Saturday, December 22, 2012

ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားဒေသများအတွင်းရှိ ဒုက္ခသည်ဆယ်သိန်းကျော်အတွက် နီပွန်ဖောင်ဒေးရှင်းမှ ကန်ဒေါ်လာ ၃ သန်း ကူညီထောက်ပံ့

Photo: ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားဒေသများအတွင်းရှိ ဒုက္ခသည်ဆယ်သိန်းကျော်အတွက် နီပွန်ဖောင်ဒေးရှင်းမှ ကန်ဒေါ်လာ 
၃ သန်း ကူညီထောက်ပံ့
Saturday, 22 December 2012

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသားဒေသများအတွင်းရှိ ဒုက္ခသည်ပြည်သူဆယ်သိန်းကျော်အတွက် အမေရိကန်ဒေါ်လာ ၃သန်း ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့မှု၏ ရှေးဦးအဖြစ် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီအား ဆန်အိတ်ပေါင်း ၁၀၀၀ ဆေးသေတ္တာ ၅၀၀အပါအ၀င် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ သောင်းတန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

““ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု
ပြုလုပ်နေတာတွေကိုယုံကြည်ပါတယ် ။ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တွေ့ဆုံပြီးအကူအညီပေးဖို့မေးမြန်းတဲ့
အခါသူတို့ဘက်ကနေပြီး ဆန်၊ဆေးစတဲ့ ပစ္စည်းတွေထောက်ပံဖို့ လိုအပ်တယ်လို့ပြောပါတယ်။ ဒါကြောင့် ဒီနေ့ဒီလိုမျိုးလှူဒါန်း
ရခြင်းဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေကိုလည်း ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ပါတယ်”” ပာု နီပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆာဆာကာဝါက ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနား၌ ပြောသည်။

၎င်းနည်းတူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကလည်း ““မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေကို အစိုးရကနေထောက်ပံ့ရတာတွေရှိပါတယ် ။ အိမ်ဆောက်တာတွေ ၊ အလုပ်အကိုင်ရှာ ဖွေပေးရတာတွေပါ ။ ဒါပေမယ့် အားလုံးကို
ထောက်ပံ့ဖို့ကကျတော့လည်းဘဏ္ဍာငွေကမလုံလောက်ပါဘူး။ 
အခုနီပွန်ဖောင်ဒေးရှင်းကလှူဒါန်းတာက NGO လိုမျိုး
အရင်ကတည်းကနေပြီးလှူဒါန်းမှုတွေပြုလုပ်နေတာပါ””ဟု
ထောက်ပံ့ပစ္စည်း လှူဒါန်းမှုနှင့်ပတ်သက်၍ ပြောသည်။

အမေရိကန်ဒေါ်လာ ၃သန်း အနက်မှ မွန်ပြည်သစ်ပါတီသို့
ထောက်ပံ့လှူဒါန်းပြီး ကျန်ရှိငွေများကို ငြိမ်းချမ်းရေးရယူထားသော လက်နက်ကိုင်တိုင်းရင်းသားဒေသအတွင်းရှိ ဒုက္ခသည်များကို
ခွဲဝေလှူဒါန်းသွားမည်ဖြစ်ပြီးမည်ကဲ့သို့ လှူဒါန်းသွားမည်
ဆိုသည့်အချက်နှင့်ပတ်သက်သော အသေးစိတ်အချက်အား သိရှိခြင်းမရှိရပေ။

သို့ရာတွင် နောက်တစ်ကြိမ်လှူဒါန်းရန် နေရာဒေသကို တိုင်ပင်ဆွေးနွေးလျက်ရှိပြီး ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်တို့ 
ဖြစ်နိုင်ကြောင်းနီပွန်ဖောင်ဒေးရှင်း မှ ဒါရိုက်တာ ယုဂျိမိုရိ က ပြောသည်။

အဆိုပါထောက်ပံ့ကူညီရေး ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက် ၉ နာရီ က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ၊ ဂျပန် နီပွန်ဖောင်ဒေးရှင်းမှ ဥက္ကဌ မစ္စတာ ဆာဆာကာဝါ နှင့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ ဦးနိုင်ထော်မွန်တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆုဝေ
The Myanma Ageဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသားဒေသများအတွင်းရှိ ဒုက္ခသည်ပြည်သူဆယ်သိန်းကျော် အတွက် အမေရိကန်ဒေါ်လာ ၃သန်း ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။အဆိုပါ ထောက်ပံ့မှု၏ ရှေးဦးအဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီအား ဆန် အိတ်ပေါင်း ၁၀၀၀ ဆေးသေတ္တာ ၅၀၀အပါအ၀င် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ သောင်းတန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်း များ ပေးအပ်ခဲ့ကြောင်းသိရသည်။

““ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုပြုလုပ်နေတာတွေကိုယုံကြည်ပါတယ် ။ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တွေ့ဆုံပြီးအကူအညီပေးဖို့မေးမြန်းတဲ့
အခါသူတို့ဘက်ကနေပြီး ဆန်၊ဆေးစတဲ့ ပစ္စည်းတွေထောက်ပံဖို့ လိုအပ်တယ်လို့ပြောပါတယ်။ ဒါကြောင့် ဒီနေ့ဒီလိုမျိုးလှူဒါန်းရခြင်းဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေကိုလည်း ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ ပါတယ်”” ပာု နီပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆာဆာကာဝါက ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်း အနား၌ ပြော သည်။

၎င်းနည်းတူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကလည်း ““မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေကို အစိုးရကနေထောက်ပံ့ရတာတွေရှိပါတယ် ။ အိမ်ဆောက်တာတွေ ၊ အလုပ်အကိုင်ရှာ ဖွေပေးရတာတွေပါ ။ ဒါပေမယ့် အားလုံး ကိုထောက်ပံ့ဖို့က ကျတော့လည်း ဘဏ္ဍာငွေက မလုံလောက်ပါဘူး။
အခုနီပွန်ဖောင်ဒေးရှင်းကလှူဒါန်းတာက NGO လိုမျိုး အရင်ကတည်းကနေပြီး လှူဒါန်းမှုတွေပြု လုပ်နေတာပါ””ဟုထောက်ပံ့ပစ္စည်း လှူဒါန်းမှုနှင့်ပတ်သက်၍ ပြောသည်။

အမေရိကန်ဒေါ်လာ ၃သန်း အနက်မှ မွန်ပြည်သစ်ပါတီသို့ထောက်ပံ့လှူဒါန်းပြီး ကျန်ရှိငွေများကို ငြိမ်းချမ်းရေးရယူထားသော လက်နက်ကိုင်တိုင်းရင်းသားဒေသအတွင်းရှိ ဒုက္ခသည်များကို ခွဲဝေလှူဒါန်း သွားမည်ဖြစ်ပြီးမည်ကဲ့သို့ လှူဒါန်းသွားမည်ဆိုသည့် အချက်နှင့်ပတ်သက်သော အသေးစိတ်အချက်အား သိရှိခြင်းမရှိရပေ။
သို့ရာတွင် နောက်တစ်ကြိမ်လှူဒါန်းရန် နေရာဒေသကို တိုင်ပင်ဆွေးနွေးလျက်ရှိပြီး ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ ဖြစ်နိုင်ကြောင်းနီပွန်ဖောင်ဒေးရှင်း မှ ဒါရိုက်တာ ယုဂျိမိုရိ က ပြော သည်။

အဆိုပါထောက်ပံ့ကူညီရေး ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက် ၉ နာရီ က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ၊ ဂျပန် နီပွန်ဖောင်ဒေးရှင်းမှ ဥက္ကဌ မစ္စတာ ဆာဆာကာဝါ နှင့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ ဦးနိုင်ထော်မွန်တို့ တက်ရောက် ခဲ့ကြောင်းသိရသည်။

ဆုဝေ
The Myanma Age

No comments:

Post a Comment