Tuesday, December 18, 2012

ဂျက်လီ က ငလျင်ဒဏ်သင့်ကျောင်းတွေအတွက် ကူညီမည်

Photo: ဂျက်လီ က ငလျင်ဒဏ်သင့်ကျောင်းတွေအတွက် ကူညီမည်

Tuesday, 18 December 2012
မြန်မာရုပ်ရှင် ပရိသတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ တရုတ် ရုပ်ရှင်သရုပ်ဆောင် ဂျက်လီ ဟာ မြန်မာနိုင်ငံ အထက် ပိုင်းမှာ လွန်ခဲ့တဲ့ လကလှုပ်ခတ်သွားတဲ့ မြေငလျင် ဒဏ်ခံ ဒေသတွေ မှာ ပြန် လည် တည်ဆောက်ရေးအတွက် အကူအညီတွေ ပေးသွားမှာဖြစ်ပါတယ်။ 

ဂျက်လီတည်ထောင်ပြီး ဦးဆောင်ညွှန်ကြားရေးမှူး One Foundation ကနေ မြေငလျင်ကြောင့် ပျက်ဆီး သွားတဲ့ ကျောင်း ၃ ကျောင်းကို ပြန်လည်ဆောက်လုပ်ပေး ဖို့ စီစဉ်နေတယ်ဆိုတာ မြန်မာအခြေစိုက် တရုတ်ဘာသာနဲ့ရေးသားတဲ့ MMGP မီဒီ ယာ တခုက လွန်ခဲ့တဲ့ သတင်းပတ်က ဖော်ပြသွားပါတယ်။ 

ဒါပေမယ့် ဂျက်လီရဲ့ ဖောင်ဒေးရှင်းရဲ့ အင်တာနက် စာမျက်နှာ မှာတော့ တရားဝင်ကြေငြာထားတာ မရှိပါ ဘူး။ 
“ဘယ်လို အကူအညီတွေကို ပံ့ပိုးကူညီသွားရမယ်ဆိုတာတော့ ကျတော်တို့အတိအကျဖြစ်ဖို့ ဆွေးနွေး 
နေဆဲပါ၊ အဲဒီက ကလေးတွေကို ထိထိရောက်ရောက် ကျနော်တို့ ကူညီနိုင်မယ်လို့ ထင်ပါတယ်” လို့ မင်းသား ဂျက်လီက ဧရာဝတီကို ယမန်နေ့က တယ်လီဖုန်းကတဆင့် ပြောပါတယ်။ 

လွန်ခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က အင်အား ၆.၈ ရစ်ခ်ျတာ စကေး ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့လို့ လူ ၁၁ ဦးသေဆုံး ခဲ့ပြီး အဆောက်အဦးတွေ၊ ဘုရားစေတီပုထိုးတွေ၊ စာသင်ကျောင်းတွေ ပျက်ဆီးသွားခဲ့ ရတာပါ။ 

 ငလျင်ဒဏ်ကြောင့် ကျောင်းဆောင်ပျက်ဆီးသွားလို့ ကျောင်းဝန်းတွင်မှာ စာသင်နေရတဲ့ ကလေးများ၊ 

ဂျက်လီရဲ့ ဖောင်ဒေးရှင်းကတော့ ကျောင်းသားများများရှိတဲ့ ကျောင်းတွေကို ပြန်လည်ဆောက်လုပ် ကူညီပေးရေးကို အာရုံထား လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်တဲ့။ 

Burma's Earthquakeမြန်မာရုပ်ရှင် ပရိသတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ တရုတ် ရုပ်ရှင်သရုပ်ဆောင် ဂျက်လီ ဟာ မြန်မာနိုင်ငံ အထက် ပိုင်းမှာ လွန်ခဲ့တဲ့ လကလှုပ်ခတ်သွားတဲ့ မြေငလျင်ဒဏ်ခံ ဒေသတွေမှာ ပြန်လည် တည်ဆောက်ရေးအတွက် အကူအညီတွေ ပေးသွားမှာဖြစ်ပါတယ်။

ဂျက်လီတည်ထောင်ပြီး ဦးဆောင်ညွှန်ကြားရေးမှူး One Foundation ကနေ မြေငလျင်ကြောင့် ပျက်ဆီးသွားတဲ့ ကျောင်း ၃ ကျောင်းကို ပြန်လည်ဆောက်လုပ်ပေးဖို့ စီစဉ်နေ တယ်ဆိုတာ မြန်မာအခြေစိုက် တရုတ်ဘာသာနဲ့ရေးသားတဲ့ MMGP မီဒီယာတခုက လွန်ခဲ့တဲ့ သတင်း ပတ်က ဖော်ပြသွားပါတယ်။

ဒါပေမယ့် ဂျက်လီရဲ့ ဖောင်ဒေးရှင်းရဲ့ အင်တာနက်စာမျက်နှာမှာတော့ တရားဝင်ကြေငြာထားတာ မရှိပါ ဘူး။
“ဘယ်လို အကူအညီတွေကို ပံ့ပိုးကူညီသွားရမယ်ဆိုတာတော့ ကျတော်တို့အတိအကျဖြစ် ဖို့ ဆွေးနွေးနေဆဲပါ၊ အဲဒီက ကလေးတွေကို ထိထိရောက်ရောက် ကျနော်တို့ကူညီနိုင်မယ်လို့ ထင်ပါတယ်” လို့ မင်းသား ဂျက်လီက ဧရာဝတီကို ယမန်နေ့က တယ်လီဖုန်းကတဆင့် ပြောပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က အင်အား ၆.၈ ရစ်ခ်ျတာ စကေး ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့လို့ လူ ၁၁ ဦးသေဆုံး ခဲ့ပြီး အဆောက်အဦးတွေ၊ ဘုရားစေတီပုထိုးတွေ၊ စာသင်ကျောင်းတွေ ပျက်ဆီးသွားခဲ့ ရတာပါ။

ငလျင်ဒဏ်ကြောင့် ကျောင်းဆောင်ပျက်ဆီးသွားလို့ ကျောင်းဝန်းတွင်မှာ စာသင်နေရတဲ့ ကလေးများ၊

ဂျက်လီရဲ့ ဖောင်ဒေးရှင်းကတော့ ကျောင်းသားများများရှိတဲ့ ကျောင်းတွေကို ပြန်လည်ဆောက်လုပ် ကူညီပေးရေးကို အာရုံထား လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်တဲ့။

Burma's Earthquake

No comments:

Post a Comment