Sunday, December 16, 2012

— နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကျိုက်သလ္လံစေတီတော်အား ဖူးမြော်

မော်လမြိုင်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာ(၁၆)ရက် နံနက် ပိုင်းတွင် မော်လမြိုင် မြို့ တောင်ရိုး တန်း၌ တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ကျိုက် သလ္လံစေတီတော်အား ဖူးမြော်ကြည်ညိုသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်နှင့် အဖွဲ့ဝင်များသည် နံနက်(၈)နာရီ (၁၅)မိနစ်တွင် သမိုင်းဝင် ကျိုက်သလ္လံစေတီတော် သို့ ရောက်ရှိ ကြရာ စေတီတော်ဂေါပကအဖွဲ့ဝင်များက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဝိသာခါဝတ်တော်ကြီးတန်ဆောင်းအတွင
်း ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ရေချမ်း၊ ဆီမီးတို့ဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် စေတီတော်အတွက် အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံကြပြီး ကျိုက်သလ္လံစေတီတော် မြတ်ကြီးပုံတူအား ဓမ္မလက်ဆောင်အဖြစ်ပြန်လည်ပေးအပ်သ
ည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများသည် စေတီတော် ဧည့်သည်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကြပြီး စေတီတော်အား လှည့်လည်ဖူးမြော်ကြည် ညိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် စေတီတော်ရင်ပြင်တော်ပေါ်မှ မော်လမြိုင်မြို့တည်ရှိမှုနှင့်
ဒေသပတ်ဝန်းကျင် အခြေအနေ များကိုကြည့်ရှုပြီး မော်လမြိုင်မြို့ ဖွံဖြိုးစည်ပင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်သင့်သည်များကို တာဝန်ရှိသူများအားမှာကြား သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်မျ
ားသည် မော်လမြိုင်မြို့မှ အထူးလေယာဉ်ဖြင့် ထားဝယ်မြို့သို့ထွက်ခွာရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား တိုင်းရင်းသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများက မော်လမြိုင်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
 
 
From..မြ၀တီ  

No comments:

Post a Comment