လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု
လျော့ကျလာသည့်အတွက် လာမည့် ဇန်န၀ါရီ ၁ ရက်မှစ၍ စက်မှုလုပ်ငန်းများကို ညနေ ၎
နာရီမှ ည ၁၁ နာရီအထိ ခုနစ်နာရီကြာ လျှပ်စစ်မီးဖြတ်တောက်
သွားမည်ဖြစထိုသို့ စက်မှုလုပ်ငန်းများကို ဖြတ်တောက်ရာတွင် ရပ်ကွက်အတွင်းရှိ စက်မှုလုပ်ငန်းများ၊ အစိုးရစက်ရုံလုပ်ငန်း လည်ပတ်မှုများ ပုဂ္ဂလိက စက်မှုဇုန်လုပ်ငန်း လည်ပတ်မှုများ အားလုံးကို တစ်ပြိုင်နက်တည်း ဖြတ်တောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လာမည့် နွေရာသီတွင် အများပြည်သူကို လျှပ်စစ်မီး မဖြတ်တောက်ဘဲ အပြည့်အ၀ပေးရန် စီစဉ်ထားကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။ လာမည့် လများတွင် ဓာတ်အားလိုအပ်ချက် ထပ်မံမြင့်တက်လာပါက ယခုဖြတ်တောက်မည်ဖြစ်သော စက်မှုလုပ်ငန်းများကိုပင် အချိန်တိုး၍ ထပ်မံဖြတ်တောက်သွားမည်ဖြစ်ကြောင
"စက်မှုဇုန်တွေကို မီးဖြတ်ချင်ဖြတ်ပါ။ ပေးမယ်ဆိုရင်တော့ အလုပ်လုပ်လို့ရအောင် ပေးစေချင် တယ်။ နေ့ဘက်မှာ ဆက်တိုက် ၁၀ နာရီလောက် ပေးမှဖြစ်မှာ။ စက်မှုလုပ်မှုကို တကယ်နားလည်မှ မီးပေးရေးကို ကိုင်ရင်ကောင်းမယ်။ အပေါ်ကလူက မီးပေးတယ်ပြောပြီး အောက်ကလူက ဖြတ်တယ်။ ပိုက်ဆံပေးမှ မီးပြန်တပ်ပေးမယ်ဆိုရင်လည်း မဟုတ်သေးဘူး။ နိုင်ငံတော်ပါ နစ်နာတာပေါ့။ မီးမလာလို့ ဒီဇယ်နဲ့မီးစက်ကို မောင်းရတာ တစ်ယူနစ်ကို လေးရာ့ငါးဆယ်ကျတော့ ဓာတ်အားခတိုးကောက်ပြီး မီးမှန်မှန်ပေးတာကမှ အဆင်ပြေဦးမယ်" ဟု ဧရာဝတီမြေပဲဆီစက်ရုံပိုင်ရှင် ဦးခင်စိုးက ပြောသည်။
From : The Voice
No comments:
Post a Comment