Tuesday, December 11, 2012

ငြိမ်းချမ်းရေး ကော်မတီနှင့် ချင်းအမျိုးသား တပ်ဦးတို့ ဒုတိယ အကြိမ် တွေ့ဆုံ ညှိနှိုင်း

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ချင်းအမျိုးသား တပ်ဦးတို့၏ ဒုတိယ အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲတွင် သဘောတူ လက်မှတ် ရေးထိုးပြီး ရင်းရင်း နှီးနှီး နှုတ်ဆက် ကြစဉ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီနှင့် ချင်းအမျိုးသား တပ်ဦးတို့၏ ဒုတိယ အကြိမ် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို ရန်ကုန် မြို့ ရွှေလီလမ်းရှိ Myanmar Peace Center ၌ ဒီဇင်ဘာ ၇ ရက်မှ ၉ ရက် အထိ နိုင်ငံတကာ အကဲ ခတ် လေ့ လာသူ ပုဂ္ဂိုလ် များ ရှေ့ မှောက် ၌ ပြု လုပ်ပြီး ချင်း အမျိုးသား တပ်ဦး ဘက်မှ အဆိုပြုသည့် အချက် ၃၁ ချက် အနက်မှ ၂၇ ချက်ကို  သဘော တူညီမှု ရရှိ
ခဲ့ကာ ၄ ချက်ကို မှတ်တမ်းတင်၍ ဆက်လက် ဆွေးနွေးရန် သဘောတူညီ ခဲ့ကြသည်။
နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက် ဖြစ်သည့် အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရေး၊ တိုင်းရင်းသား လူမျိုးအားလုံး ပါဝင်သော ညီလာခံကြီး တစ်ရပ် ကျင်းပရေး ဆိုသည့်အချက် သုံးချက် အပေါ်၌ အခြေခံ၍ အဓိက ဆွေးနွေး ခဲ့ကြသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ချင်းအမျိုးသား တပ်ဦးတို့သည် ပြည်ထောင်စု စစ်စစ် တည်ဆောက်ရေးကို အန္တိမ ရည်မှန်းချက် အဖြစ်ထား ရှိ၍ ဒို့တာဝန် အရေးသုံးပါး အပြင် ဒီမိုကရေစီ ထွန်း ကားရေး၊ တန်းတူ ညီမျှရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် တို့ အာမခံချက် ပေးနိုင်သည့် အချက်များကို အခြေ ခံမူ များအဖြစ်   ထပ်လောင်း အတည် ပြုကြသည်။
ဒီဇင်ဘာ ၉ ရက်က အပြီးသတ် လက်မှတ်ရေး ထိုးခဲ့သည့် အချက် ၂၇ ချက်တွင် ချင်းအမျိုးသားရေး ဆိုင်ရာ သဘောတူ ညီချက်များ အဖြစ် ချင်းအမျိုးသားနေ့ သတ်မှတ်ရေး၊ ချင်းပြည်နယ်နေ့ သတ်မှတ်ရေး တို့ကို ဆက်လက် ဆောင်ရွက်ရန်  သဘော တူညီခဲ့ ကြသည်။
ထို့ပြင် အမျိုးသား ပြန်လည်သင့် မြတ်ရေး၊ လူ့အခွင့် အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စစ်ရေးဆိုင်ရာ ကိစ္စများနှင့် ချင်းပြည်နယ် ဖွံ့ဖြိုး တိုးတက်မှု ကိစ္စရပ် များနှင့် လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စရပ် များတွင် ပြည်ထောင်စု အစိုးရ၊ ပြည်နယ် အစိုးရနှင့် ချင်းအမျိုးသား တပ်ဦးတို့ ပူးပေါင်း ဆောင်ရွက် ကြရန်လည်း သဘောတူညီ ခဲ့ကြသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရာတွင် ကချင် ပြည်နယ် ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေး ခဲ့ကြပြီး ပြည်ထောင်စု အစိုးရ အနေဖြင့် ကချင် ပြည်နယ်တွင် အပစ်အခတ် ရပ် စဲရေး နှင့် ငြိမ်းချမ်းရေးများ ရရှိရန် အလေးအနက် ထားရှိကြောင်း ချင်းအမျိုးသား တပ်ဦး အထွေထွေ အတွင်းရေး မှူးချုပ် Pu Zing Cung က သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။
တွေ့ ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံရေး ပါတီများ၊ ပညာရှင် များနှင့် နိုင်ငံတကာမှ လေ့လာသူ များလည်း  တက်ရောက် လေ့လာခဲ့ ကြပြီး သဘောတူ လက်မှတ်ရေး ထိုးခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲ များသည် ဒီဇင် ဘာ ၉ ရက် မွန်းလွဲ ၁ နာရီက ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိသည်။

from..မြ၀တီ

No comments:

Post a Comment