Sunday, December 23, 2012

ဗပာိုဘဏ် သမ္မတလက်အောက်တွင် မရှိသင့်ကြောင်း ဦးကြည်မြင့်(လသာ)ပြောကြား


ဗပာိုဘဏ်အနေဖြင့် သမ္မတ၏တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်မရှိသင့်ဘဲ လုံးဝလွတ်လပ်သည့် ငွေကြေးဘောဂဗေဒ ပညာရှင် ဒါရိုက်တာအဖွဲ့ လက်ထဲတွင်သာ လုပ်ပိုင်ခွင့်အပြည့်ဖြင့်ရှိသင့်ကြောင်း ဦးကြည်မြင့်(လသာ)က ပြောကြားခဲ့သည်။
ဗပာိုဘဏ်ဥပဒေကြမ်းတွင် သမ္မတမှ ဗပာိုဘဏ်အား တာဝန်ခံရမည်ပာုဖော်ပြထားရာ ဗပာိုဘဏ်အနေဖြင့် ယခင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနလက်အောက်တွင် ရှိတော့မည်မပာုတ်တော့သော်လည်း သမ္မတလက်အောက်တွင်ဆက်ရှိနေခြင်းဖြင့် အမှန်တကယ်လွတ်လပ်သော အဖွဲ့အစည်း ဖြစ်လာဦးမည်မပာုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဗပာိုဘဏ်ဥပဒေကြမ်းအရ သမ္မတ၏တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ဆက်လက်ထားရှိမည့် ဗပာိုဘဏ်အနေဖြင့် ငွေကြေးမူဝါဒ၊ ဘတ်ဂျက်မူဝါဒများချမှတ်ရာတွင် သီးခြားလွတ်လပ်စွာဆောင်ရွက်နိုင်ရန် ခက်ခဲနေဦးမည်ဖြစ်သည့်အတွက် ဗပာိုဘဏ်ဥပဒေသီးခြားလွတ်လပ်စွာ ရပ်တည်နိုင်ရန် ပြင်ပမှကျွမ်းကျင်ပညာရှင်များ ဖိတ်ခေါ်၍ အကြံဉာဏ်များရယူကာ သီးခြားလွတ်လပ်ခွင့်ရရေး အဆင့်ဆင့်လုပ်ဆောင်သင့်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင်းသို့ မကြာမီကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာတော့မည်ဖြစ်သည့်အတွက် Production၊ Trading၊ Manufacturing နှင့် Servicing လုပ်ငန်းများတိုးတက်လာသည်နှင့်အမျှ ဘဏ်များ၊ ငွေကြေးဝန်ဆောင်မှုများလိုအပ်လာမည်ဖြစ်သည့်အပြင် အလားအလာကောင်းသောမြို့များတွင် ဘဏ်များတိုးချဲ့ဖွင့်လှစ်သွားရန်၊ ဘဏ်ကျွမ်းကျင်ဝန်ထမ်းများ လုံလောက်စေရန်၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်းများကို စဉ်ဆက်မပြတ်တိုးမြှင့်ရန်နှင့် သမဝါယမ ဘဏ်ဒါရိုက်တာများအနေဖြင့် ဘဏ်ဝန်ထမ်းများအား ဘဏ်၏ Share Holder များဖြစ်လာစေရန် တိုက်တွန်းလိုကြောင်း သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးစေတီလမ်းရှိ ဆီဒိုးနားပာိုတယ်၌ ကျင်းပပြုလုပ်ခဲ့သော သမဝါယမ ဘဏ်လီမီတက်(အများနှင့်သက်ဆိုင်သော ဘဏ်ကုမ္ပဏီလီမတီတက်)၏ ၂၀၁-၂၀၁၂ ဘဏ္ဍာရေးနှစ် နှစ်ကတ်လည် အထွေထွေအစည်းအဝေး၌ ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းများတည်ငြိမ်နိုင်စေရေးအတွက် ဗပာိုဘဏ်မှ နှုန်းရှင်စနစ်ဖြင့် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်အနက် ၁၆ ဘဏ်ကို နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း သိရသည်။
                YC

No comments:

Post a Comment