Saturday, December 22, 2012

မောင်တောနယ်စပ် ကြိမ်ချောင်း - တောင်ပြို ကားလမ်းပြန်ဖွင့်

Photo: မောင်တောနယ်စပ် ကြိမ်ချောင်း - တောင်ပြို ကားလမ်းပြန်ဖွင့်
Saturday, December 22, 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ်မဟာဗျူဟာမြောက်ချစ်ကြည်ရေးကားလမ်း
ဖောက်လုပ်ရန် လျာထားရှိသည့် လမ်းကြောင်း၏ တစ်စိတ် တစ်ခု
ဖြစ်သည့် မောင်တောနယ်စပ်ကြိမ်ချောင်း-တောင်ပြိုကားလမ်းအား ယခုလဆန်းပိုင်းမှစပြီးသက်ဆိုင်ရာမှ တရားဝင် ဖွင့်လှစ်ပေးခဲ့ရာ ခရီးသည်နှင့်ကုန်ကားများပြန်လည် ပြေးဆွဲနေပြီဖြစ်ကြောင်း ကြိမ်ချောင်းကားဂိတ်မှယာဉ်မောင်းများထံက သိရသည်။

အဆိုပါလမ်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတို့ ဖောက်လုပ်ခဲ့သော သမိုင်းဝင်လမ်းကြောင်း တစ်ခုဖြစ်ပြီး   မောင်တော နယ်စပ်
ဆောက်လုပ်ရေးအဖွဲ့မှ ကားများပြေးဆွဲနိုင်သည်အထိ အဆင့်
မြှင့်တင် ပြန်လည်ဖောက်လုပ်ပြီး ယခုနှစ် ဧပြီလ(၁)ရက်နေမှစ၍ ခရီးသည်နှင့်ကုန်ကားများ ပြေးဆွဲလာခြင်း ဖြစ်ကြောင်း သိရသည်။

ဇွန်လအတွင်းက ဖြစ်ပွါးခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပါအ၀င် အောက်တိုဘာလဆန်းပိုင်းက နယ်စပ်ဆောက်လုပ်ရေး အဖွဲ့(G.E) သုံးဦးကို ပြန်ပေးဆွဲမှုနှင့် နယ်စပ်ဒေသလုံခြုံရေး အခြေအနေ များကြောင့် ဇွန်လမှ နိုဝင်ဘာလအတွင်း အဆိုပါလမ်းအား (၃)ကြိမ်တိုင်တိုင် ဖွင့်/ပိတ်မှုများ ရှိခဲ့သည်။

“သက်ဆိုင်ရာမှ အခုလဆန်းပိုင်းမှ ပြန်ဖွင့် ပေးခဲ့တာဖြစ်ပါတယ်။ မိုးတွင်းကာလတစ်လျှောက်လုံးလိုလို   ပြန်ဖွင့်လိုက် ပြန်ပိတ်လိုက် နဲ့ နယ်စပ် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေ စီးပွားရေးထိခိုက် နစ်နာမှုတွေ ရှိခဲ့ပါတယ်။ ပြန်လည်ဖွင့်လှစ်ပေးခဲ့တဲ့ သက်ဆိုင် ရာတွေကို
ကျေးဇူးတင်ရမှာပါ။”ဟု ကြိမ်ချောင်း ဒေသမှ နယ်စပ်ပို့ကုန်
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ကြိမ်ချောင်း -တောင်ပြို ကားလမ်းအသုံးပြုပြီး ပြည်တွင်းမှ ကုန်ပစ္စည်းများကို အဆိုပါလမ်းကြောင်း အသုံးပြုပြီး မောင်တောဒေသမှ တိုက်ရိုက်
တင်ပို့နိုင်သလို တစ်ဖက်ဘင်္ဂလာဒေ့ရှ်မှ ကုန်ပစ္စည်းများ အား တိုက်ရိုက်တင်သွင်းနိုင်သည့် နယ်စယ်ကုန်သွယ်ရေး လမ်းကြောင်းသစ် တစ်ခုဖြစ်သည်။

ကြိမ်ချောင်း -တောင်ပြို ကားလမ်းမှာ(၁၅)မိုင်ခန့်ရှည်လျားပြီး
နေ့စဉ်ခရီးသွားအင်အား (၁၅၀)မှ (၂၀၀)အတွင်း သွားလာလျက်ရှိသည်။

အာရကန်ကိုကို-မောင်တော(မြစ်မခ)
Myit Makha Mediagroupမြန်မာ-ဘင်္ဂလားဒေ့ရှ်မဟာဗျူဟာမြောက် ချစ်ကြည်ရေး ကား လမ်း ဖောက်လုပ်ရန်လျာထားရှိသည့် လမ်းကြောင်း ၏ တစ်စိတ် တစ်ခု ဖြစ်သည့် မောင်တောနယ် စပ်ကြိမ်ချောင်း -တောင်ပြို ကားလမ်းအား ယခုလဆန်းပိုင်းမှစပြီးသက်ဆိုင်ရာမှ တရားဝင် ဖွင့်လှစ်ပေးခဲ့ရာ ခရီးသည်နှင့် ကုန်ကားများပြန် လည် ပြေး ဆွဲနေပြီဖြစ်ကြောင်း ကြိမ်ချောင်း ကားဂိတ်မှ ယာဉ်မောင်းများထံက သိရ သည်။

အဆိုပါလမ်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတို့ ဖောက်လုပ်ခဲ့သော သမိုင်းဝင်လမ်းကြောင်း တစ်ခုဖြစ်ပြီး မောင်တော နယ်စပ်ဆောက်လုပ်ရေးအဖွဲ့မှ ကားများပြေးဆွဲနိုင်သည်အထိ အဆင့်မြှင့် တင် ပြန် လည်ဖောက်လုပ်ပြီး ယခုနှစ် ဧပြီလ(၁)ရက်နေမှစ၍ ခရီးသည်နှင့် ကုန်ကား များ ပြေးဆွဲ လာခြင်း ဖြစ်ကြောင်း သိရသည်။

ဇွန်လအတွင်းက ဖြစ်ပွါးခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပါအ၀င် အောက်တိုဘာလဆန်းပိုင်းက နယ် စပ်ဆောက်လုပ်ရေး အဖွဲ့(G.E) သုံးဦးကို ပြန်ပေးဆွဲမှုနှင့် နယ်စပ်ဒေသလုံခြုံရေး အခြေအနေ များကြောင့် ဇွန်လမှ နိုဝင်ဘာလအတွင်း အဆိုပါလမ်းအား (၃)ကြိမ်တိုင်တိုင် ဖွင့်/ပိတ်မှုများ ရှိခဲ့သည်။

“သက်ဆိုင်ရာမှ အခုလဆန်းပိုင်းမှ ပြန်ဖွင့် ပေးခဲ့တာဖြစ်ပါတယ်။ မိုးတွင်း ကာလ တစ်လျှောက် လုံးလိုလို ပြန်ဖွင့်လိုက် ပြန်ပိတ်လိုက် နဲ့ နယ်စပ် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေ စီးပွားရေးထိခိုက် နစ်နာမှုတွေ ရှိခဲ့ပါတယ်။ ပြန်လည်ဖွင့်လှစ်ပေးခဲ့တဲ့ သက်ဆိုင် ရာတွေကိုကျေးဇူး တင်ရမှာပါ။”ဟု ကြိမ်ချောင်း ဒေသမှ နယ်စပ်ပို့ကုန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ကြိမ်ချောင်း -တောင်ပြို ကားလမ်းအသုံးပြုပြီး ပြည်တွင်းမှ ကုန်ပစ္စည်းများကို အဆိုပါလမ်းကြောင်း အသုံးပြုပြီး မောင်တောဒေသမှ တိုက်ရိုက်တင်ပို့နိုင်သလို တစ်ဖက်ဘင်္ဂလာဒေ့ရှ်မှ ကုန်ပစ္စည်းများ အား တိုက်ရိုက်တင်သွင်းနိုင်သည့် နယ်စယ်ကုန်သွယ်ရေး လမ်းကြောင်းသစ် တစ်ခုဖြစ်သည်။

ကြိမ်ချောင်း -တောင်ပြို ကားလမ်းမှာ(၁၅)မိုင်ခန့်ရှည်လျားပြီးနေ့စဉ်ခရီးသွားအင်အား (၁၅၀)မှ (၂၀၀)အတွင်း သွားလာလျက်ရှိသည်။

(မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment