Wednesday, December 19, 2012

မြန်မာနိုင်ငံသည် နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကို သွေးဖြင့် ဆုံးဖြတ်သည့် နိုင်ငံဖြစ်ကြောင်း လဝကဝန်ကြီး ဦးခင်ရီပြော


ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ နိုင်ငံသားဖြစ်မှုမဖြစ်မှုကို ဆုံးဖြတ်ရာတွင် မြေပေါ်၌မူတည်၍ဆုံးဖြတ်ခြင်း၊ အချိန်ပေါ်တွင်မူတည်၍ ဆုံးဖြတ်ခြင်းနှင့်သွေးပေါ်တွင် မူတည်ဆုံးဖြတ်ခြင်း စသည့်အချက် သုံးချက် ရှိသည့် အနက် မြန်မာနိုင်ငံသည် နိုင်ငံသားဖြစ်မှုကို သွေးဖြင့်ဆုံးဖြတ်သော နိုင်ငံဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံခြားရေးရာ ဝန်ကြီး ဌာန ရုံးတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။


''ကျွန်တော်တို့နိုင်ငံက သွေး နဲ့ဆုံးဖြတ်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒီလို နိုင်ငံမျိုးတွေက ကမ္ဘာပေါ်မှာ အများ ကြီးရှိပါတယ်'' ဟု ဝန်ကြီးဦးခင်ရီ က ပြောသည်။
နိုင်ငံတစ်နိုင်ငံ အချိန်ကြာမြင့် စွာနေထိုင်ပါက အလိုအလျောက် နိုင်ငံသားအဖြစ် ဆုံးဖြတ်သောနိုင်ငံ များရှိသော်လည်း မြန်မာနိုင်ငံတွင်မူ အဆိုပါစနစ်ကို မကျင့်သုံးကြောင်း ၄င်းက ဆက်ပြောသည်။
''သွေးပေါ်မူတည်ပြီးတော့ ဆုံးဖြတ်တယ်ဆိုတာက ဒီနိုင်ငံမှာ ရှိနေ တဲ့ နိုင်ငံသားရဲ့ သွေး ၊ နိုင်ငံသား ဖြစ်နိုင်တဲ့သွေးနဲ့ရောတဲ့ သွေးပါမှလို့ ပြောတာပါ။ ဝန်ကြီးဦးခင်ရီပြော တာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ အင်မတန်မှကိုက်ညီ တဲ့ အဖြေဖြစ်ပါတယ်''ဟု ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော် အေးမောင်က ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများသည် တိုင်းတစ်ပါး၏ မြေကို ကျူးကျော်နေထိုင်ခြင်းမျိုး မရှိသည့်အတွက် မြေပေါ်တွင် မူတည်၍ နိုင်ငံသားအဖြစ် ဆုံးဖြတ်မှု ဖြင့်လည်းကောင်း၊ အချိန်ပေါ်တွင် မူတည်၍လည်းကောင်း နိုင်ငံသား ဖြစ်မှုအတွက် ဆုံးဖြတ်ရန်မဖြစ်နိုင်ဘဲ သွေးဖြင့်သာဆုံးဖြတ် သည့် နိုင်ငံ ဖြစ်ကြောင်း ပြောဆိုခဲ့မှုကို ရခိုင်တိုင်း ရင်းသားရေးရာ ဝန်ကြီးတစ်ယောက် အနေဖြင့် အပြည့်အဝထောက်ခံ ကြောင်းလည်း ၄င်းက ပြောသည်။

''သွေးနဲ့ဆိုတာက ကျွန်တော် တို့က Mixed ဖြစ်နေတာမျိုးပေါ့။ ဘိုး ဘွားအဖေအမေက ဒီမှာနေခဲ့တယ်၊ နှစ်ပေါင်းငါးဆယ်ကျော်ခြောက်ဆယ် နေထိုင်ခဲ့ကြပြီးပြီ၊ မြန်မာပြည်ရဲ့ ကောင်းမွေဆိုးမွေကိုလည်း မျှဝေခံ စားခဲ့ကြပြီးပြီ၊ နိုင်ငံခြားသွားဖို့လည်း ရည်ရွယ်ချက်မရှိတော့ဘူး။ အဲလိုလူ မျိုးတွေကို ဧည့်သည်အမျိုးအစားအ ဖြစ်လက်ခံတာ၊ သူတို့ရဲ့တတိယ Generation ရောက်တော့မှပေးတယ်ဆိုတာ ဟာအင်မတန် Fair ဖြစ်တဲ့ ဥပဒေ ပါ' ဟု ဝန်ကြီးဦးခင်ရီက ဆိုသည်။


နိုင်ငံသားဆိုရာတွင်မွေးရာပါ နိုင်ငံသားနှင့် ဥပဒေအရ ပြုလုပ်ထား သောနိုင်ငံသားဟူ၍ နှစ်မျိုးရှိကြောင်း ၁၈၂၃ ခုနှစ်က မြန်မာနိုင်ငံ၏ ပြည် နယ်အချို့ဗြိတိသျှလက်အောက် မကျ ရောက်မီကတည်းက မှီတင်းနေထိုင်ခဲ့ကြသည့် လူမျိုးစုကြီးရှစ်စုနှင့် ¤င်း တို့နှင့် ဆက်နွှယ်သည့် လူမျိုး ၁ဝ၁ ပါးမှာ မွေးရာ ပါ နိုင်ငံသားများဖြစ်ကြပြီး ဥပဒေအရ ပြုလုပ်ထားသော နိုင်ငံသားများမှာ ဥပဒေကြောင်းအရ အဆင့် ဆင့်လျှောက်ထားပြီးမှ ဖြစ်လာ သူများဖြစ်ကြောင်းအဆိုပါ ဥပဒေ အကြောင်း အရ ပြန်လည်လက်ခံ သည့် နိုင်ငံသားများကို မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများဟု ပြော၍ မရဘဲ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် နေထိုင်ခွင့်အတွက် မှတ်ပုံတင်ထား သူများသာဖြစ်ကြောင်း ဝန်ကြီးဦးခင်ရီက ဆက်လက်ပြော ဆိုသည်။

မြန်မာနိုင်ငံတွင် ထုတ်ပေးသော Registeration Card ဟု ခေါ်သည့် သုံးခေါက်ချိုးကတ်များမှာ ဤနေရာ တွင် သည်လူရောက်ရှိနေထိုင်သည် ဟူသောအချက်ကို စာအုပ်တွင် ရေး သား၍ မှတ်ပုံတင် ထားခြင်း သာဖြစ် ကြောင်း၊ အဆိုပါကတ်တွင်လည်း၊ ဤကတ်ပြားထုတ်ပေးခြင်းခံရသူသည် ဤနိုင်ငံသားအဖြစ် အလျဉ်းသက် သေခံခြင်းမဖြစ်စေရဟူ၍ ရေးထိုးထား ကြောင်း ဝန်ကြီးဦးခင်ရီက ဆက်လက်ပြောဆိုသည်။

From:[_ Messenger News Journal  _]

No comments:

Post a Comment