပွဲကြီးတွင် လူပေါင်း ၃၆ဝဝဝ ကျော် ပါဝင်ကြမည် ဖြစ်သည်။ မိမိတို့သည် တစ်ကိုယ်တော် အထီး ကျန် လျက် ရှိသူများအား ကူညီသည့် အနေဖြင့် ခရစ္စမတ် ပွဲတော် အကြိုနေ့တွင် ကြင်ဖက်လောင်း များနှင့် ဆုံတွေ့ခွင့် ပေးရန် စိတ်ကူးရခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းပွဲကြီးအား စီစဉ်သူ လူငယ်နှစ်ဦး အနက် တစ်ဦးဖြစ်သော အသက် ၂၉ နှစ်အရွယ် ဂျန်က ပြောကြားထားသည်။

ဂျန်သည် အဆိုပါ ချိန်းဆို ပွဲကြီးတွင် ၎င်း ကိုယ်တိုင်လည်း ပါဝင်ဆင်နွှဲ မည် ဖြစ်သည်။ အဆိုပါ ကြင်ဖက်လောင်း ရှာဖွေရေး တွေ့ဆုံပွဲကြီးသည် လွန်စွာ ရိုးရှင်းသော်လည်း ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းပြီး စိတ်ဝင်စားဖွယ် အစီအစဉ် တစ်ရပ် ဖြစ်သည်ဟုလည်း ၎င်း က ပြောကြား ထားကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/1793-2012-12-14-09-50-03
 
From : မြ၀တီ

No comments:

Post a Comment