Tuesday, December 18, 2012

ရခိုင်ရေနံစောင့်ကြည့်ရေး အဖွဲ့မှ “အန္တရာယ်ဇုံ” အမည်ရှိ အစီရင်ခံစာ ထုတ်ပြန်

burmese-news-17-12-2012တရုတ် စက်မှုဇုံများ တည်ဆောက်မှုကြောင့် ရခိုင် ကမ်းရိုးတန်း တလျှောက် တွင် သဘာဝ ညစ်ညမ်းမှု များနှင့် ဒေသခံများဆိုးကျိုး ခံစားရနိုင်သည့် အခြေ အနေများကို ဖော်ပြထားသည့် “အန္တရာယ်ဇုံ” အ မည်ရှိ အစီရင်ခံစာ တစ်စောင် ယနေ့ ထွက်ပေါ်လာသည်။

အဆိုပါ အစီရင်ခံစာကို ထိုင်းနိုင်ငံအခြေစိုက် ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့မှ ယနေ့ (ဒီဇင်ဘာလ ၁၇ ရက်) နေ့စွဲဖြင့် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

“ အခု တရုတ်ကစီစဉ်နေတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှာပါတဲ့ ရေနံ စက်ရုံေ တွကြောင့် ဒေသခံ တွေနဲ့ ကျောက်ဖြူမှာရှိနေတဲ့ မြန်မာနိုင်ငံက အကြီးမားဆုံး ဒီရေရောက်တောတွေ၊ လမုတောတွေ အကုန် ပျက်စီး နိုင်တယ်။

 အထူးသဖြင့် သဘာဝ ပတ်ဝန်ကျင်တွေ ပျက်စီးသွားပြီး ဒေသခံတွေရဲ့ လူနေမှု ဘ၀တွေကို ဆိုးဆိုးရွားရွား အန္တရယ် ကျရောက် နိုင်စေပါတယ်”ဟု ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ ဒါရိုက်တာ ကိုကျော်ခိုင် က ပြောသည်။

ကျောက်ဖြူဒေသခံများမှာ လယ်ယာစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သူ များဖြစ်ပြီး တချိန်က ဤဒေသသည် အေးချမ်းတည်ငြိမ်ခဲ့သော်လည်း ယခုအခါ ရွှေသဘာဝ ဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်းများ ကြောင့် ဒေသခံ ပြည်သူများ၏ လူမှုဘဝမှာလုံခြုံမှု အပြည့် အဝ မရှိ ကြောင်းနှင့် စီမံကိန်းများကြောင့် လယ်ယာမြေ သိမ်းပိုက်ခံရမှု၊ ငါးဖမ်းလုပ်ငန်းများ ပျက်သုန်းလာမှု တို့ကြောင်း ဒေသခံပြည်သူများမှာ တခြားနေရာများ သို့ ရွေ့ပြောင်းသွားရသည်ဟု အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ကျောက်ဖြူတွင် ၂၀၀၉ ခုနှစ်က စတင်တည်ဆောက်နေသည့် ရေနံသိုလှောင်ရုံများ အပါအ၀င် တခြား အဆောက်အဦးများကြောင်း ဒေသခံများ၏ လူနေမှု ဘ၀ကို ဆိုးရွားစွာ ပြောင်းလဲ စေခဲ့သည့် အတွက် ယခု အချိန်ထိ ဒေသခံအများစုမှာ အလုပ် လက်မဲ့များ ဖြစ်နေကြရပြီး စက်မှုဇုံများ ဆက်လက် လုပ် ဆောင်လာလျှင် ပိုမို ဆိုးရွားနိုင်ကြောင်း ကိုကျော်ခိုင်က ပြောသည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလတို့တွင် ကျောက်ဖြူ စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုး တက်ရေး ဇုံတည်ဆောက်ရန် နားလည်မှု သဘောတူညီမှုစာချွန်လွာကို မြန်မာနိုင်ငံစီမံကိန်း နှင့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ၀န်းကြီးဌာနမှ လက်မှတ်ရေး ထိုးခဲ့ကြသည်။

နားလည်မှု စာချွန်လွာအရ လေယဉ်ကွင်း၊ ရေနက်ဆိပ်ကမ်း၊ ရထားလမ်းနှင့်စက်မှုဇုံများကို CITTC Group (Construction Company Limited) မှ တည်ဆောက်မည်ဖြစ်ပြီး မြန်မာစစ်တပ်နှင့် နီးစပ် သည့် ထူးကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။

စီမံကိန်းဇုံအတွက် မြေနေရာ ၁၂၀ စတုရန်းကီလိုမီ တာ (ဧက ၃၀၀၀၀)ကျော်နှင့် ကမ်းရိုးတမ်းရေ လမ်း အတွက် ရေမျက်နှာပြင် စတုရန်းကီလိုမီတာ ၇၀ အသုံးပြုသွား မည်ဖြစ်ကြောင်း အဆိုပါ အစီ ရင်ခံစာတွင် ဖော်ပြထားသည်။
 
 
 
 
 From : narinjara

No comments:

Post a Comment