နိုင်ငံတကာ ဥပဒေအရ အကာအကွယ် ပေးထားသည့် ရှားပါးတိရစ္ဆာန် မျိုးစိတ် တစ်ခုဖြစ်သော
ကျားအ ကောင် ၁ဝဝ အား တရုတ် နိုင်ငံသို့ တင်ပို့မှုနှင့် စပ်လျဉ်း၍
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်အား ဒီဇင်ဘာ ၁၉ ရက်က တရားစွဲဆိုခဲ့ကြောင်း ထိုင်း ရှေ့နေချုပ်ရုံးမှ အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြား
ခဲ့သည်ဟု သိရသည်။
ဒုတိယ ဝန်ကြီးချုပ် ပလော့ထ်ပရာဆော့ပ် ဆူရာစဝါဒီသည် ဗန်ကောက်မြို့အနီးရှိ ခရီးသွားဧည့်သည်များ ကို ဆွဲဆောင် နိုင်သော Sriracha Tiger တိရစ္ဆာန်ရုံမှကျားများကို ၂ဝဝ၂ ခုနှစ်တွင် တရုတ် နိုင်ငံ ရှိ မွေးမြူ ရေးခြံတစ်ခုသို့ တင်ပို့မှုကို ထောက်ခံခဲ့သည်။ ထိုအချိန်က ၎င်းသည် သစ်တောတွင် ဌာနအကြီး အကဲ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။
၎င်းအားအာဏာ အလွဲသုံးစားလုပ်မှု၊ တာဝန်ပျက်ကွက်မှုနှင့် အကျင့်ပျက် ခြစားမှုတို့အပါအဝင် ထိုင်း တရားဥပဒေအရ အကျုံး ဝင်သည့် စွဲချက်များဖြင့် တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။
ပလော့ထ်ပရာ ဆော့ပ်သည် နိုဝင်ဘာလတွင် ဒုတိယဝန်ကြီးချုပ် ဖြစ်လာခဲ့သူ ဖြစ်ပြီး ၎င်းက ပြည်ပနိုင်ငံသို့ ကျားတင်ပို့မှုနှင့် ပတ်သက်ပြီး မိမိဝတ္တရားအတိုင်း ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ပြောကြား ထားသော်လည်း အခြားစွပ်စွဲချက်များအား ငြင်းပယ် ခဲ့သည်။
နိုင်ငံတကာ ဥပဒေအရ ကျားများနှင့် ကျားနှင့် ပတ်သက်သည့် အစိတ် အပိုင်းများ အားလုံး ကုန်သွယ်မှုကို ပိတ်ပင်ထားပြီး ခြွင်းချက် အနေဖြင့် သိပ္ပံဆိုင်ရာ လေ့လာမှုများ အတွက်သာ တင်ပို့ခွင့် ပြုကြောင်း သိရ သည်။
ထိုင်း နိုင်ငံသည် ကျားအကောင်ရေ အများဆုံး ရှိသည့် နိုင်ငံ ၁၃ နိုင်ငံ အနက်မှ တစ်နိုင်ငံ ဖြစ်ပြီး ကျား အကောင်ရေ ၃ဝဝ ထက်မနည်းရှိကြောင်း၊ သို့သော် ကျားတရားမဝင် တင်ပို့မှုများရှိနေသည့် ဗဟို ချက် နိုင်ငံ ဖြစ်ကြောင်းသိရသည်။
From..မြ၀တီ

No comments:
Post a Comment