Tuesday, December 18, 2012

ဖားကန့်ဒေသတွင် အရပ်သားများ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရမှုများဆက်လက်ဖြစ်ပွားနေ

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်နေ့ ညနေပိုင်းမှာ ဖားကန့်မြို့နယ်၊ ဆိုင်းဂျာဘွမ်ရွာနေ ဦးလတောင် (၅၆)နှစ်နဲ့ မငြိမ်းငြိမ်းအေး (၂၉)နှစ်သည် မျောက်ဖြူရွာကနေ ဆိုင်းဂျာ ဘွမ်သို့ ဆိုင်ကယ်နှင့်ပြန်အလာလမ်းမှာ KIA ထောင် ထားတဲ့ မြေမြှုပ်မိုင်းတစ်လုံးနင်းမိပြီး ဦးလတောင်နဲ့ မငြိမ်းငြိမ်းအေး တို့ရဲ့ ခန္ဓာကိုယ်အနှံ့အပြားမှာ မိုင်းစများ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ညနေ ၅ နာရီလောက်မှာ ဖားကန့်ပြည်သူ့ ဆေးရုံကို ပို့ဆောင်ဆေး ကုပေး ထားကြောင်း သိရှိရပါတယ်။

သြဂုတ်လကုန်ပိုင်းလောက်ကတည်းက ဖားကန့်ဒေသမှာ စစ်တပ်နဲ့ KIA တပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ဖြစ်ပွာားချိန် KIA က စစ်တပ်လာနိုင်တဲ့ လမ်းကြောင်းအနှံ့အပြားမှာ မိုင်းတွေ ထောင်ခဲ့တဲ့ အတွက် ကြောင့် အရပ်သားများ အဆက်မပြတ် မိုင်းထိသေဆုံးဒဏ်ရာရမှုများဖြစ်ပွားနေပြီး ဒီကနေ့အထိ သေဆုံး သူ(၄)ဦးနဲ့ ခြေပြတ်၊ လက်ပြတ်ဒဏ်ရာရသူ(၄၉)ဦးရှိပြီဖြစ်ကြောင်း ဖားကန့်မြို့နယ် NLD ပါတီဝင်တစ်ဦးက ပြောပြလာ ပါတယ်။

No comments:

Post a Comment