Wednesday, December 26, 2012

အဲပုဂံလေယာဉ်ပျက်က လွတ်လာသူ အင်နာရဲ့ အတွေ့အကြုံ

Photo: အဲပုဂံလေယာဉ်ပျက်က လွတ်လာသူ အင်နာရဲ့ အတွေ့အကြုံ
Wednesday, 26 December 2012

ဟဲဟိုး လေဆိပ်မှာ AirBagan လေယာဉ်ပျက်ကျတဲ့အထဲ ပါခဲ့သူ သြစတြေလျ နိုင်ငံသူ အင်နာ ဘာ့ခ်ျက သူအမေဆီကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ရာမှာ သူ့အတွေ့အကြုံကိုပါ ပြောပြပါတယ်။

".. အမေ။ ကျမပြောတာသေသေချာချာ နားထောင်နော်။ ကျမတို့ဘာအန္တရာယ်မှမဖြစ်ဘူး။ ဟုတ်ပြီလား။" .. အဲဒီလိုပြောပြီးမှ အင်နာ က လေယာဉ်ပျက်ကျတဲ့အကြောင်း စပြောတယ်လို့ သူ့အမေဖြစ်သူက သတင်းမီဒီယာကို ပြောပြခဲ့ပါတယ်။... သြစတြေလျသံရုံးကို အမြန်ဆက်သွယ်ပြီး ကျမတို့ကို ကိစ္စပြောပြပေးပါ။ ကျမတို့နဲ့ပါသမျှ ဘာမှမကျန်တော့ဘူး... လို့ အင်နာက ပြောပါတယ်။

သူတို့ဟာ လေယာဉ်ရဲ့နောက်ပိုင်း သုံးပုံ ၂ ပုံလောက်မှာ ရှိနေခဲ့ပြီး
လေယာဉ်ရှေ့ဘက်ပိုင်းကရော နောက်ဘက်ပိုင်းကပါ မီးခိုးတွေ ထွက်လာတော့ .. သွားပြီ။ ဒါနောက်ဆုံးပဲလို့ ထင်လိုက်တယ်။
လေယာဉ်နောက်ပိုင်းမှာ မီးလောင်နေပြီး နောက်တံခါးကနေ ထွက်လို့ မရဘူး။ နောက်တော့ လေယာဉ်ပျက် အရှေ့ပိုင်းကနေ ထွက်လို့ ရလိုက်တယ်။ တောအုပ်ထဲ လေယာဉ်ထိုးဆင်းလာတော့ တောင်ပံ၂ ဘက်စလုံး ပြုတ်ထွက်သွားတယ်။ အဲဒါကလည်း အင်မတန် ကံကောင်းတာ
ဖြစ်လိမ့်မယ်။ တောင်ပံသာကျန်နေရင် အဲဒီမှာ လောင်စာရှိတာမို့
ပေါက်ကွဲမှာသေချာတယ်။ - လို့ သူအမေဖြစ်သူကို ပြောပြခဲ့ပါတယ်။

သူတို့ကို ရန်ကုန်ကို ချက်ခြင်းပဲ လေယာဉ်နဲ့ ပြန်ခေါ်သွားချိန်မှာ ပျက်ကျနေတဲ့ လေယာဉ်အပေါ်ကနေပဲ ဖြတ်ပျံရပြီး လေယာဉ်ဟာ တကယ်ပဲ ၂ ပိုင်းပြတ်နေတာကို အပေါ်စီးက မြင်ခဲ့ရတယ်လို့
ပြောပြခဲ့ပါတယ်။

(ဓာတ်ပုံ- လေယာဉ်ပျက်ရာမှာ ပါခဲ့တဲ့ အန်နာ ဘာ့ခ်ျ)
ABC သတင်းကို ကိုးကားထားပါတယ်။
MZ (Burmese-Newselite)
Burma-Newseliteဟဲဟိုး လေဆိပ်မှာ AirBagan လေယာဉ်ပျက်ကျတဲ့အထဲပါခဲ့သူ သြစတြေလျ နိုင်ငံသူ အင်နာဘာ့ခ်ျက သူအမေဆီကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ရာမှာ သူ့အတွေ့အကြုံကိုပါ ပြောပြပါတယ်။
".. အမေ။ ကျမပြောတာသေသေချာချာ နားထောင်နော်။ ကျမတို့ ဘာ အန္တရာယ်မှမဖြစ်ဘူး။ ဟုတ်ပြီလား။" .. အဲဒီလိုပြောပြီးမှ အင်နာ က လေယာဉ် ပျက်ကျတဲ့အကြောင်း စပြောတယ်လို့ သူ့အမေဖြစ်သူက သတင်းမီဒီယာကို ပြောပြခဲ့ပါတယ်။... သြစတြေလျသံရုံးကို အမြန် ဆက်သွယ်ပြီး ကျမတို့ကို ကိစ္စပြောပြပေးပါ။ ကျမတို့နဲ့ပါသမျှ ဘာမှမကျန်တော့ဘူး... လို့ အင်နာက ပြောပါတယ်။

သူတို့ဟာ လေယာဉ်ရဲ့နောက်ပိုင်း သုံးပုံ ၂ ပုံလောက်မှာ ရှိနေခဲ့ပြီး လေယာဉ်ရှေ့ဘက်ပိုင်း ကရော နောက် ဘက်ပိုင်းကပါ မီးခိုးတွေ ထွက်လာတော့ .. သွားပြီ။ ဒါနောက်ဆုံးပဲလို့ ထင်လိုက်တယ်။
လေယာဉ်နောက်ပိုင်းမှာ မီးလောင်နေပြီး နောက်တံခါးကနေ ထွက်လို့ မရဘူး ။ နောက်တော့ လေ ယာဉ်ပျက် အရှေ့ပိုင်းကနေထွက်လို့ ရလိုက်တယ်။ တောအုပ် ထဲ လေယာဉ်ထိုးဆင်းလာတော့ တောင်ပံ၂ ဘက်စလုံး ပြုတ်ထွက်သွားတယ်။ အဲဒါကလည်း အင်မတန် ကံကောင်းတာ ဖြစ်လိမ့်မယ်။ တောင်ပံသာ ကျန်နေရင် အဲဒီမှာ လောင်စာရှိတာမို့ပေါက်ကွဲမှာသေချာတယ်။ - လို့ သူအမေဖြစ်သူကို ပြောပြခဲ့ပါတယ်။

သူတို့ကို ရန်ကုန်ကို ချက်ခြင်းပဲ လေယာဉ်နဲ့ ပြန်ခေါ်သွားချိန်မှာ ပျက်ကျနေတဲ့ လေယာဉ်အပေါ် ကနေပဲ ဖြတ်ပျံရပြီး လေယာဉ်ဟာ တကယ်ပဲ ၂ ပိုင်းပြတ်နေတာကို အပေါ်စီးက မြင်ခဲ့ရတယ်လို့ပြောပြ ခဲ့ ပါတယ်။
Burma-Newselite

No comments:

Post a Comment