ယဉ်ကျေးမှု ၀န်ကြီးဌာန ၊
အနုပညာဦးစီးဌာန ၊ အမျိုသား ယဉ်ကျေးမှုနှင့်  အနုညာတက္ကသိုလ်(ရန်ကုန်) ၊
အနုပညာစွမ်းရည်ပြ ပဒေသာ ကပွဲကို ၂၀၁၂ ၊ ဒီဇင်ဘာလ ၂ရက် ည(၇)နာရီအချိန်တွင်
အမျိုးသားဇာတ်ရုံ (ရန်ကုန်) မြို့ မကျောင်းလမ်းတွင်
ကျင်းပခဲ့သည်။ ယင်းပဒေသာကပွဲတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်
(ရန်ကုန်) ၊ ဂီတပညာဌာနမှ ဂီတမှူး အကယ်ဒမီ ဓီရာမိုရ် (တွဲဖက်ပေါ မာက္ခ)
ဆန်းသစ် တီထွင်ထားသော မဟာဂီတ၊ ဂန္တ၀င်းတေးများ အပါအ၀င် တေး သံသာများ ၊
သဘင် ပညာ ဌာနရှိ ကျောင်းသားကျောင်းသူများ၏ ဗုဒ္ဓ ပူဇော် ဆီးမီးတော် အက၊
ဟန်ပျောင်းလှပ မင်းသား အက၊ ပြည်ထောင်စု ၏ ထာဝရ အလှများ အပါအ၀င်
ယိမ်းအကပဒေသာများနှင့် ကုမုဒြာ အငြိမ့်၊ ရုပ်ရှင်နှင့်  ပြဇာတ်ပညာဌာန
ကျောင်းသား ကျောင်းသူများ၏ (၁၉) ကြိမ်မြောက် မြန်မာ တိုင်းရင်းသား တို့ ၏
ယဉ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီးပြိုင်ပွဲ ငွေတံဆိပ်ဆုရ “မွေခံထိုက်စေ
ရိုးရာ အမွေ” ပြ ဇာတ်နှင့်  ပန်းချီပညာဌာန၊ ပန်းပုပညာဌာနတို့ ၏
လက်ရာမွန်များ အပါအ၀င် အနု ပညာ စွမ်းရည်ပြ ပဒေသာကပွဲအား တင်ဆက်သွားခဲ့သည်။
သတင်းဓါတ်ပုံ-ထွဋ်မြတ် Popular Journal
အားလုံးတော်ကြပါတယ်။ အောင်မြင်ကြပါစေ။
ReplyDeleteကောင်းတယ်။ ဆရာ ဓီရာမိုရ် မဟာဂီတကို ပြန်ပြီးဆန်းသစ်ထားတာ တအားနားထောင်လို့ ကောင်းတယ်။ တခြားဟာတွေလည်း ကောင်းပါတယ်။
ReplyDeleteကျေးဇူးပါ။