Sunday, December 23, 2012

ညှို့မဂ္ဂဇင်းပါ ဓာတ်ပုံနှင့်စာသားများသည် လိင်ကိစ္စအသားပေးသော ညစ်ညမ်းစာပေနှင့် ရုပ်ပုံများဖြစ်နေကြောင်း ဝေဖန်မှုများရှိနေ ညစ်ညမ်းသောစာပေနှင့် ရုပ်ပုံများကို ထုတ်ဝေခြင်း၊ ရောင်းချခြင်း ပြုလုပ်ခြင်းများသည် ရဲအရေးပိုင်သော ပြစ်မှုများဖြစ်

Photo: ညှို့မဂ္ဂဇင်းပါ ဓာတ်ပုံနှင့်စာသားများသည် လိင်ကိစ္စအသားပေးသော ညစ်ညမ်းစာပေနှင့် ရုပ်ပုံများဖြစ်နေကြောင်း ဝေဖန်မှုများရှိနေ ညစ်ညမ်းသောစာပေနှင့် ရုပ်ပုံများကို ထုတ်ဝေခြင်း၊ ရောင်းချခြင်း
ပြုလုပ်ခြင်းများသည် ရဲအရေးပိုင်သော ပြစ်မှုများဖြစ် 
Sunday, 23 December 2012 

ညှို့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသော ဓာတ်ပုံနှင့်စာသားများသည် မြန်မာ့
ယဉ်ကျေးမှုနှင့် မကိုက်ညီဘဲ လိင်ကိစ္စအသားပေးသော ညစ်ညမ်းစာပေနှင့် ရုပ်ပုံများဖြစ်နေကြောင်း စာဖတ်သူများအကြား ဝေဖန်မှုများရှိနေသည်။

ညှို့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသော ရုပ်ပုံအများစုသည် မိန်းကလေးများ၏ ရင်သား၊ ဗိုက်သား၊ ပေါင်တန်နှင့်   မမြင်သင့်၊ မမြင်အပ်သည့်အရာအချို့ကို အသားပေးဖော်ပြထားသည်ကို တွေ့ရကြောင်း၊ ရုပ်ပုံနှင့်စာသားအချို့သည် စာဖတ်သူတို့၏ တဏှာရာဂစိတ်ကို နှိုးဆွသကဲ့သို့ ဖြစ်နေကြောင်း စာဖတ်သူများက ဝေဖန်ခဲ့ကြပါသည်။

“အမျိုးသားတွေဟာ ကိုယ့်ဇနီး၊ ချစ်သူနဲ့အတူ အိပ်စက်တော့မယ့်အခါ ကိုယ့်ဇနီးရဲ့ ခန္ဇာကိုယ်ပေါ်မှာ ပေါ့ပါးလွတ်လပ်ပြီး ဖယ်ရှားရလွယ်တဲ့ ည၀တ်အင်္ကျီ ခပ်ပါးပါးမျိုးပဲ ရှိနေစေချင်ကြတယ်။ ဖယ်ရှားရခက်တဲ့ တင်းကြပ်တဲ့ အ၀တ်အစားမျိုးတွေ ရှိမနေစေချင်ဘူး။ ဖြုတ်တပ်ရခက်တဲ့ ကြယ်သီးနဲ့အင်္ကျီမျိုးတွေကို သူတို့ကြောက်ကြတယ်” ဟူသည့် အစရှိသော စာသားများကို ညှို့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည်ကို တွေ့ရသည်။

“စာနယ်ဇင်းလွတ်လပ်ခွင့် ရသွားပြီဆိုရင်တော့ ဒီလိုစာစောင်
မဂ္ဂဇင်းတွေကတော့ ထွက်လာမှာပဲဗျ။ ကျွန်တော်ကတော့ ကြားချပြီးပြောရမှာပေါ့။ စာဖတ်တဲ့သူကလည်း သူ့အဆင့်အတန်းနဲ့သူ
ရွေးချယ်မှာပဲလေ။  ထုတ်ဝေသူတွေကလည်း သူ့အဆင့်အတန်းနဲ့သူ ထုတ်တာပေါ့။ တစ်ဖက်ကလည်း စာနယ်ဇင်းသမားတွေ မီဒီယာ
သမားတွေကလည်း ကျင့်ဝတ်လိုက်နာရမှာပေါ့။ ချမှတ်ထားတဲ့ ရှိပြီးတဲ့ကျင့်ဝတ်တွေ လိုက်နာရမှာပေါ့။   ဒီလိုစာစောင်မျိုးတွေက ကျွန်တော်ထင်တယ် နောင်ကျရင်လည်း ထွက်လာဦးမှာပဲ။ ဒါပေမဲ့လည်း ယဉ်ကျေးမှုအရ အမြင်မတင့်တယ်တာမျိုးလည်း ရှိမှာပေါ့။ စီးပွားရေးအရ တွက်ခြေကိုက်ဖို့ လုပ်ကြတာတစ်ပိုင်း၊  ဘာပဲဖြစ်ဖြစ် ကျင့်ဝတ်နဲ့အညီ လုပ်ကြတာတော့ ကောင်းတာပေါ့” ဟု ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ် The Voice Weekly ဂျာနယ်၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး) က ပြောကြားခဲ့သည်။

ဦးကျော်မင်းဆွေက “ဒီလိုစာစောင်မျိုးကိုလည်း ကျွန်တော်တို့က မထုတ်နဲ့၊ မပြုနဲ့လို့ ဇွတ်တားလို့ရတာမျိုး မဟုတ်ဘူး။ စာနယ်ဇင်းကောင်စီက အဲဒီမဂ္ဂဇင်းကို ခေါ်တွေ့တုန်းကတော့ ကျွန်တော်မပါလိုက်ဘူးဗျ။
ခေါ်ပြီးတော့ ဆွေးနွေးတာ၊ ညှိနှိုင်းတာမျိုးပဲ ရှိခဲ့တယ်။ စကားပြောတယ်၊ အကြံပေးတယ် ဒါမျိုးပဲလုပ်ပါတယ်။ ဒီမဂ္ဂဇင်းနဲ့ ပတ်သက်ပြီးတော့
ဝေဖန်မှုတွေရှိတယ်ဆိုတာ ကျွန်တော်လည်း ကြားပါတယ်။တော်တော်
များများ ပြောကြပါတယ်။  ဒါကလည်း ကျွန်တော်တို့ယဉ်ကျေးမှုမှာလည်း တစ်လျှောက်လုံး ဒါမျိုးမရှိခဲ့တော့ ရုတ်တရက်ထွက်လာတော့
ပြောကြဆိုကြတာ ရှိပါတယ်။ စာဖတ်ပရိသတ်ကလည်း သူ့ရွေးချယ်မှုနဲ့သူ သွားမှာပါ။ စာနယ်ဇင်းလောကမှာ မီဒီယာလောကမှာ ကျင့်ဝတ်ဆိုတာတော့ ရှိပါတယ်။ ကျင့်ဝတ်တွေနဲ့ ချိန်ထိုးပြီး ထုတ်ဝေသူတွေအနေနဲ့ ကိုယ့်ဘာသာ ဆင်ခြင်ဖို့ပါပဲ။ ကျွန်တော့အနေနဲ့တော့ တစ်ဦးတစ်ယောက်က အာဏာနဲ့ပြောတာဆိုတာမျိုးထက် ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဆင်ခြင်တာမျိုးပဲ အကြံပေးဖို့ပဲ ရှိပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

“ဒီကိစ္စတွေသည် ညစ်ညမ်းမှုဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ပတ်ဝန်းကျင်
အဖွဲ့အစည်းအပေါ်မှာ မူတည်တယ်။ အဲဒီပစ္စည်းတစ်ခု ပျံနှံ့တဲ့
ပတ်ဝန်းကျင်က ဆုံးဖြတ်တယ်။ အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ ယဉ်ကျေးမှုစံချိန်၊ စံညွန်းတွေနဲ့ သတ်မှတ်တိုင်းတာပါတယ်။ ဒီကိစ္စသည်အများက ညစ်ညမ်းတယ်လို့မြင်ရင် ညစ်ညမ်းတဲ့ကိစ္စ၊ မသင့်တော်တဲ့ကိစ္စ ဖြစ်မှာပါ” ဟု ဦးဖေမြင့် (အယ်ဒီတာချုပ်၊ ပြည်သူ့ခေတ်ဂျာနယ်) က ပြောကြားခဲ့သည်။

ညစ်ညမ်းသောစာပေနှင့် ရုပ်ပုံများကို ထုတ်ဝေခြင်း၊ ရောင်းချခြင်း
ပြုလုပ်မှုများသည် ရဲအရေးပိုင်သော ပြစ်မှုများဖြစ်နေကြောင်း
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယားပါ ပြဌာန်းချက်များအရ သိရသည်။

“ဂျာနယ်ဖြစ်ဖြစ်၊ မဂ္ဂဇင်းဖြစ်ဖြစ် မောင်နဲ့အစ်မ၊ သားနဲ့အမိ ကြည့်လို့မသင့်၊ ဖတ်လို့မသင့်တဲ့ ညစ်ညမ်းတဲ့စာပေ၊ ညစ်ညမ်းတဲ့ရုပ်ပုံတွေကို
ဖော်ပြတာတွေက တည်ဆဲဥပဒေတွေကို ချိုးဖောက်ရာရောက်ရင် အရေးယူခံရမှာ ဖြစ်ပါတယ်။ ညှို့မဂ္ဂဇင်းမှာ ဖော်ပြတာတွေဟာ ဥပဒေတွေကို ချိုးဖောက်ရာရောက်ရင်တော့ အရေးယူခံရနိုင်ပါတယ်။ ဥပဒေတွေကို ချိုးဖောက်ရာရောက်၊ မရောက်ဆိုတာက ဥပဒေပြဋ္ဌာန်းချက်တွေ လေ့လာကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့စာပေ၊ ညစ်ညမ်းတဲ့ရုပ်ပုံတွေကို ဖော်ပြတာနဲ့
ပတ်သက်လို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂ နဲ့ ၂၉၃ ရယ် ၁၉၆၂ ခုနှစ်ပုံနှိပ်သူများနှင့် ထုတ်ဝေသူများဥပဒေရယ် ဒီနှစ်ခုနဲ့အရေးယူလို့ ရပါတယ်” ဟု အထက်တန်းရှေ့နေတစ်ဦးက ရှင်းပြပါသည်။

ညစ်ညမ်းသော အရာဝတ္ထုများဆိုသည်မှာ တဏှာရာဂစိတ်ကို
 နှိုးဆွသည့်စာပေ၊ ရုပ်ပုံ၊ ဓာတ်ပုံများကို ဆိုလိုခြင်းဖြစ်ကြောင်း သိရှိရသည်။

မည်သူမဆို ညစ်ညမ်းသော စာအုပ်၊ စာအုပ်ငယ်၊ စာရွက်စာတမ်း၊
ရေးဆွဲသောပုံ၊ ပန်းချီကား၊ ပုံသဏ္ဍာန် ရုပ်ပုံတစ်မျိုးမျိုးကို သို့တည်းမဟုတ် ညစ်ညမ်းသောအရာဝတ္ထုကို ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့ မြင်သာအောင်ပြခြင်း၊ တစ်ခုခုကိုပြုလျင် သို့တည်းမဟုတ် နည်းတစ်မျိုးမျိုးဖြင့် ဖြန့်ချိခြင်းပြုလျင် ထိုသူကို သုံးလအထိ ထောင်ဒဏ်
တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်
ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂တွင် ပြဋ္ဌာန်းထားပါသည်။

ထို့အတူ မည်သူမဆို ညစ်ညမ်းသောအရာဝတ္ထုတစ်ခုခုကို အသက် ၂၀ မပြည့်သေးသော သူတစ်ဦးတစ်ယောက်သို့ ရောင်းခြင်း၊ ထုတ်ငှားခြင်း၊
ဝေငှခြင်း၊ ပြခြင်း၊ ဖြန့်ချိခြင်းပြုပါက ထိုသူကို ခြောက်လအထိ ထောင်ဒဏ်
တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်
ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၃ တွင် ဆိုထားပါသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂ နှင့် ၂၉၃ သည် ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့်
ရှိသောကြောင့် ရဲအရေးပိုင်သော ပုဒ်မများဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယားအရ သိရပါသည်။

“နိုင်ငံတကာမှာတော့ ဒါတွေရှိပါတယ်။ ဒါပေမဲ့ အခြေအနေဆိုတာရှိတယ်။ ဥပမာ-ရေကူးကန်မှာ ရေကူးဝတ်စုံနဲ့သွားတာ ဘာမှမဖြစ်ဘူး။ လမ်းမပေါ်မှာ ရေကူးဝတ်စုံနဲ့သွားရင်တော့ တော်တော်လေးသိပ်ရုပ်ဆိုး
ပါတယ်။ မသင့်တော်ပါဘူး။ ဒီအတိုင်းပဲ ကျွန်တော်တို့ မြန်မာပြည်မှာဆိုရင် ဒီလိုမျိုးအခြေအနေ ရှိနေတယ်။ လမ်းမပေါ်အခြေအနေ
ဖြစ်နေတယ်။ ရေကူးကန်ဘေး မဟုတ်ဘူး။ နိုင်ငံခြားမှာတော့တို့၊ ဘာတို့ရှိတယ်။ ဒါက သူ့အချိန်နဲ့သူ ဖြစ်နေတာ။ ဟိုမှာကအချိန်ကလည်း မအားကြတော့ လူတွေကလည်း ဒီဟာကို သက်သက်အချိန်မပေးနိုင်ကြဘူး။ သူတို့မှာက သတ်သတ်မှတ်မှတ်ရှိတယ်။ ၁၈ နှစ်အထက် မ၀ယ်ရ၊ မကြည့်ရဆိုပြီး စာအုပ်ကို ချုပ်ထားတာရှိတယ်၊၊ အဲဒီစာအုပ်ကို လမ်းဘေးမှာချရောင်းလို့လည်း မရဘူး” ဟု ၎င်းက ဆက်လက်ဆိုပါသည်။

“ဒီမှာက လမ်းဘေးမှာချရောင်းတဲ့ပုံစံမျိုး ဖြစ်မှာပဲ။ အခြေအနေ လုံးဝမတူပါဘူး။ ဒို့လုပ်ရင် ဖြစ်တာပဲ၊ သူများလည်း လုပ်တဲ့ဟာပဲ။ ဒို့လည်းလုပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်ရင်တော့ အခုလက်ရှိအနေအထားအရ မကောင်းဘူးလို့ ယူဆပါတယ်။ မလုပ်သင့်သေးဘူး ယူဆတယ်။ တချို့ကပြောတယ်။ ဒီလိုလုပ်ရင် မှောင်ခိုထွက်လာမှာပေါ့လို့
ပြောတယ်။ မှောင်ခိုထွက်တာက စာနယ်ဇင်းသိက္ခာနဲ့ မထိခိုက်ဘူး။ သူတို့ကစာနယ်ဇင်းကမှ မဟုတ်တာ။ မှောင်ခိုတွေကတော့ ထွက်မှာပဲ။ ဥပမာ-တိုင်းပြည်တစ်ပြည်မှာ သူခိုးတော့ ရှိမှာပဲ။ ရဲကနေ တတ်နိုင်သမျှ အရေးယူတာပဲ။ ဒါပေမဲ့ သူခိုးရှိတိုင်း လူတိုင်းထွက်ခိုးနေလို့ ဘယ်ရမလဲ။ သူခိုးရှိတိုင်း ခိုးခွင့်လိုင်စင် ချပေးလိုက်လို့ မရဘူး။ ကျွန်တော်တို့လည်း ဒီလိုပဲ အပြင်မှာမှောင်ခိုတွေရှိတိုင်း ညှို့မဂ္ဂဇင်းက ရှိသင့်ပါတယ်လို့ လိုင်စင်ကြီး မချပေးသင့်ဘူးလို့ ကျွန်တော်ထင်တယ်လေ။ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းလုပ်ရင်တော့ ကျန်တဲ့လုပ်တဲ့သူတွေတော့ အများကြီး သက်တောင့်သက်သာရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ စာနယ်ဇင်းကျင့်ဝတ်သိက္ခာကို စောင့်ထိန်းပြီး တတ်နိုင်သမျှ လုပ်ကိုင်သွားမယ်ဆိုရင်၊ ဒီညှို့မဂ္ဂဇင်းကို ပညာပေးသက်သက်လုပ်မယ်၊ လိင်ပညာပေးကြတော့လည်း မြန်မာအသိုင်းအ၀ိုင်းက တကယ်တမ်း လက်မခံနိုင်ကြသေးဘူး။ ဒါ့ကြောင့် လိင်ပညာပေးစာအုပ်ဆိုရင်လည်း တစ်တစ်ခွခွပုံတွေ ဖော်ပြခြင်းမပြုဘဲလုပ်ကြရင် ပိုကောင်းမယ်ထင်ပါတယ်” ဟု ဒေါက်တာခင်မောင်ညိုက ဖြည့်စွက်ပြောကြားခဲ့သည်။

ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဗဟိုမှတ်ပုံတင်အဖွဲ့မှ ထုတ်ဆင့်သော ညွှန်ကြားချက် ၇ တွင် ဖော်ပြထားသည်မှာ ရာဇ၀တ်မှု အားပေး
အားမြှောက်ပြုသည့် စာပေများနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ညစ်ညမ်းသည့်စာပေ (လိင်ကိစ္စများ၊ တဏှာရာဂစိတ်ထကြွစေသည့် စာပေများ စသည်) တို့ကို ထုတ်ဝေခြင်းမပြုရန် ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများဥပဒေအရ ထုတ်ပြန်ထားသည့် နည်းဥပဒေတစ်ခုခုကိုသော် လည်းကောင်း၊ ထုတ်ဆင့်သော အမိန့်ကိုသော် လည်းကောင်း လိုက်နာရန် ပျက်ကွက်ပါက အနည်းဆုံး ထောင်ဒဏ်တစ်နှစ်မှ အများဆုံး ထောင်ဒဏ်ခုနစ်နှစ်
အထိ ဖြစ်စေ၊ အနည်းဆုံးဒဏ်ငွေ ကျပ် ၃၀၀၀ မှ အများဆုံးဒဏ်ငွေ ကျပ် ၃၀၀၀၀ အထိဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများဥပဒေပုဒ်မ ၂၀ တွင် ဖော်ပြထားပါသည်။

ထို့အတူ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများဥပဒေ
ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ထုတ်ဝေသော စာစောင်များကို သိမ်းယူဖျက်ဆီးနိုင်ကြောင်း ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဥပဒေပုဒ်မ ၁၄ အရ သိရသည်။

“. . . ဒီနေ့ ဒီမိုကရေစီဆိုတဲ့ ကာလမျိုးမှာတော့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်။ ဒါပေမဲ့ ခုနက မြန်မာ့ယဉ်ကျေးမှု၊
မြန်မာ့ယဉ်ကျေးမှု ဆိုတာကြီးနဲ့ ပတ်သက်ပြီးတော့တော့ အစ်ကို့စိတ်ထဲ
တော်တော်စနိုးစနောင့်ဖြစ်တယ်။ အဲဒါကဘာလဲဆိုတော့ မြန်မာ့ယဉ်ကျေးမှု ဟုတ်ပြီ။ အဲဒီမြန်မာ့ယဉ်ကျေးမှုက အစ်ကိုတို့က ပျူခေတ်က ယဉ်ကျေးမှုနဲ့ အစ်ကိုတို့က အလုပ်လုပ်ကြရမှာလား။ ပုဂံခေတ်က ယဉ်ကျေးမှုနဲ့ အလုပ်လုပ်ကြရမှာလား။ ဒါမှမဟုတ် အစ်ကိုတို့မိဘတွေလက်ထက်က
ခေတ်စားခဲ့တဲ့ မှန်နိုင်လွန်ပေါ့နော်၊ အထဲကအတွင်းက မိန်းမအတွင်း
ရင်သားခံတဲ့ ဘရာစီယာလိုဟာကို ထင်းခနဲမြင်နေရပြီးတော့ အင်္ကျီပါးပါးလေးနဲ့ မှန်နိုင်လွန်ခေတ်က ယဉ်ကျေးမှုနဲ့ လုပ်ကြမှာလား။ ဒါမှမဟုတ် ဒီနေ့ခေတ်က မိန်းကလေးတွေ၊ မြန်မာလူငယ်တွေ ၀တ်စားဆင်ယင်နေတဲ့ ၀တ်စားဆင်ယင်ပုံ ယဉ်ကျေးမှုနဲ့ လုပ်ကြရမှာလား။ အဲဒီတစ်ခုတော့ တိကျပြတ်သားတဲ့ဟာကို တာဝန်ရှိတဲ့သူတွေက သတ်မှတ်ပေးဖို့တော့ လိုတယ်လေ၊၊ နောက်တစ်ခုက အစ်ကိုမြင်ပါတယ်။ အနုပညာအလုပ်တွေအကုန်လုံးက ယဉ်ကျေးမှုနဲ့ သွားတိုင်းတာလို့ မရဘူး။ ယဉ်ကျေးမှုဆိုတာက ထိန်းသိမ်းစောင့်ရှောက်ရမယ့် အရာပဲ။ လိုက်နာရမယ့်အရာတော့ မဟုတ်ဘူး၊၊ ယဉ်ကျေးမှုကို မပျောက်မပျက်
အောင် ထိန်းသိမ်းထားရမယ်။ ဒါပေမဲ့ ခေတ်ကိုလျှောက်လှမ်းတဲ့ နေရာမှာ အဲဒီယဉ်ကျေးမှုကြီးကို လိုက်နာရမယ်ဆိုရင်တော့ အဲဒီတိုင်းပြည် တိုးတက်လာမှာမဟုတ်ဘူးလို့ ကိုယ်မြင်တယ်” ဟု ညှို့မဂ္ဂဇင်း အယ်ဒီတာချုပ် ကိုဦးဆွေက သံတော်ဆင့်ဂျာနယ်၏ တွေ့ဆုံ
မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားထားပါသည်။

Eleven Media Groupညှို့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသော ဓာတ်ပုံနှင့်စာသားများသည် မြန်မာ့ ယဉ်ကျးမှုနှင့် မကိုက်ညီဘဲ လိင်ကိစ္စအသားပေးသော ညစ်ညမ်း စာပေနှင့် ရုပ်ပုံများဖြစ်နေကြောင်း စာဖတ်သူများအကြား ဝေဖန်မှုများ ရှိနေသည်။

ညှို့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသော ရုပ်ပုံအများစုသည် မိန်းကလေးများ၏ ရင်သား၊ ဗိုက်သား၊ ပေါင်တန်နှင့် မမြင်သင့်၊ မမြင်အပ်သည့် အရာအချို့ကို အသားပေးဖော်ပြထား သည်ကို တွေ့ရကြောင်း၊ ရုပ်ပုံနှင့်စာသားအချို့သည် စာဖတ်သူတို့၏ တဏှာရာဂစိတ်ကို နှိုးဆွသကဲ့သို့ ဖြစ်နေကြောင်း စာဖတ်သူများက ဝေဖန်ခဲ့ကြပါသည်။

“အမျိုးသားတွေဟာ ကိုယ့်ဇနီး၊ ချစ်သူနဲ့အတူ အိပ်စက်တော့မယ့်အခါ ကိုယ့်ဇနီးရဲ့ ခန္ဇာကိုယ်ပေါ် မှာ ပေါ့ပါးလွတ်လပ်ပြီး ဖယ်ရှားရလွယ်တဲ့ ည၀တ်အင်္ကျီ ခပ်ပါးပါးမျိုးပဲ ရှိနေစေချင်ကြတယ်။ ဖယ်ရှားရ ခက်တဲ့ တင်းကြပ်တဲ့ အ၀တ်အစားမျိုးတွေ ရှိမနေစေချင်ဘူး။ ဖြုတ်တပ်ရခက်တဲ့ ကြယ်သီးနဲ့ အင်္ကျီမျိုးတွေကို သူတို့ကြောက်ကြတယ်” ဟူသည့် အစရှိသော စာသားများကို ညှို့မဂ္ဂဇင်း တွင် ဖော်ပြပါရှိသည်ကို တွေ့ရသည်။

“စာနယ်ဇင်းလွတ်လပ်ခွင့် ရသွားပြီဆိုရင်တော့ ဒီလိုစာစောင် မဂ္ဂဇင်းတွေကတော့ ထွက်လာမှာပဲဗျ။ ကျွန်တော်ကတော့ ကြားချပြီးပြောရမှာပေါ့။ စာဖတ်တဲ့သူကလည်း သူ့အဆင့်အတန်းနဲ့သူ ရွေးချယ် မှာပဲလေ။ ထုတ်ဝေသူတွေကလည်း သူ့အဆင့်အတန်းနဲ့သူ ထုတ်တာပေါ့။ တစ်ဖက်ကလည်း စာနယ်ဇင်း သမားတွေ မီဒီယာ သမားတွေကလည်း ကျင့်ဝတ်လိုက်နာရမှာပေါ့။ ချမှတ်ထားတဲ့ ရှိပြီးတဲ့ကျင့်ဝတ်တွေ လိုက်နာရမှာပေါ့။ ဒီလိုစာစောင်မျိုးတွေက ကျွန်တော်ထင်တယ် နောင်ကျရင်လည်း ထွက်လာဦးမှာပဲ။ ဒါပေမဲ့လည်း ယဉ်ကျေးမှုအရ အမြင်မတင့်တယ်တာမျိုးလည်း ရှိမှာပေါ့။ စီးပွားရေးအရ တွက်ခြေကိုက်ဖို့ လုပ်ကြတာတစ်ပိုင်း၊ ဘာပဲဖြစ်ဖြစ် ကျင့်ဝတ်နဲ့အညီ လုပ်ကြတာတော့ ကောင်းတာပေါ့” ဟု ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ် The Voice Weekly ဂျာနယ်၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး) က ပြောကြားခဲ့သည်။

ဦးကျော်မင်းဆွေက “ဒီလိုစာစောင်မျိုးကိုလည်း ကျွန်တော်တို့က မထုတ်နဲ့၊ မပြုနဲ့လို့ ဇွတ်တားလို့ရတာမျိုး မဟုတ်ဘူး။ စာနယ်ဇင်းကောင်စီက အဲဒီမဂ္ဂဇင်းကို ခေါ်တွေ့တုန်းကတော့ ကျွန်တော် မပါလိုက်ဘူးဗျ။ ခေါ်ပြီးတာ့ ဆွေးနွေးတာ၊ ညှိနှိုင်းတာမျိုးပဲ ရှိခဲ့တယ်။ စကားပြောတယ်၊ အကြံပေးတယ် ဒါမျိုးပဲလုပ်ပါတယ်။ ဒီမဂ္ဂဇင်းနဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေရှိတယ်ဆိုတာ ကျွန်တော်လည်း ကြားပါတယ်။တော်တော်များများ ပြောကြပါတယ်။ ဒါကလည်း ကျွန်တော်တို့ယဉ်ကျေးမှုမှာလည်း တစ်လျှောက်လုံး ဒါမျိုးမရှိခဲ့တော့ ရုတ်တရက်ထွက်လာတော့ ပြောကြဆိုကြတာ ရှိပါတယ်။ စာဖတ်ပရိသတ်ကလည်း သူ့ရွေးချယ်မှုနဲ့သူ သွားမှာပါ။ စာနယ်ဇင်းလောကမှာ မီဒီယာလောကမှာ ကျင့်ဝတ်ဆိုတာတော့ ရှိပါတယ်။ ကျင့်ဝတ်တွေနဲ့ ချိန်ထိုးပြီး ထုတ်ဝေသူတွေအနေနဲ့ ကိုယ့်ဘာသာ ဆင်ခြင်ဖို့ပါပဲ။ ကျွန်တော့အနေနဲ့တော့ တစ်ဦးတစ်ယောက်က အာဏာနဲ့ပြောတာဆိုတာမျိုးထက် ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဆင်ခြင်တာမျိုးပဲ အကြံပေးဖို့ပဲ ရှိပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

“ဒီကိစ္စတွေသည် ညစ်ညမ်းမှုဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ပတ်ဝန်းကျင် အဖွဲ့အစည်းအပေါ်မှာ မူတည်တယ်။ အဲဒီပစ္စည်းတစ်ခု ပျံနှံ့တဲ့ ပတ်ဝန်းကျင်က ဆုံးဖြတ်တယ်။ အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ ယဉ်ကျေးမှုစံချိန်၊ စံညွန်းတွေနဲ့ သတ်မှတ်တိုင်းတာပါတယ်။ ဒီကိစ္စသည်အများက ညစ်ညမ်းတယ်လို့မြင်ရင် ညစ်ညမ်းတဲ့ကိစ္စ၊ မသင့်တော်တဲ့ကိစ္စ ဖြစ်မှာပါ” ဟု ဦးဖေမြင့် (အယ်ဒီတာချုပ်၊ ပြည်သူ့ခေတ်ဂျာနယ်) က ပြောကြားခဲ့သည်။

ညစ်ညမ်းသောစာပေနှင့် ရုပ်ပုံများကို ထုတ်ဝေခြင်း၊ ရောင်းချခြင်း ပြုလုပ်မှုများသည် ရဲအရေး ပိုင် သော ပြစ်မှုများဖြစ်နေကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယားပါ ပြဌာန်းချက်များအရ သိရသည်။

“ဂျာနယ်ဖြစ်ဖြစ်၊ မဂ္ဂဇင်းဖြစ်ဖြစ် မောင်နဲ့အစ်မ၊ သားနဲ့အမိ ကြည့်လို့မသင့်၊ ဖတ်လို့မသင့်တဲ့ ညစ်ညမ်းတဲ့စာပေ၊ ညစ်ညမ်းတဲ့ရုပ်ပုံတွေကို ဖော်ပြတာတွေက တည်ဆဲဥပဒေတွေကို ချိုးဖောက် ရာရောက်ရင် အရေးယူခံရမှာ ဖြစ်ပါတယ်။ ညှို့မဂ္ဂဇင်းမှာ ဖော်ပြတာတွေဟာ ဥပဒေတွေကို ချိုးဖောက် ရာရောက်ရင်တော့ အရေးယူခံရနိုင်ပါတယ်။ ဥပဒေတွေကို ချိုးဖောက်ရာရောက်၊ မရောက်ဆိုတာက ဥပဒေပြဋ္ဌာန်းချက်တွေ လေ့လာကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့စာပေ၊ ညစ်ညမ်းတဲ့ရုပ်ပုံတွေကို ဖော်ပြတာနဲ့ ပတ်သက်လို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂ နဲ့ ၂၉၃ ရယ် ၁၉၆၂ ခုနှစ်ပုံနှိပ်သူများနှင့် ထုတ်ဝေသူများဥပဒေရယ် ဒီနှစ်ခုနဲ့အရေးယူလို့ ရပါတယ်” ဟု အထက်တန်းရှေ့နေတစ်ဦးက ရှင်းပြပါသည်။

ညစ်ညမ်းသော အရာဝတ္ထုများဆိုသည်မှာ တဏှာရာဂစိတ်ကို နှိုးဆွသည့်စာပေ၊ ရုပ်ပုံ၊ ဓာတ်ပုံများကို ဆိုလိုခြင်းဖြစ်ကြောင်း သိရှိရသည်။

မည်သူမဆို ညစ်ညမ်းသော စာအုပ်၊ စာအုပ်ငယ်၊ စာရွက်စာတမ်း၊ ရေးဆွဲသောပုံ၊ ပန်းချီကား၊ ပုံသဏ္ဍာန် ရုပ်ပုံတစ်မျိုးမျိုးကို သို့တည်းမဟုတ် ညစ်ညမ်းသောအရာဝတ္ထုကို ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့ မြင်သာအောင်ပြခြင်း၊ တစ်ခုခုကိုပြုလျင် သို့တည်းမဟုတ် နည်းတစ်မျိုး မျိုးဖြင့် ဖြန့်ချိခြင်းပြုလျင် ထိုသူကို သုံးလအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂တွင် ပြဋ္ဌာန်းထားပါသည်။

ထို့အတူ မည်သူမဆို ညစ်ညမ်းသောအရာဝတ္ထုတစ်ခုခုကို အသက် ၂၀ မပြည့်သေးသော သူတစ်ဦးတစ်ယောက်သို့ ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ ပြခြင်း၊ ဖြန့်ချိခြင်းပြုပါက ထိုသူကို ခြောက်လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၃ တွင် ဆိုထားပါသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂ နှင့် ၂၉၃ သည် ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသောကြောင့် ရဲအရေးပိုင်သော ပုဒ်မများဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယားအရ သိရပါသည်။

“နိုင်ငံတကာမှာတော့ ဒါတွေရှိပါတယ်။ ဒါပေမဲ့ အခြေအနေဆိုတာရှိတယ်။ ဥပမာ-ရေကူး ကန်မှာ ရေကူးဝတ်စုံနဲ့သွားတာ ဘာမှမဖြစ်ဘူး။ လမ်းမပေါ်မှာ ရေကူးဝတ်စုံနဲ့ သွားရင်တော့ တော်တ်ာလေးသိပ်ရုပ်ဆိုး ပါတယ်။ မသင့်တော်ပါဘူး။ ဒီအတိုင်းပဲ ကျွန်တော်တို့ မြန်မာပြည်မှာဆိုရင် ဒီလိုမျိုးအခြေအနေ ရှိနေတယ်။ လမ်းမပေါ် အခြေ အနေ ဖြစ်နေတယ်။ ရေကူးကန်ဘေး မဟုတ်ဘူး။ နိုင်ငံခြားမှာတော့တို့၊ ဘာတို့ရှိတယ်။ ဒါက သူ့အချိန်နဲ့သူ ဖြစ်နေတာ။ ဟိုမှာကအချိန်ကလည်း မအားကြတော့ လူတွေကလည်း ဒီဟာကို သက်သက်အချိန်မပေးနိုင်ကြဘူး။ သူတို့မှာက သတ်သတ်မှတ်မှတ်ရှိတယ်။ ၁၈ နှစ်အထက် မ၀ယ်ရ၊ မကြည့်ရဆိုပြီး စာအုပ်ကို ချုပ်ထားတာရှိတယ်၊၊ အဲဒီစာအုပ်ကို လမ်းဘေးမှာချရောင်းလို့လည်း မရဘူး” ဟု ၎င်းက ဆက်လက်ဆိုပါသည်။

“ဒီမှာက လမ်းဘေးမှာချရောင်းတဲ့ပုံစံမျိုး ဖြစ်မှာပဲ။ အခြေအနေ လုံးဝမတူပါဘူး။ ဒို့လုပ်ရင် ဖြစ်တာပဲ၊ သူများလည်း လုပ်တဲ့ဟာပဲ။ ဒို့လည်းလုပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်ရင်တော့ အခုလက်ရှိအနေအထားအရ မကောင်းဘူးလို့ ယူဆပါတယ်။ မလုပ်သင့်သေးဘူး ယူဆတယ်။ တချို့ကပြောတယ်။ ဒီလိုလုပ်ရင် မှောင်ခိုထွက်လာမှာပေါ့လို့ ပြောတယ်။ မှောင်ခိုထွက်တာက စာနယ်ဇင်းသိက္ခာနဲ့ မထိခိုက် ဘူး။ သူတို့ကစာနယ်ဇင်းကမှ မဟုတ်တာ။ မှောင်ခိုတွေကတော့ ထွက်မှာပဲ။ ဥပမာ-တိုင်းပြည်တစ်ပြည်မှာ သူခိုးတော့ ရှိမှာပဲ။ ရဲကနေ တတ်နိုင်သမျှ အရေးယူတာပဲ။ ဒါပေမဲ့ သူခိုးရှိတိုင်း လူတိုင်းထွက်ခိုးနေလို့ ဘယ်ရမလဲ။ သူခိုးရှိတိုင်း ခိုးခွင့်လိုင်စင် ချပေးလိုက်လို့ မရဘူး။ ကျွန်တော်တို့လည်း ဒီလိုပဲ အပြင်မှာမှောင်ခိုတွေရှိတိုင်း ညှို့မဂ္ဂဇင်းက ရှိသင့်ပါတယ်လို့ လိုင်စင်ကြီး မချပေးသင့်ဘူးလို့ ကျွန်တော်ထင်တယ်လေ။ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းလုပ်ရင်တော့ ကျန်တဲ့လုပ်တဲ့သူတွေတော့ အများကြီး သက်တောင့်သက်သာရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ စာနယ်ဇင်းကျင့်ဝတ် သိက္ခာ ကို စောင့်ထိန်းပြီး တတ်နိုင်သမျှ လုပ်ကိုင်သွားမယ်ဆိုရင်၊ ဒီညှို့မဂ္ဂဇင်းကို ပညာပေးသက်သက်လုပ်မယ်၊ လိင်ပညာပေးကြတော့လည်း မြန်မာအသိုင်းအ၀ိုင်းက တကယ်တမ်း လက်မခံနိုင်ကြသေးဘူး။ ဒါ့ကြောင့် လိင်ပညာပေးစာအုပ်ဆိုရင်လည်း တစ်တစ်ခွခွပုံတွေ ဖော်ပြခြင်းမပြုဘဲလုပ်ကြရင် ပိုကောင်းမယ် ထင်ပါ တယ်” ဟု ဒေါက်တာခင်မောင်ညိုက ဖြည့်စွက်ပြောကြားခဲ့သည်။

ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဗဟိုမှတ်ပုံတင်အဖွဲ့မှ ထုတ်ဆင့်သော ညွှန်ကြားချက် ၇ တွင် ဖော်ပြထားသည်မှာ ရာဇ၀တ်မှု အားပေး အားမြှောက်ပြုသည့် စာပေများနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ညစ်ညမ်းသည့်စာပေ (လိင်ကိစ္စများ၊ တဏှာရာဂစိတ်ထကြွစေသည့် စာပေများ စသည်) တို့ကို ထုတ်ဝေခြင်းမပြုရန် ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများဥပဒေအရ ထုတ်ပြန်ထားသည့် နည်းဥပဒေတစ်ခုခုကိုသော် လည်းကောင်း၊ ထုတ်ဆင့်သော အမိန့်ကိုသော် လည်းကောင်း လိုက်နာရန် ပျက်ကွက်ပါက အနည်းဆုံး ထောင်ဒဏ်တစ်နှစ်မှ အများဆုံး ထောင်ဒဏ်ခုနစ်နှစ်အထိ ဖြစ်စေ၊ အနည်းဆုံးဒဏ်ငွေ ကျပ် ၃၀၀၀ မှ အများဆုံးဒဏ်ငွေ ကျပ် ၃၀၀၀၀ အထိဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများဥပဒေပုဒ်မ ၂၀ တွင် ဖော်ပြထားပါသည်။

ထို့အတူ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများဥပဒေ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ထုတ်ဝေသော စာစောင်များကို သိမ်းယူဖျက်ဆီးနိုင်ကြောင်း ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဥပဒေပုဒ်မ ၁၄ အရ သိရသည်။

“. . . ဒီနေ့ ဒီမိုကရေစီဆိုတဲ့ ကာလမျိုးမှာတော့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်။ ဒါပေမဲ့ ခုနက မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ယဉ်ကျေးမှု ဆိုတာကြီးနဲ့ ပတ်သက်ပြီးတော့တော့ အစ်ကို့စိတ်ထဲ တော်တော်စနိုးစနောင့်ဖြစ်တယ်။ အဲဒါကဘာလဲဆိုတော့ မြန်မာ့ယဉ်ကျေးမှု ဟုတ်ပြီ။ အဲဒီမြန်မာ့ယဉ်ကျေးမှုက အစ်ကိုတို့က ပျူခေတ်က ယဉ်ကျေးမှုနဲ့ အစ်ကိုတို့က အလုပ်လုပ်ကြရမှာလား။ ပုဂံခေတ်က ယဉ်ကျေးမှုနဲ့ အလုပ်လုပ်ကြရမှာလား။ ဒါမှမဟုတ် အစ်ကိုတို့မိဘတွေလက်ထက် က ခေတ်စား ခဲ့တဲ့ မှန်နိုင်လွန်ပေါ့နော်၊ အထဲက အတွင်းက မိန်းမအတွင်းရင်သားခံတဲ့ ဘရာစီယာလိုဟာကို ထင်းခနဲမြင်နေရပြီးတော့ အင်္ကျီပါးပါးလေးနဲ့ မှန်နိုင်လွန်ခေတ်က ယဉ်ကျေးမှုနဲ့ လုပ်ကြမှာလား။ ဒါမှမဟုတ် ဒီနေ့ခေတ်က မိန်းကလေးတွေ၊ မြန်မာလူငယ်တွေ ၀တ်စားဆင်ယင်နေတဲ့ ၀တ်စားဆင်ယင်ပုံ ယဉ်ကျေးမှုနဲ့ လုပ်ကြရမှာလား။ အဲဒီတစ်ခုတော့ တိကျပြတ်သားတဲ့ဟာကို တာဝန်ရှိတဲ့သူတွေက သတ်မှတ်ပေးဖို့တော့ လိုတယ်လေ၊၊ နောက်တစ်ခုက အစ်ကိုမြင်ပါတယ်။ အနုပညာအလုပ်တွေအကုန်လုံးက ယဉ်ကျေးမှုနဲ့ သွားတိုင်းတာလို့ မရဘူး။ ယဉ်ကျေးမှုဆိုတာက ထိန်းသိမ်းစောင့်ရှောက်ရမယ့် အရာပဲ။ လိုက်နာရမယ့်အရာတော့ မဟုတ်ဘူး၊၊ ယဉ်ကျေးမှုကို မပျောက်မပျက်
အောင် ထိန်းသိမ်းထားရမယ်။ ဒါပေမဲ့ ခေတ်ကိုလျှောက်လှမ်းတဲ့ နေရာမှာ အဲဒီယဉ်ကျေးမှုကြီးကို လိုက်နာရမယ်ဆိုရင်တော့ အဲဒီတိုင်းပြည် တိုးတက်လာမှာမဟုတ်ဘူးလို့ ကိုယ်မြင်တယ်” ဟု ညှို့မဂ္ဂဇင်း အယ်ဒီတာချုပ် ကိုဦးဆွေက သံတော်ဆင့်ဂျာနယ်၏ တွေ့ဆုံ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားထားပါသည်။

From : Eleven Media Group

No comments:

Post a Comment