Sunday, December 16, 2012

စံချိန်တင်အောင်လာရောက်သည့်ကျိုက်ထီးရီုး ဘုရားဖူးများကြောင့် တည်းခိုခန်းခတစ်သိန်းကျော်မြင့်တက်

ကျိုက်ထီးရိုးတောင်ပေါ်သို့   ကင်ပွန်းစခန်းတောင်ခြေမှကား ဖြင့် တိုက်ရိုက်သွားနိုင်သည့် နောက်ပိုင်းဘုရားဖူးဧည့်သည်များ ပြားလာရာ ယခုနှစ်တွင် ကျိုက်ထီးရိုးဘုရားဖူးများ စံချိန်တင်သွားပြီး တည်းခိုခန်းခ များ တစ်သိန်း  ကျော်သွားကြောင်းသိရသည်။

အစိုးရ ရုံးပိတ်ရက်နှင့်နေ့ ကြီးရက်ကြီးများတွင် ဘုရားဖူး  များတစ်ရက်လျှင် (၁)သိန်းကျော်လာရောက်လေ့ရှိကြောင်း၊ ပုံမှန် ဘုရားဖူးများလာရောက်သည့် အချိန်တွင် တည်းခိုခန်းခကို ဂေါ ပကအဖွဲ့က သတ်မှတ်ပေးထား ကြောင်း၊

ရုံးပိတ်ရက်များတွင် ဘုရား  ဖူးအလွန်များပြား၍ နေရာအခက်   အခဲကြောင့် တည်းခိုခန်းခဈေး မြင့်မားရခြင်းဖြစ်ကြောင်း၊ဘုရား ဖူးများပြားလွန်းသဖြင့် ခရီးသည်များက အခန်းကိုအလုအယက်ဈေး ပိုပေးပြီး ငှားရမ်းကြသဖြင့် ဈေးန်းမြင့်မားရကြောင်း၊အချို့ဘုရား  ဖူးများမှာ နေရာမရ၍ ရင်ပြင် တော်ပေါ်၌ ပင် အိပ်စက်သွားရ ကြောင်း သိရသည်။
From : Hot News Weekly

No comments:

Post a Comment