Tuesday, December 18, 2012

ရေဦး မြို့နယ်တွင် စစ်ကျန် ဗုံးတစ်လုံး တွေ့ရှိ


စစ်ကိုင်းတိုင်း ဒေသကြီး ရေဦးမြို့နယ် အင်တော ကျေးရွာအုပ်စု ဗိုလ်ရုံကျေး ရွာ မြောက် ဘက်ရှိ ရေဦးတူး မြောင်း (မြောင်းမတော်) အတွင်း ကမ်းစပ်မှအလျား ၁၈ လက်မ၊ အချင်း ၃ ဒသမ ၅ လက်မနှင့် လုံးပတ် ၁၂ လက်မရှိ စစ်လက်ကျန် ဗုံးတစ်လုံးကို ဒီဇင်ဘာ ၃ ရက် နံနက် ၈ နာရီက ၎င်းကျေးရွာနေ ဦးသန့်စင်ဦး က တွေ့ရှိသည်။

၎င်းဗုံးကို တူးမြောင်းအနောက်ဘက်ကမ်း ရေစပ်ခန်းခြောက်နေသည့် မြေကြီးထဲမှ ဗုံးထိပ်ဖူး ပေါ်နေ သည်ကို တွေ့ရှိခဲ့သဖြင့် ၎င်းဗုံးအား ဖော်ယူကာ သက်ဆိုင်ရာသို့ အပ်နှံကြောင်းသိရသည်။

No comments:

Post a Comment