နို့နှင့် နို့ထွက်ပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းနေအရွယ်ကလေးများ နို့သောက်သည့် အလေ့
အထများ
ရရှိစေရန် ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ
သိရသည်။
အခြေခံ ကျောင်းသားများနို့တိုက်ကျွေးမှု အစီအစဉ်တွင် ပြည်ပမှ တင်သွင်းလာသည့် နို့မှုန့်၊ နို့များ
တိုက်ကျွေးခြင်းကို လက်မခံသဖြင့် Foremost မှ မြန်မာနိုင်ငံ
နို့လုပ်ငန်းရှင်များ အသင်းနှင့်ပူးပေါင်း၍ တိုက်ကျွေးခြင်း ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှသိရသည်။
လက်ရှိ နို့တိုက်ကျွေးမှု အစီအစဉ်တွင် ၂ဝဝဝ ပြည့်နှစ်က စတင်၍ ကမ္ဘာ့
နို့တိုက်ကျွေးရေး နေ့အဖြစ် သတ်မှတ်ပြီး တိုက်ကျွေးခဲ့ပြီး ယခုအခါ
မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များအသင်းမှ အခြေခံ ကျောင်းပေါင်း ၂၁
ကျောင်းတွင် ကျောင်းသား ၂၁၄ဝ ကျော်ကို အပတ်စဉ် နို့တိုက်ကျွေးကြောင်း
သိရသည်။
ယခု Foremost မှ ကျောင်းသားဦးရေ ၁ဝဝဝဝ တိုးချဲ့ကာ
နို့တိုက်ကျွေးမည့် အစီ အစဉ်ကြောင့်
ကျောင်းသားပေါင်း ၃၁၄ဝ ကျော်ကို အပတ်စဉ်နို့တိုက်ကျွေး သွားနိုင် မည်
ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှသိရသည်။
နို့သောက်သုံးမှု အစီအစဉ် အဖြစ်
ကျောင်းသားများကို အပတ်စဉ် နို့တိုက်ကျွေးမှုတွင် ယခုစာသင်နှစ်
မကုန်မီတိုက်ကျွေး သွားမည်ဟု သိရသည်။
No comments:
Post a Comment