Saturday, December 1, 2012

နိုင်ငံတော်သမ္မတကြီးမှ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်တာဝန်ယူသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမိန့် ထုတ်ပြန်၊ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတိုကလည်း အဖွဲ့ဝင်အဖြစ် ပါဝင်

နိုင်ငံတော်သမ္မတကြီးမှ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်တာဝန်ယူသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမိန့် ထုတ်ပြန်၊ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတိုကလည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်
======================================================================================

စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် (၄) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၃) ဦး၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်(၂)ဦး၊ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုယ်စားလှယ်(၂)ဦး၊ ဆားလင်းကြီးမြို့နယ် ဒေသခံ ပြည်သူလူထုမှ ရွေးချယ်ပေးသော ကိုယ်စားလှယ်(၃)ဦး ပါဝင်သည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့် နေရာသို့ သွားရောက်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့် ရှိကြောင်း၊

စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အရောက် အစီရင်ခံတင်ပြရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာချက်တွင် ဖော်ပြပါရှိသည်။

Read More => http://www.president-office.gov.mm/briefing-room/news/2012/12/01/id-2024
from -မှူးဇော်

No comments:

Post a Comment