Monday, December 24, 2012

ဂျပန်နိုင်ငံသို့ မြန်မာ့ဆန် စမ်းသပ်တင်ပို့မည်

Photo: ဂျပန်နိုင်ငံသို့ မြန်မာ့ဆန် စမ်းသပ်တင်ပို့မည်
Monday, 24 December 2012

မြန်မာ့ဆန်ကို ဂျပန် နိုင်ငံသို့ စမ်းသပ်တင်ပို့ သွားမည်ဖြစ်ပြီး ၂ဝ၁၃ခုနှစ် နှစ်ဆန်းပိုင်းတွင် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း
မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းမှ သိရသည်။

ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ဆန်ကို စမ်းသပ် တင်ပို့ရန် ကမ်းလှမ်း ခဲ့ပြီး မြန်မာ နိုင်ငံမှ ထွက်ရှိသည့် ဆင်းသွယ်လတ်နှင့် မှော်ဘီ-၂ ဆန်တို့ကို ဝယ်ယူလိုကြောင်း သိရသည်။ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင် စိုက်ပျိုးနေသည့် စပါးများမှ ဂျပန် နိုင်ငံနှင့် စားသုံးသူ လက်ခံနိုင်သည့် ဆန်နှစ်မျိုးကို စတင်၍ စမ်းသပ် တင်သွင်း ခွင့်ပြုထားပြီး တောင်သူများ အနေဖြင့် အရည် အသွေးမီ ဆန်များ ထွက်ရှိရန် လုပ်ဆောင် ရမည်ဟု သိရသည်။

လက်ရှိတွင် မြန်မာ့ဆန် ကမ္ဘာ့ ဈေးကွက်သို့ ထိုးဖောက်ရန် လုပ်ဆောင်နေပြီး အရည်အသွေးမြင့် ဆန်ထွက်ရှိ နိုင်ရန် အရေးကြီး လာကြောင်း သိရသည်။ မြန်မာ့ ဆန်များကို တရုတ်၊ ရုရှား၊ အိန္ဒိယ နိုင်ငံများသို့ တင်ပို့ နေရပြီး ယခုအခါ ဆန်စပါး ကဏ္ဍတွင် အရည်အသွေးမြင့် ဆန်စပါးများ ထုတ်လုပ်နိုင်ရန် စင်ကာပူ နိုင်ငံရှိ UOB ဘဏ်နှင့် ဆက်သွယ်ပြီး ဆန်စက်နှင့် ဆက်စပ်သည်များ အဆင့်မြှင့်တင် သွားရန် ရှိကြောင်းလည်း သိရသည်။

''ကျွန်တော်တို့ အတွက် ကမ္ဘာ့ ဈေးကွက်သို့ ထိုးဖောက်နိုင်ဖို့ ပြဿနာ အခက်အခဲ များကို ဝိုင်းဝန်း ဖြေရှင်းမှ မြန်မာ့ ဆန်စပါး ကမ္ဘာ့ ဈေးကွက်ကို ထိုးဖောက် နိုင်မှာပါ''ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဂျပန် နိုင်ငံသည် နှစ်စဉ် ပြည်ပမှ ဆန်တန်ချိန် ၆ဝဝဝဝ ကျော်ကို တင်ဒါခေါ် ဝယ်ယူ နေရပြီး ယခုအခါ မြန်မာ့ ဆန်ကိုပါ ဝယ်ယူနိုင်ရန် ညှိနှိုင်း ကမ်းလှမ်းလာကြောင်း သိရသည်။

မြ၀တီမြန်မာ့ဆန်ကို ဂျပန် နိုင်ငံသို့ စမ်းသပ်တင်ပို့သွားမည်ဖြစ်ပြီး ၂ဝ၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် တင်ပို့နိုင်ရန် မျှော်မှန်း ထား ကြောင်း မြန်မာနိုင်ငံ တောင် သူ လယ်သမား အသင်းမှ သိရသည်။
ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံဆန်ကို စမ်းသပ်တင်ပို့ရန် ကမ်းလှမ်း ခဲ့ပြီး မြန်မာ နိုင်ငံမှထွက်ရှိသည့် ဆင်းသွယ်လတ်နှင့် မှော်ဘီ-၂ ဆန်တို့ကို ဝယ်ယူ လိုကြောင်းသိရသည်။ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင်စိုက်ပျိုးနေသည့် စပါးများမှ ဂျပန် နိုင်ငံနှင့်စားသုံးသူ လက်ခံနိုင်သည့် ဆန်နှစ်မျိုးကိုစတင်၍ စမ်းသပ်တင်သွင်း ခွင့်ပြု ထားပြီး တောင်သူများအနေဖြင့် အရည်အသွေးမီဆန်များ ထွက်ရှိရန် လုပ်ဆောင် ရမည်ဟု သိရသည်။

လက်ရှိတွင် မြန်မာ့ဆန်ကမ္ဘာ့ ဈေးကွက်သို့ထိုးဖောက်ရန် လုပ်ဆောင်နေပြီး အရည်အသွေးမြင့် ဆန်ထွက်ရှိ နိုင်ရန် အရေးကြီးလာကြောင်း သိရသည်။ မြန်မာ့ဆန်များကို တရုတ်၊ ရုရှား၊ အိန္ဒိယ နိုင်ငံများသို့ တင်ပို့ နေရပြီး ယခုအခါ ဆန်စပါးကဏ္ဍတွင် အရည်အသွေးမြင့် ဆန်စပါးများ ထုတ်လုပ်နိုင်ရန် စင်ကာပူနိုင်ငံရှိ UOB ဘဏ်နှင့်ဆက်သွယ်ပြီး ဆန်စက်နှင့်ဆက်စပ်သည်များ အဆင့်မြှင့်တင် သွားရန်ရှိကြောင်းလည်း သိရသည်။

''ကျွန်တော်တို့အတွက် ကမ္ဘာ့ ဈေးကွက်သို့ထိုးဖောက်နိုင်ဖို့ ပြဿနာ အခက်အခဲများကို ဝိုင်းဝန်း ဖြေရှင်းမှ မြန်မာ့ဆန်စပါး ကမ္ဘာ့ ဈေးကွက်ကို ထိုးဖောက်နိုင်မှာပါ''ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဂျပန် နိုင်ငံသည် နှစ်စဉ် ပြည်ပမှ ဆန်တန်ချိန် ၆ဝဝဝဝ ကျော်ကို တင်ဒါခေါ် ဝယ်ယူ နေရပြီး ယခုအခါ မြန်မာ့ဆန်ကိုပါ ဝယ်ယူနိုင်ရန် ညှိနှိုင်းကမ်းလှမ်းလာကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment