Tuesday, December 25, 2012

ငြိမ်းချမ်းရေးအတွက် ရေးသည့်စာ...



သူငယ်ချင်း။
မင်းပြောတာက ကချင်ပြည်နယ်ကို ကချင်တွေ အုပ်ချုပ်ချင်တယ်။ တိုင်းရင်းသား အခွင့်အရေးတွေ တန်းတူ ရချင် တယ်။ မြန်မာ စစ်တပ်က ကချင်ပြည်နယ်ကို ကျူးကျော်နေတယ်၊ ဒါကြောင့် ကေအိုင်အေက လက် နက် ကိုင်ပြီး တိုက်ပွဲဝင်တယ် ဆိုတာပဲ မဟုတ်လား။

အခုက ၂၀၁၂ ကို ရောက်နေပြီ သူငယ်ချင်း။ စစ်ပွဲကြားမှာ သေဆုံးခဲ့တဲ့ ကချင်ပြည်နယ်က ကိုးတန်းေ ကျာင်း သူလေး အကြောင်းကို တစ်နိုင်ငံလုံး သိတဲ့ ခေတ်ကို ရောက်နေပြီ။ ပြီးတော့ ရွေးကောက် ပွဲမှာ ပြည်သူ လိုလား တဲ့၊ ပြည်သူက မဲပေးတဲ့ သူတွေ အုပ်ချုပ်တဲ့ ခေတ်ကို ရောက်နေပြီလေကွာ။ ကချင်ပြည် နယ်ကို ကချင်တွေ အုပ်ချုပ်ချင်တယ် ဆိုရင် ကချင်ပြည်သူ အကျိုးကိုလုပ်မယ် ယုံလို့ ကချင်ပြည်သူတွေ မဲပေး ခဲ့တဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ထဲ ၀င်နိုင်အောင် ကြိုးစားပေါ့ကွာ။ ရှမ်းပြည်နယ်မှာ ရှမ်းတွေ အကျိုးကို လုပ်ခဲ့လို့ ဒေါက်တာ စိုင်းမောက်ခမ်း ဒုသမ္မတ ဖြစ်နေတာကို ကြည့်ပါအုံး။

တိုင်းရင်းသား အခွင့်အရေးကတော့ ဒုသမ္မတကနေ စပြီး တိုင်းရင်းသား ၀တ်စုံတွေနဲ့ လွှတ်တော် တက်နေ တဲ့ အမတ်တွေကို ကြည့်ပေါ့ကွာ။ ဒို့တာဝန် အရေး(၃)ပါးမှာ တိုင်းရင်းသား စည်းလုံး ညီညွှတ်မှု မပြိုကွဲရေး ဆိုတာ ဒုတိယ ဦးစားပေး မဟုတ်လား။ မြန်မာနိုင်ငံမှာ ဘယ်တိုင်းရင်းသား မတက်ရဆိုတဲ့ တက္ကသိုလ် ကော လိပ် မရှိသလို၊ ဘယ်တိုင်းရင်းသား မပါရ ဆိုတဲ့ အဖွဲ့အစည်းလဲ မရှိပါဘူး။ နောက်ဆုံး တိုင်းရင်းသား မှန်သမျှ မြန်မာ နိုင်ငံထဲ ဘယ်နေရာ မသွားရဆိုတဲ့ ကန့်သတ်ချက်လဲ မရှိပါဘူး သူငယ်ချင်း။

မြန်မာ စစ်တပ်က ကချင်ပြည်နယ်ကို ကျူးကျော်နေတယ်။ ဒါကြောင့် စစ်ပွဲတွေ ဖြစ်နေပါတယ် ဆိုပြီး မင်း က ပြော တယ်။ မင်းပြောတဲ့ မြန်မာစစ်တပ်ဆိုတာ ရဲဘော်သုံးကျိပ်က စပြီး နိုင်ငံတော် မြေပုံကြီး အခု လို ဖြစ်ဖို့ ဖွဲ့စည်း ထားတဲ့ မြန်မာ့တပ်မတော်ကွ။ ဒီတပ်မတော်ထဲမှာ တိုင်းရင်းသား ညီအစ်ကိုတွေ အားလုံး ပါတယ်။ မင်းပြော သလို နယ်ချဲ့တာသာဆိုရင် အဲဒီမှာ တာဝန်ထမ်းနေတဲ့ စစ်သားတွေ ဘယ်ငတ် မလဲ ကွာ။ ကချင်မြို့ နယ် တစ်မြို့နယ်စီက ဘယ်နေ့မှာ ရိက္ခာလာပေး၊ ဘယ်နေ့မှာ ဘာလာပေးဆိုပြီး အခန့် သား ထိုင်နေ မှာပေါ့။ ငြိမ်းချမ်း ရေးဆိုတဲ့ စကားကိုလည်း တပ်မတော် ဗိုလ်ချုပ်ကြီး အဆင့်တွေက ဘာလို့ ပြောမလဲကွာ။

ကေအိုင်အေဆိုတာ ကချင်ပြည်နယ်ထဲက လမ်းမှာ၊ရွာမှာ တွေ့သမျှ ယောက်ျား၊ မိန်းမကို ဖမ်းပြီး အကြောက် တရားနဲ့ သေနတ်ကိုင်ခိုင်းထားတာ။ အခု တပ်မတော်ဆိုတာက တစ်နိုင်ငံလုံးက စစ်သားတွေ ဒို့တာဝန် အရေး(၃)ပါးကို ကာကွယ်မယ်ဆိုပြီး သေနတ်ကိုင်ထားရတာလေ။ ကချင်ပြည်နယ်မှာ ကေအိုင်အေ မရှိလို့ ဘာမှ မဖြစ်ဘူး သူငယ်ချင်း။ မင်းတို့ လက်နက်ကိုင်ပြီး ကချင်ပြည်နယ်ကို ကာကွယ်ချင်ပါတယ်ဆိုရင် တပ်မ တော် ထဲဝင်ပြီး ကချင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ပေါ့ကွာ။

သမ္မတကြီးက ပြောတယ်။ လောလောဆယ် အပစ်အခတ်ရပ်စဲမယ်။ တိုင်းပြည် ဖွံ့ဖြိုးရေးကို အတူတူ လုပ် ဆောင်ကြမယ်။ဘယ်လောက် ကောင်းလဲ သူငယ်ချင်း။ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးနေမှတော့ မင်းတို့ ကချင်ပြည် နယ်မှာ လက်နက်ကိုင်ပြီး တော်လှန်ရေးဆိုတာ လုပ်စရာမှ မလိုတော့တာ။ ပြည်နယ် ဖွံ့ဖြိုး တိုးတက် လေလေ၊ မင်းတို့ အကျိုးရှိလေလေ ပဲ မဟုတ်လား။ ဒီလို အကျိုးရှိတဲ့ အလုပ်တွေကို မလုပ်ဘဲ လက် နက်ကိုင်ပြီး တော်လှန်နေယုံနဲ့ မင်းတို့အတွက် စစ်ပွဲဒဏ်တွေကလွဲပြီး ဘာမှ အကျိုးမရှိပါဘူး သူငယ်ချင်း။

ခေတ်မမီတော့တဲ့ အတွေးတွေနဲ့ ပြည်နယ် တစ်ပြည်နယ်စီခွဲထုတ်ပြီး စိတ်တိုင်းကျ ကိုယ်ပိုင် အုပ်ချုပ်နေ တာထက် စည်းစည်းလုံးလုံးနဲ့ အင်အားတောင့်တင်းတဲ့ တိုင်းပြည်ကြီးလုပ်တာက ပိုမကောင်းဘူးလား။ ငါတို့ နိုင်ငံကြီး မှာ ရွှေတိဂုံ စေတီကြီး ရှိတယ်။ ပုဂံ ဘုရားတွေ ရှိတယ်။ မြောက်ဦး ဘုရားတွေ ရှိတယ်။ ပင်လယ် ကမ်းခြေေ တွ ရှိတယ်။ မေခ မလိခမြစ်ဆုံနဲ့ ခါကာဘိုရာဇီ တောင်ကြီး ရှိတယ်။ အင်းလေးကန်လို သဘာဝ အလှေ တွနဲ့ ချင်းပြည်နယ်က အသဲပုံ ရေကန်ကြီးတွေရှိတယ်ဆိုပြီး တစ်ပေါင်းတစ်စည်းထဲ စုပြီး ဂုဏ်ယူ ရတာ ကို ငါတို့ ဂုဏ်မယူတတ်ခဲ့ရင် ငါတို့ နွားခြေရာခွက်ထဲက ဖားလို ဖြစ်နေမှာပေါ့ သူငယ်ချင်း။

ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်တာ တပ်မတော် အလုပ်ပါ။ ကချင်ပြည်နယ် အေးချမ်းဖို့ လက်နက် ကိုင် ပြီး အကြမ်းဖက်တဲ့ ကေအိုင်အေကို တိုက်ခိုက်တာ တပ်မတော်ရဲ့ အလုပ်ပါ သူငယ်ချင်း။ တိုက်ပွဲတွေ ဖြစ်ခဲ့ လို့ တိုက်ပွဲပြီးဆုံးသွားတဲ့အခါမှာ ဒီစစ်သားတွေက ကချင်ပြည်နယ် နယ်စပ်မှာ ဒို့နိုင်ငံကြီးရဲ့ ပြည်ပ ရန်အတွက် တာဝန်သွားပြီး ထမ်းဆောင်ကြလိမ့်မယ်။ မင်းတို့က ကချင်ပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ၊ မင်းတို့ ရွာ တွေ၊ မင်း တို့ လူမျိုးတွေ အကျိုးအတွက် အေးအေးချမ်းချမ်း လုပ်ေ ဆာင်ကြပေါ့။

ငါတို့ ပြောတာက တိုင်းရင်းသား စည်းလုံးညီညွှတ်ပြီး နိုင်ငံတော်ကြီး တိုးတက်ဖွံ့ဖြိုးဖို့ အတွက်ပါပဲ။ သူငယ် ချင်း ရေ။ ပြည်နယ်ကောင်းစားဖို့ လက်နက်ကိုင်စရာ မလိုပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ငါတို့လက်ထဲမှာပဲ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းတဲ့ မြို့ကြီးတွေကို လိုက်ကြည့်ပါအုံး။ သေနတ်သံတွေ မကြား ရတဲ့ ဘ၀ဟာ အရမ်း ပျော်စရာကောင်းပါတယ် သူငယ်ချင်း။ ငါတို့ လက်တွေ ချိတ်ဆက်ပြီး တိုင်းပြည် အတွက် အတူလုပ်ကြရအောင်ကွာ။
from -oppositeyesblog

3 comments: