Sunday, December 30, 2012

ရေကြောင်းပြောင်း ရေစီးအားပြင်းထန်မှုများကြောင့် သံလွင်မြစ်ဝကျွန်းအချို့ ကမ်းပြိုမှုဖြစ်ပေါ်

Photo: ရေကြောင်းပြောင်း ရေစီးအားပြင်းထန်မှုများကြောင့် 
သံလွင်မြစ်ဝကျွန်းအချို့ ကမ်းပြိုမှုဖြစ်ပေါ်  
Sunday, 30 December 2012

ကျားပိုက်တားဆီး ငါးဖမ်းဆီးမှုကြောင့် ပင်လယ်ရေကြောင်းပြောင်းကာ
ရေစီးအားပြင်းထန်မှု ဖြစ်ပေါ်ပြီး သံလွင်မြစ်ဝရှိ ရွှေဒင်္ဂါး၊ မြရတနာ၊ ယင်းဝိုင်းကျွန်းတို့ ကမ်းပြိုကာ တောင်ယာလုပ်ကွက် ၂၅ ဧကခန့်
ရေထဲပြိုကျ ပျောက်ဆုံးမှုဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ အဘိုးအဘွားတွေကစ ရွှေဒင်္ဂါးကျွန်းမှာ နေလာကြတာပါ၊
 နှစ်ပေါင်း ၆၀၊ ၇၀ ကျော်ကြာပါပြီ၊ ကျွန်းကမ်းကို လှိုင်းစားတာလောက်ပဲ ရှိတယ်၊ ကမ်းပြိုမြေပြိုတာမျိုး မကြုံကြပါဘူး၊ ဒီတစ်နှစ်၊ နှစ်နှစ်ထဲမှာ ကျားပိုက်လာတားပြီး ငါးဖမ်းကြပါတယ်။ ပင်လယ်ရေတက်တော့ ကျွန်းကိုခွပြီး ပုံမှန်ဝင်ထွက်နေတဲ့ ဒီရေကတစ်ဖက်ကိုပိတ်ထားတော့
ရေစီးကြောင်းပြောင်းပြီး မြရတနာကျွန်းကို အရှိန်နဲ့ဝင်တိုက်စားပါတယ်။ ကျားပိုက် (ဓမင်း)ပိုက်ကကြီးပြီး စိပ်တော့ပိုက်လွတ်တဲ့နေရာ ရေတအား
တိုးနေတော့ ရွှေဒင်္ဂါးကျွန်းလည်း တစ်ခြမ်းစားပြီး ဧကတော်တော်များ
ရေထဲပါသွားပါတယ်၊ ပထမနှစ် ပိုက်လာချတော့ ကမ်းပြိုလို့ ကျွန်းသူ
ကျွန်းသားတွေ ကျေးရွာအုပ်ချုပ်ရေးမှူးကို တင်ပြတော့ ဖယ်ခိုင်းလိုက်
ပါတယ်။ ဒီနှစ်တော့ သွားပြောတာ ငါးလုပ်ငန်းက လေလံချပေးတယ်ဆိုပြီး၊ ဒီလိုပဲ နေရတယ်” ဟု ကိုအောင်စိန် (ရွှေဒင်္ဂါးကျွန်းနေသူ)က ပြောပါသည်။

“မနှစ်ကကမ်းနဲ့ ပေတစ်ရာလောက်မှာ ကလေးတွေ တောင်ပေါ် (ထိုင်း)
ကပို့တဲ့ငွေနဲ့ အိမ်ဆောက်လိုက်တယ်။ အခုမြင်တဲ့အတိုင်း ကမ်းပြိုတာ အိမ်နားရောက်နေပါပြီ။ အရင်က တစ်ခါမှ ဒီလောက်မပြိုပါဘူး။ အခုကမ်းနားမှာစိုက်ထားတဲ့ ဓနိပင်ငါးရာကျော်လည်း ကမ်းပြိုထဲပါသွားပြီး ကမ်းပတ်တာလည်း တစ်ခြမ်းပါသွားပါပြီ” ဟု မြရတနာကျွန်းနေသူ
ဒေါ်မြက ပြောပါသည်။

“အရင်နှစ်တွေက ကျားပိုက် (ဓမင်း)ပိုက် ဒီမှာမချပါဘူး၊ မြောက်ဘက်က ဥက္ကံရွာဘက်မှာ ချပါတယ်။ ဥက္ကံဘက်မှာ မြေပြိုတာနဲ့ အုပ်ချုပ်ရေးမှူး
ကတားလို့ ဒီဘက်ကို ရောက်လာတယ်။ ဒီဘက်ကိုရောက်လာတော့
ရွှေဒင်္ဂါးကျွန်းမှာ ၁၅ ဧက၊ မြရတနာကျွန်းမှာ ၈ ဧက၊ ဇာကတွန်းကျွန်းက 
၎ ဧကလောက် ပါသွားပါပြီ။ မိုးတွင်းမှာ သံလွင်မြစ်ရေဆင်းတွန်းထားတော့ ပင်လယ်ဒီရေ သိပ်မ၀င်ပါဘူး၊ အခုလာမယ့် တပေါင်း၊ တန်ခူးဆို မြစ်ရေ
အခံမရှိတော့ ပင်လယ်ရေတက်ကြမ်းပြီး အတက်တစ်ခြမ်း၊ အကျတစ်ခြမ်းတိုက်စား၊ ကမ်းပြိုဖို့ ပိုများလာမှာပါ၊ ဓမင်းပိုက်ကြီး
ချထားတဲ့နေရာကို တာဝန်ရှိသူတွေ ကွင်းဆင်းပြီး ကြည့်စေချင်ပါတယ်၊ ပိုက်ကိုရွှေ့တာမျိုး၊ နေရာပြောင်းတာမျိုး လုပ်ပေးစေချင်ပါတယ်” ဟု မြရတနာကျွန်းနေ ဦးစန်းလွင်က ပြောပါသည်။

သံလွင်မြစ်ဝကျွန်းများမှာ ပေါင်မြို့နယ်၊ မုတ္တကျေးရွာအတွင်း တည်ရှိပြီး
အောင်မင်္ဂလာကျွန်း ဥကံ္ကကျွန်း၊  ကလွီကျွန်း၊ ကျားကျွန်း၊ ဗျိုင်းကျွန်း၊
ရွှေဒင်္ဂါးကျွန်း၊ မြရတနာကျွန်း၊ ဇာကတွန်းကျွန်း၊ ယင်းဝိုင်းကျွန်းတို့ ပါဝင် သည်။         

Eleven Media Group ကျားပိုက်တားဆီး ငါးဖမ်းဆီးမှုကြောင့် ပင်လယ်ရေကြောင်းပြောင်း ကာ ရေစီးအားပြင်းထန်မှု ဖြစ်ပေါ်ပြီး သံလွင်မြစ်ဝရှိ ရွှေဒင်္ဂါး၊ မြရတနာ၊ ယင်းဝိုင်းကျွန်းတို့ ကမ်းပြိုကာ တောင်ယာလုပ်ကွက် ၂၅ ဧကခန့် ရေထဲပြိုကျ ပျောက်ဆုံးမှုဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့  အဘိုးအဘွားတွေကစ ရွှေဒင်္ဂါးကျွန်းမှာ နေလာကြတာ ပါ၊ နှစ်ပေါင်း ၆၀၊ ၇၀ ကျော်ကြာပါပြီ၊ ကျွန်းကမ်းကို လှိုင်းစား တာလောက်ပဲ ရှိတယ်၊ ကမ်းပြိုမြေပြိုတာမျိုး မကြုံကြပါဘူး၊ ဒီတစ်နှစ်၊ နှစ်နှစ်ထဲမှာ ကျားပိုက်လာတားပြီး ငါးဖမ်းကြပါတယ်။ ပင်လယ်ရေတက်တော့ ကျွန်းကိုခွပြီး ပုံမှန်ဝင်ထွက်နေတဲ့ ဒီရေကတစ်ဖက်ကို ပိတ်ထားတော့ ရေစီးကြောင်းပြောင်းပြီး မြရတနာကျွန်းကို အရှိန်နဲ့ဝင်တိုက်စားပါတယ်။ ကျားပိုက် (ဓမင်း) ပိုက်ကကြီးပြီး စိပ်တော့ပိုက်လွတ်တဲ့နေရာ ရေတအား တိုးနေတော့ ရွှေဒင်္ဂါးကျွန်းလည်း တစ်ခြမ်းစားပြီး ဧကတော်တော်များ ရေထဲပါသွားပါတယ်၊ ပထမနှစ် ပိုက်လာချတော့ ကမ်းပြိုလို့ ကျွန်းသူ ကျွန်း သားတွေ ကျေးရွာအုပ်ချုပ်ရေးမှူးကို တင်ပြတော့ ဖယ်ခိုင်းလိုက် ပါတယ်။ ဒီနှစ်တော့ သွားပြောတာ ငါးလုပ်ငန်းက လေလံချပေးတယ်ဆိုပြီး၊ ဒီလိုပဲ နေရတယ်” ဟု ကိုအောင်စိန် (ရွှေဒင်္ဂါးကျွန်းနေသူ) က ပြောပါသည်။

“မနှစ်ကကမ်းနဲ့ ပေတစ်ရာလောက်မှာ ကလေးတွေ တောင်ပေါ် (ထိုင်း) ကပို့တဲ့ငွေနဲ့ အိမ်ဆောက် လိုက်တယ်။ အခုမြင်တဲ့အတိုင်း ကမ်းပြိုတာ အိမ်နားရောက်နေပါပြီ။ အရင်က တစ်ခါမှ ဒီလောက် မပြိုပါဘူး။ အခုကမ်းနားမှာစိုက်ထားတဲ့ ဓနိပင်ငါးရာကျော်လည်း ကမ်းပြိုထဲပါသွားပြီး ကမ်းပတ်တာလည်း တစ်ခြမ်းပါသွားပါပြီ” ဟု မြရတနာကျွန်းနေသူ ဒေါ်မြက ပြောပါသည်။

“အရင်နှစ်တွေက ကျားပိုက် (ဓမင်း)ပိုက် ဒီမှာမချပါဘူး၊ မြောက်ဘက်က ဥက္ကံရွာဘက်မှာ ချပါတယ်။ ဥက္ကံဘက်မှာ မြေပြိုတာနဲ့ အုပ်ချုပ်ရေးမှူး ကတားလို့ ဒီဘက်ကို ရောက်လာတယ်။ ဒီဘက်ကိုရောက်လာတော့ ရွှေဒင်္ဂါးကျွန်းမှာ ၁၅ ဧက၊ မြရတနာကျွန်းမှာ ၈ ဧက၊ ဇာကတွန်းကျွန်းက ၄ ဧက လောက် ပါသွားပါပြီ။ မိုးတွင်းမှာ သံလွင်မြစ်ရေဆင်းတွန်းထားတော့ ပင်လယ်ဒီရေ သိပ်မ၀င်ပါဘူး၊ အခုလာမယ့် တပေါင်း၊ တန်ခူးဆို မြစ်ရေ အခံမရှိတော့ ပင်လယ်ရေတက်ကြမ်းပြီး အတက်တစ်ခြမ်း၊ အကျတစ်ခြမ်းတိုက်စား၊ ကမ်းပြိုဖို့ ပိုများလာမှာပါ၊ ဓမင်းပိုက်ကြီး ချထားတဲ့နေရာကို တာဝန်ရှိသူတွေ ကွင်းဆင်းပြီး ကြည့်စေချင်ပါတယ်၊ ပိုက်ကိုရွှေ့တာမျိုး၊ နေရာပြောင်းတာမျိုး လုပ်ပေးစေချင်ပါတယ်” ဟု မြရတနာကျွန်းနေ ဦးစန်းလွင်က ပြောပါသည်။

သံလွင်မြစ်ဝကျွန်းများမှာ ပေါင်မြို့နယ်၊ မုတ္တကျေးရွာအတွင်း တည်ရှိပြီး အောင်မင်္ဂလာကျွန်း ဥကံ္ကကျွန်း၊ ကလွီကျွန်း၊ ကျားကျွန်း၊ ဗျိုင်းကျွန်း၊ ရွှေဒင်္ဂါးကျွန်း၊ မြရတနာကျွန်း၊ ဇာကတွန်းကျွန်း၊ ယင်းဝိုင်းကျွန်းတို့ ပါဝင် သည်။

From : Eleven Media Group

No comments:

Post a Comment