လက်သရဲဝင်ပူးတဲ့ ရောဂါဆိုတာ အမှန်တော့ Alien hand syndrome အမည်ရ ရောဂါ ဖြစ်ပါတယ်။ ဂြိုလ်သား လက် ရောဂါဝေဒါနာ ဖြစ် ပါတယ်။ဒီရောဂါကလည်း ကြောက်စရာ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဘယ်လက် သို့မဟုတ် ညာလက်
သို့မဟုတ် ၂ ဘက်စလုံး ဖြစ်တတ် ပါတယ်။ ယင်း ဖြစ်တဲ့ လက်က ကိုယ့်ရဲ
့ထိန်းချုပ်မှုအောက်မှာ မရှိတော့ ပါဘူး။ သူလုပ်ချင်ရာ လုပ်ပါတယ်။
ဓားရှိနေရင် ဓားကိုကောက်ကိုင်ပြီး သူများကိုထိုးပါတယ်။ ကိုယ့်ကိုယ်ကိုလည်း
ထိုးတတ်ပါတယ်။ အိင်္ကျီ ဝတ်ပေမယ့် ဝတ်လို့မရအောင် လက်ကတားပါတယ်။ မီးခလုပ်ကို
ပိတ်ပေမယ့် ပြန်ဖွင့်ပါတယ်။ ဘယ်လက်ကလုပ်တာကို ညာလက်က
ပြန်ပြန်လိုက်လုပ်ပါတယ်။ လိုက်နှောက်ယှက်ပါတယ်။
သွားရင်းလာရင်း
တွေ့ကရာပစ္စည်း အကုန်ကောက်ပါတယ်။ ခါးပိုက်နှိုက်မိပါတယ်။ မီးထဲ
လက်ထဲမိ ပါတယ်။ လည်နေတဲ့ စက်ထဲလက်က အတင်းဝင်ပါတယ်။ တားလို့မရပါဘူး။ ဒါကို
စိတ်ရောဂါလားလို့ တောင် ထင်မြင်ခဲ့ကြပါတယ်။ ဂီတာ အရင်က မတီးဖူးပေမယ့်
တီးတတ်တာမျိုး၊ စန္တယား တီးတတ်တာ မျိုးတို့လည်း ရှားရှားပါးပါး
ဖြစ်တတ်ပါတယ်။ လက်မှာ ကိုယ်ပိုင်စိတ်ရှိနေတဲ့ ရောဂါမျိုးလို့လည်း
ခေါ် ပါတယ်။
လက်ကသူ့ပါသူ အသက်ရှိနေသလို ဖြစ်ပြီး ကိုယ်ကလုံးဝထိန်းချုပ်လို့ မရပါဘူး။ အချို့ ကျတော့ ရက်ပိုင်း အတွင်း ဖြစ်ပြီး
ပျောက်ပေမယ့် အချို့ ကျ လပိုင်းကြာပါတယ်။ အချို့ ကျ တစ်သက်လုံးမပျောက်ပဲ
ထင်ရင် ထင်သလို ရောဂါထဖောက်ပါတယ်။
စစ်တမ်းအရ ယင်းရောဂါဟာ
ဦးနှောက်ခွဲစိတ်မှု၊ နှလုံးခွဲစိတ်မှုခံယူပြီး သူတွေမှာ အဖြစ်များပြီး
အချို့ ကျတော့ အလိုလိုကို ထပေါ်လာတာ ဖြစ်ပါတယ်။ ကိုယ်ကမခိုးပေမယ့် လက်က
အလိုလို လုပ်မိသွား တာကို အချို့ ကတောင် ရှေးဘဝဗီဇလို့ ထင်မြင်ကြပါတယ်။
သို့ပေမယ့် ယင်းလူဟာ Alien Hand Syndrom (ဂြိုလ်သားလက် ရောဂါ) ခံစားနေရသူ
ဖြစ်ပါတယ်။ သူ့အတွက်လည်း ကြောက်ဖို့ ကောင်းသလို သူ့ပတ်ဝန်းကျင်အတွက် လည်း
ကြောက်ဖို့ ကောင်းပါတယ်။
သေချာတာကတော့ ဘတ်စ်ကားစီးလို့
အဆင်ပြေမယ့် ရောဂါမဟုတ်ပါဘူး။ ယင်းရောဂါဝေဒနာ လူတိုင်းခံစားရနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုသာ မသိလိုက်တာ တစ်ခါတစ်လေ ကျ ဖြစ်ခဲ့ တာမျိုးတို့
ဖြစ် တတ်ပါတယ်။
ကမ္ဘာ့အနှံ့ က နိုင်ငံအသီးသီးမှာ Alien hand
syndrome ဂေရာဂါ ခံစားနေရသူပေါင်း များစွာရှိတယ်လို့ အမေရိကန်
ဆေးပညာရှင်တို့ က ပြောဆိုထားကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

No comments:
Post a Comment