Friday, December 14, 2012

ပေါင်းဆန် ဝယ်လိုအား ပိုမိုများပြားလာ



ပေါင်းဆန် ဝယ်လိုအား ပိုမိုများပြားလာ

မြန်မာ နိုင်ငံမှ ပြည်ပ နိုင်ငံများသို့ ပေါင်းဆန် လစဉ်တန်ချိန် ၁၅ဝဝ ခန့် တင်ပို့လျက် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ပြည်ပ ဝယ်လိုအား ပိုမိုလာပြီး ရုရှား ဈေးကွက်သို့ အဓိက တင်ပို့ရကြောင်း၊ ရုရှား ဈေးကွက်မှ လစဉ် ဝယ်လိုအား တန် ၃ဝဝဝ ကျော် ရှိသော်လည်း တန်ချိန် ၁၅ဝဝ ဝန်းကျင်သာ တင်ပို့ နိုင်သေးကြောင်း သိရသည်။

ပေါင်းဆန် ဈေးနှုန်းများမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၁၅ ဒေါ်လာဖြင့် ရောင်းချလျက် ရှိသည်။ ယခင်က ပေါင်းဆန် စက်ရုံများမှာ ဧရာဝတီတိုင်း ဒေသကြီးရှိ အိမ်မဲ၊ ကျိုက်လတ်နှင့် ဘိုကလေးမြို့ တို့တွင်သာ စက်ရုံ သုံးရုံရှိပြီး ယခုအခါ ပေါင်းဆန်စက်ရုံ  ကိုးရုံအထိ တိုးချဲ့ တည်ဆောက်ထားပြီး ဖြစ်သဖြင့်  ပြည်ပသို့ ပေါင်းဆန်များ ပိုမို တင်ပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/localnews/item/1792-2012-12-14-09-48-54မြန်မာ နိုင်ငံမှ ပြည်ပ နိုင်ငံများသို့ ပေါင်းဆန် လစဉ်တန်ချိန် ၁၅ဝဝ ခန့် တင်ပို့လျက် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
ပြည်ပ ဝယ်လိုအား ပိုမိုလာပြီး ရုရှား ဈေးကွက်သို့ အဓိက တင်ပို့ရကြောင်း၊ ရုရှား ဈေးကွက်မှ လစဉ် ဝယ်လိုအား တန် ၃ဝဝဝ ကျော် ရှိသော်လည်း တန်ချိန်
၁၅ဝဝ ဝန်းကျင်သာ တင်ပို့ နိုင်သေးကြောင်း သိရသည်။
ပေါင်းဆန် ဈေးနှုန်းများမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၁၅ ဒေါ်လာဖြင့် ရောင်းချလျက် ရှိသည်။ ယခင်က ပေါင်းဆန် စက်ရုံများမှာ ဧရာဝတီတိုင်း ဒေသကြီးရှိ အိမ်မဲ၊ ကျိုက်လတ်နှင့် ဘိုကလေးမြို့ တို့တွင်သာ စက်ရုံသုံးရုံရှိပြီး ယခု အခါ ပေါင်းဆန်စက်ရုံ ကိုးရုံအထိ တိုးချဲ့တည်ဆောက်ထားပြီး ဖြစ်သဖြင့် ပြည်ပသို့ ပေါင်းဆန်များ ပိုမိုတင်ပို့နိုင် မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment