Wednesday, December 19, 2012

လွှတ်တော် ပြန်စတော့မည်

Photo: လွှတ်တော် ပြန်စတော့မည်
Wednesday, December 19, 2012

ပထမ အကြိမ် လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး များကို နေပြည်တော် ရှိ လွှတ်တော် အစည်းအဝေး ခန်းမများ၌ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁ဝ နာရီတွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်းအဝေး များကို လည်းကောင်း၊ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ဝ ရက် ကြာသပတေးနေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို လည်းကောင်း စတင် ကျင်းပရန် ခေါ်ယူထားရာ အဆိုပါ အစည်းအဝေး များသို့ တက်ရောက်ရန် ဖိတ်စာများကို လွှတ်တော် ကိုယ်စားလှယ် များထံသို့ ပေးပို့ထား ကြောင်း သိရသည်။

လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေး ဖိတ်စာ လက်ခံ ရရှိသည် ဖြစ်စေ၊ မရရှိသည် ဖြစ်စေ နေပြည်တော် ရုံးအမှတ်(၂ဝ) လွှတ်တော်ရုံးသို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၇ ရက်ထက်မစော ၈ ရက်ထက် နောက်မကျစေဘဲ သတင်းပို့ ကြရန်နှင့် ကိုယ်စားလှယ် အသိ အမှတ်ပြုလွှာနှင့် ကိုယ်စားလှယ် စိစစ်ရေး ကတ်ပြားတို့ကို ယူဆောင် လာကြရန် ဖြစ်ကြောင်း သတင်း ရရှိသည်။ပထမအကြိမ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး များ ကို နေပြည်တော် ရှိ လွှတ်တော် အစည်းအဝေး ခန်းမများ၌ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁ဝ နာရီတွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်းအဝေး များကို လည်းကောင်း၊ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ဝ ရက် ကြာသပတေးနေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို လည်းကောင်း စတင် ကျင်းပရန် ခေါ်ယူထားရာ အဆိုပါ အစည်းအဝေး များသို့ တက်ရောက်ရန် ဖိတ်စာများကို လွှတ်တော် ကိုယ်စားလှယ် များထံသို့ ပေးပို့ထား ကြောင်း သိရသည်။

လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေး ဖိတ်စာ လက်ခံ ရရှိသည် ဖြစ်စေ၊ မရရှိသည် ဖြစ်စေ နေပြည်တော် ရုံးအမှတ်(၂ဝ) လွှတ်တော်ရုံးသို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၇ ရက်ထက်မစော ၈ ရက်ထက် နောက်မကျစေဘဲ သတင်းပို့ ကြရန်နှင့် ကိုယ်စားလှယ် အသိ အမှတ်ပြုလွှာနှင့် ကိုယ်စားလှယ် စိစစ်ရေး ကတ်ပြားတို့ကို ယူဆောင် လာကြရန် ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment