Monday, December 24, 2012

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ မြစ်ကြီးနားကို မီးဖြတ်ထား

မြစ်ကြီးနားမြို့ လျှပ်စစ်မီးပြတ်တောက်

ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့ကိုလျှပ်စစ်မီးဖြန့်ဝေပေးနေသော မလိရေးအားလျှပ်စစ်စက်ရုံတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)တို့ တိုက်ပွဲများဖြစ်ပွားနေသဖြင့် လျှပ်စစ်မီး ဖြတ်တောက် ထားရကြောင်း ကေအိုင်အေမှ ဗိုလ်မှူးအဆင့် အရာရှိတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။


“ တပ်မတော်က စစ်ကြောင်းတွေ တက်လာလို့ တိုက်ပွဲ ဖြစ်နေတာပါ။ ဒါကြောင့် မြစ်ကြီးနားကို ပို့တဲ့ လျှပ်စစ်မီးမိန်း ကို ဖြတ်တောက် လိုက်ရပါတယ်” ဟု ၄င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားရသည့်အသေးစိတ်အချက်အလက်များကိုမူ The Voice Weekly အနေဖြင့် အတည်ပြု ချက် မရရှိသေးပေ။

မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကမူ “ မနက်၁၀ နာရီကတည်းက မီးပျက်သွားတယ်။ ခုချိန်ထိမလာသေးဘူး။” ဟု ညနေ ၆ နာရီတွင် ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်ကျော်ကတိုက်ပွဲများ ပြန်လည်ပြင်း ထန်လာခဲ့ခြင်းကြောင့်ငြိမ်းချမ်းရေးဆွေးနွေး ရန် အစိုးရ၏ ကမ်းလှမ်းချက်ကိုလည်းကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အနေဖြင့် အကြောင်းပြန်ကြားနိုင်ခြင်း မရှိသေးပေ။

No comments:

Post a Comment