Tuesday, December 18, 2012

လွှတ်တော်ကိုယ်စားလှယ် ရုံးခန်းဖွင့်လှစ်မည်


“၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေ”အရ လာမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့ ကျရင် တရားဝင် လွှတ်တော်ကိုယ်စားလှယ် ရုံးခန်းဖွင့်လှစ်တော့မယ်လို့ ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် အမတ် ဒေါ် လဲ့လဲ့ဝင်းဆွေ က ပြောပါတယ်။

နိုင်ငံတော်သမ္မတ က လက်မှတ်ရေးထိုးခြင်း မပြုပေမယ့် အခြေခံဥပဒေအရ အတည်ဖြစ်သွားတဲ့ အဲဒီ ဥပဒေမှာ လွှတ်တော်အမတ်တွေ ရုံးခန်းဖွင့်လှစ်နိုင်ခွင့် ပါဝင်ပါတယ်။

ဒေါ်လဲ့လဲ့ဝင်းဆွေကတော့ သူ့ရုံးခန်းကို အစိုးရ အဆောက်အဦမှာ ဖွင့်လှစ်မှာ မဟုတ်ပဲ တာမွေမြို့နယ် သီတာလမ်းမှတ်တိုင်နားက ကြံ့ခိုင်ရေးပါတီရုံး အဆောက်အဦထဲမှာပဲ ရုံးခန်း တခန်း ဖွင့်လှစ်သွားမယ်လို့ ရှင်းပြပါတယ်။

အခု ဥပဒေ အတည်မပြုသေးခင်တုန်းကတော့ လွှတ်တော် အမတ်တချို့ဟာကိုယ့်နေအိမ်တွေမှာပဲ ကိုယ် ရုံးခန်းဖွင့်လှစ်ထားခဲ့ကြောင်း သီပေါအမတ် ဦးရဲထွန်းက ပြောပြပါတယ်။

No comments:

Post a Comment