Monday, December 31, 2012

အွန်လိုင်းဝန်ဆောင်မှုများကြောင့် ဈေးကွက်ဝေစု လျော့ကျလာသည့် ပြည်တွင်းကားဈေးကွက်

အွန်လိုင်းဝန်ဆောင်မှုများကြောင့် ဈေးကွက်ဝေစု လျော့ကျလာသည့်
ပြည်တွင်းကားဈေးကွက်
Monday, 31 December 2012

အွန်လိုင်း ၀က်ဆိုဒ်(Website)များမှတဆင့် ကားများကို ဈေးနှုန်း
သက်သာစွာဖြင့် တိုက်ရိုက်မှာ ယူနိုင်ခြင်းက ပြည်တွင်းကား အရောင်းအ၀ယ်ဈေးကွက်အားများစွာထိခိုက်စေကြောင်း ယာဉ်ရောင်း ၀ယ်ရေးစခန်းရှိ ကားအကျိုးတော်ဆောင်များထံမှ သိရှိရသည်။

ကားဝယ်ယူသူများသည် ယခင်ကမူ ကားဝယ်လိုပါက ယာဉ်ရောင်းဝယ်ရေးစခန်း(သို့) Car Show Roomများသို့ တိုက်ရိုက် လာရောက်ကြသော်လည်း ယခုနောက်ပိုင်းတွင် အွန်လိုင်းအသုံးပြုတတ် သူများများပြားလာခြင်းကြောင့် ကားဈေးကွက်မှာ သိသိသာသာ ယိုင်နဲ့လာရခြင်းဖြစ်ကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်က ဆိုသည်။


၂၀၁၁ ခုနှစ်တွင် မော်တော်ယာဉ်တင်သွင်းသော လုပ်ငန်းရှင်များအား အနိမ့်ဆုံး ၁၉၉၅ မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၅ မော်ဒယ်များ အထိ တင်သွင်းခွင့်ပြုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်း အနိမ့်ဆုံး ၉၆မော်ဒယ် မှ အမြင့်ဆုံး ၂၀၀၆ ခုနှစ်အထိ တင်သွင်းခွင့်ပြုခဲ့ပြီး ယခုလာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် အနိမ့်ဆုံး ၁၉၉၇မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၇ ခုနှစ် မော်ဒယ်အထိ တင်သွင်းခွင့်ပြုရန်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားကြောင်းကိုလည်း သိရသည်။

`` ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး လျှော့ချပေးခဲ့ပြီးတဲ့နောက်ပိုင်း Car Show Room တွေ ပေါ်လာတယ်၊ အခု နောက်ပိုင်း ပိုဆိုးလာတာက အွန်လိုင်း ကားဝန်ဆောင်မှုတွေပေါ့၊ ကားပွဲစားတန်းထဲလာပြီး နေပူခံစရာ မလိုဘူး၊ အပင်ပန်းခံစရာမလိုဘူး၊ အခန်းထဲ ထိုင်ပြီး ကိုယ့်တတ်နိုင်တဲ့
ငွေအားနဲ့ ကိုက်ညီတဲ့ကား အလွယ်တကူ ရှာလို့ရတယ်လေ၊ အဲလိုတွေ ပေါ်လာတာ ၀ယ်သူတွေအတွက် အဆင်ပြေလာပေမဲ့
နှစ်ရှည်လများ ဒီအလုပ်နဲ့ လုပ်ကိုင်စားလာတဲ့ အကိုတို့ ကိုတော့ အများကြီး ထိခိုက်စေပါတယ်´´ ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ ၀ါရင့်ကားပွဲစား ကိုကျားကြီးမှ ပြေသည်။

အဆိုပါတင်သွင်းခွင့်များ ပြုလာသည်နှင့် တစ်ပြိုင်နက် ကားသစ်များအား အလွယ်တကူ ရှာဖွေ မှာယူနိုင်သောနေရာမှာ ယာဉ်ရောင်းဝယ်ရေး
စခန်းလည်း မဟုတ်၊  Car Show Room များလည်း မဟုတ်ဘဲ အွန်လိုင်းကားဝန်ဆောင်မှုလုပ်ငန်း များပင်ဖြစ်ကြောင်း အွန်လိုင်းမှ ကားဝယ်ယူခဲ့သူ မမို့မို့သင်းမှ ပြောသည်။

အွန်လိုင်းမှတဆင့်ကားဝယ်ခြင်းကြောင့် အကျိုးကျေးဇူးများရရှိနိုင်သလို လိမ်လည်မှုများလည်း ရှိနေသည့်အတွက် နားလည်ကျွမ်းကျင်မှုမရှိပါက ၀ယ်ယူသူများမှာ ခံရနိုင်ကြောင်းကိုလည်း သိရသည်။

`` အွန်လိုင်းကနေပြီးတော့ ၀ယ်မယ်ဆိုရင် ကားအကြောင်း နားလည်
ကျွမ်းကျင်မယ်ဆိုရင်တော့ ကိုယ့်အတွက် ကောင်းကျိုးတွေ ကြီးပါပဲ၊ ဒါပေမဲ့ နားမလည်ဘဲနဲ့ ၀ယ်မယ်ဆိုရင်တော့ ကိုယ်ခံ ရနိုင်တယ်၊ ဒါပေမဲ့ သတိတော့
ထားသင့်တယ်၊ ကိုယ်နဲ့ ဆက်သွယ်တဲ့ အွန်လိုင်းဝန်ဆောင်မှုက စိတ်ချရရဲ့လား သေချာစစ်ဆေးကြည့်ဖို့လိုတယ်၊ နိုင်ငံတကာမှာတောင် Website အတုတွေ ထောင်ပြီး လိမ်နေတဲ့သူတွေ ရှိတယ်လေ ´´ ဟု သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ ကိုမင်းထက်ကိုမှ
ပြောသည်။

ယခုနောက်ပိုင်းမြန်မာဘာသာဖြင့် လွှင့်တင်ထားသော www.colayonline.com.mm/automobile သည် လူကြိုက်များပြီး အသုံးပြုမှုများပြားလာသည်။

အကြောင်းမှာ website၏ ၈၀% ကို မြန်မာဘာသာဖြင့် အသုံးပြုထားခြင်း၊ ကားမ၀ယ်မီ အခြားကုမ္မဏီ များကဲ့သို့ စရံ ၅% ပေးသွင်းစရာ မလိုသည့်အပြင် ကားလေလံဆွဲခြင်းအတွက် ၀န်ဆောင်မှု မတောင်းခံခြင်းတို့ကြောင့် လူကြိုက်များရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

လက်ရှိ အွန်လိုင်းဝက်ဆိုဒ်တစ်ခုဖြစ်သည့် www.tradecarview.com မှာလည်း အသုံးများလာသည့် website ဖြစ်လာကြောင်း သိရှိရသည်။

မြတ်မိုးကျော်(မြစ်မခ)
Myit Makha Mediagroup
အွန်လိုင်း ၀က်ဆိုဒ်(Website)များမှတဆင့် ကားများကို ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်မှာ ယူနိုင်ခြင်း က ပြည်တွင်းကား အရောင်းအ၀ယ်ဈေးကွက်အားများစွာထိခိုက်စေကြောင်း ယာဉ်ရောင်း ၀ယ်ရေး စခန်းရှိ ကားအကျိုးတော်ဆောင်များထံမှ သိရှိရသည်။

ကားဝယ်ယူသူများသည် ယခင်ကမူ ကားဝယ်လိုပါက ယာဉ်ရောင်းဝယ်ရေးစခန်း(သို့) Car Show Room များသို့ တိုက်ရိုက် လာရောက်ကြသော်လည်း ယခုနောက်ပိုင်းတွင် အွန်လိုင်းအသုံးပြုတတ် သူများများပြား လာခြင်းကြောင့် ကားဈေးကွက်မှာ သိသိသာသာ ယိုင်နဲ့လာရခြင်းဖြစ်ကြောင်း ဟံသာဝတီ ယာဉ်ရောင်း ၀ယ်ရေးစခန်းမှ ကိုဇော်က ဆိုသည်။


၂၀၁၁ ခုနှစ်တွင် မော်တော်ယာဉ်တင်သွင်းသော လုပ်ငန်းရှင်များအား အနိမ့်ဆုံး ၁၉၉၅ မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၅ မော်ဒယ်များ အထိ တင်သွင်းခွင့်ပြုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်း အနိမ့်ဆုံး ၉၆မော်ဒယ် မှ အမြင့်ဆုံး ၂၀၀၆ ခုနှစ်အထိ တင်သွင်းခွင့်ပြုခဲ့ပြီး ယခုလာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် အနိမ့်ဆုံး ၁၉၉၇မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၇ ခုနှစ် မော်ဒယ်အထိ တင်သွင်းခွင့်ပြုရန် စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာနမှ သတ်မှတ်ထားကြောင်းကိုလည်း သိရသည်။

`` ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး လျှော့ချပေးခဲ့ပြီးတဲ့နောက်ပိုင်း Car Show Room တွေ ပေါ် လာတယ်၊ အခု နောက်ပိုင်း ပိုဆိုးလာတာက အွန်လိုင်း ကားဝန်ဆောင်မှုတွေပေါ့၊ ကားပွဲ စားတန်းထဲ လာပြီး နေပူခံစရာ မလိုဘူး၊ အပင်ပန်းခံစရာမလိုဘူး၊ အခန်းထဲ ထိုင်ပြီး ကိုယ့်တတ်နိုင်တဲ့ငွေအားနဲ့ ကိုက်ညီ တဲ့ကား အလွယ်တကူ ရှာလို့ရတယ်လေ၊ အဲလိုတွေ ပေါ်လာတာ ၀ယ်သူတွေအတွက် အဆင်ပြေလာပေမဲ့နှစ်ရှည်လများ ဒီအလုပ်နဲ့ လုပ်ကိုင်စားလာတဲ့ အကိုတို့ ကိုတော့ အများကြီး ထိခိုက်စေပါတယ်´´ ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ ၀ါရင့်ကားပွဲစား ကိုကျားကြီးမှ ပြေသည်။

အဆိုပါတင်သွင်းခွင့်များ ပြုလာသည်နှင့် တစ်ပြိုင်နက် ကားသစ်များအား အလွယ်တကူ ရှာဖွေ မှာယူနိုင်သောနေရာမှာ ယာဉ်ရောင်းဝယ်ရေးစခန်းလည်း မဟုတ်၊ Car Show Room များလည်း မဟုတ်ဘဲ အွန်လိုင်းကားဝန်ဆောင်မှုလုပ်ငန်း များပင်ဖြစ်ကြောင်း အွန်လိုင်းမှ ကားဝယ်ယူခဲ့သူ မမို့မို့သင်း မှ ပြော သည်။

အွန်လိုင်းမှတဆင့်ကားဝယ်ခြင်းကြောင့် အကျိုးကျေးဇူးများရရှိနိုင်သလို လိမ်လည်မှုများလည်း ရှိနေသည့်အတွက် နားလည်ကျွမ်းကျင်မှုမရှိပါက ၀ယ်ယူသူများမှာ ခံရနိုင်ကြောင်းကိုလည်း သိရသည်။

`` အွန်လိုင်းကနေပြီးတော့ ၀ယ်မယ်ဆိုရင် ကားအကြောင်း နားလည်ကျွမ်းကျင်မယ်ဆိုရင်တော့ ကိုယ့်အတွက် ကောင်းကျိုးတွေ ကြီးပါပဲ၊ ဒါပေမဲ့ နားမလည်ဘဲနဲ့ ၀ယ်မယ်ဆိုရင်တော့ ကိုယ်ခံ ရနိုင်တယ်၊ ဒါပေမဲ့ သတိတော့ထားသင့်တယ်၊ ကိုယ်နဲ့ ဆက်သွယ်တဲ့ အွန်လိုင်းဝန်ဆောင်မှုက စိတ်ချ ရရဲ့လား သေချာ စစ်ဆေးကြည့်ဖို့လိုတယ်၊ နိုင်ငံတကာမှာတောင် Website အတုတွေ ထောင်ပြီး လိမ်နေတဲ့သူတွေ ရှိတယ်လေ ´´ ဟု သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ ကိုမင်းထက်ကိုမှ
ပြောသည်။

ယခုနောက်ပိုင်းမြန်မာဘာသာဖြင့် လွှင့်တင်ထားသော www.colayonline.com.mm/automobile သည် လူကြိုက်များပြီး အသုံးပြုမှုများပြားလာသည်။

အကြောင်းမှာ website၏ ၈၀% ကို မြန်မာဘာသာဖြင့် အသုံးပြုထားခြင်း၊ ကားမ၀ယ်မီ အခြားကုမ္မဏီ များကဲ့သို့ စရံ ၅% ပေးသွင်းစရာ မလိုသည့်အပြင် ကားလေလံဆွဲခြင်းအတွက် ၀န်ဆောင်မှု မတောင်းခံခြင်းတို့ကြောင့် လူကြိုက်များရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

လက်ရှိ အွန်လိုင်းဝက်ဆိုဒ်တစ်ခုဖြစ်သည်www.tradecarview.com မှာလည်း အသုံးများလာသည့် website ဖြစ်လာကြောင်း သိရှိရသည်။

Myit Makha Mediagroup


No comments:

Post a Comment