Tuesday, December 18, 2012

စကားလက်၏ ကွန်ပျူတာကို ခိုးဝင်ခဲ့သူ Hacker အား ထောင်ဒဏ် ၁၀ နှစ်ချမှတ်

စကားလက်၏ ကွန်ပျူတာကို ခိုးဝင်ခဲ့သူ Hacker အား ထောင်ဒဏ် ၁၀ နှစ်ချမှတ်

စကားလက် ဂျိုဟန်ဆင်၏ ကိုယ်ပိုင်ကွန်ပျူတာကို ခိုးဝင်ခဲ့ဖူးသူ Hackerအား ယခုအခါ ထောင်ဒဏ်(၁၀)နှစ်ချမှတ်လိုက်ပြီဟု သိရှိရသည်။

(၂၀၁၁)ခုနှစ်က နာမည်ကျော် ဟောလီးဝုဒ် မင်းသမီး၏ ကွန်ပျူတာအတွင်း ထိုးဖောက်ကာ စကားလက်၏ ဝတ်လစ်စားလစ် ဓာတ်ပုံများကို ရယူ ပျံ့နှံ့စေခဲ့သည့် အသက်(၃၅)နှစ်ရှိ ခရစ္စတိုဖာ ချန်နေးသည် ယခုအခါ ထောင်ဒဏ်ပြစ်ဒဏ်ကို အတည်ပြု ကျခံရတော့မည် ဖြစ်သည်။ ဖလော်ရီဒါတွင် နေထိုင်သော ချန်နေးသည် သူတစ်ပါးကို အရှက်ရစေမှုနှင့် ဖောက်ထွင်းမှုများအတွက် စွဲချက်တင်ခံခဲ့ရသည်။

ချန်နေးသည် စကားလက်၏ ပုဂ္ဂိုလ်ရေး Emailနှင့် ဖုန်းအကောင့်များကိုပါ ခိုးယူခဲ့ပြီး အလားတူ ပစ်မှတ်မျိုးကို မီလာ ကူနစ်နှင့် ခရစ္စတီးနား အဂွီလာရာတို့ကဲ့သို့ Celebrityများထံပါ ဦးတည်ခဲ့ဖူးသည်။

လော့စ်အန်ဂျလိစ် တရားရုံး တစ်ခုက ယင်းအမှုအခင်းများနှင့် ပတ်သက်ပြီး ချန်နေးတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ယခုကဲ့သို့ နှစ်ရှည် ထောင်ဒဏ်တစ်ရပ်ကို ဒီဇင်ဘာလ (၁၇)ရက်နေ့က ချမှတ်လိုက်ခြင်း ဖြစ်သည်။

တရားသူကြီး ဂျိမ်းစ် အိုတီရိုက စကားလက်၏ မျက်ရည်လည်ရွဲ လျှောက်လှဲထားသည့် ဗီဒီယို မှတ်တမ်းကို ကြည့်ရှုပြီးနောက် ယခုပြစ်ဒဏ်ကို ချမှတ်ရန် ဆုံးဖြတ်လိုက်သည်။

ချန်နေးသည် စကားလက်၏ ပုဂ္ဂိုလ်ရေး ဖိုင်များကို မွှေနှောက်ကာ ကိုယ်ပိုင် ဓာတ်ပုံများကို ရယူခဲ့ခြင်း ဖြစ်သည်။

စကားလက်နှင့် ခင်ပွန်းဟောင်း ရိုင်ယန်ရေးနိုးလ်တို့၏ ဗလာကျင်း ဓာတ်ပုံများကိုလည်း ၎င်းက အင်တာနက်မှတစ်ဆင့် ဖြန့်ဝေခဲ့သေးသည်။



 Planet News
စကားလက် ဂျိုဟန်ဆင်၏ ကိုယ်ပိုင်ကွန်ပျူတာကို ခိုးဝင်ခဲ့ဖူးသူ Hackerအား ယခုအခါ ထောင်ဒဏ်(၁၀)နှစ်ချမှတ်လိုက်ပြီဟု သိရှိ ရသည်။
(၂၀၁၁)ခုနှစ်က နာမည်ကျော် ဟောလီးဝုဒ် မင်းသမီး၏ ကွန်ပျူတာ အတွင်းထိုးဖောက်ကာ စကားလက်၏ ဝတ်လစ်စားလစ် ဓာတ်ပုံများကို ရယူပျံ့နှံ့စေခဲ့သည့် အသက်(၃၅)နှစ်ရှိ ခရစ္စတိုဖာ ချန်နေးသည် ယခု အခါ ထောင်ဒဏ်ပြစ်ဒဏ်ကို အတည်ပြုကျခံရတော့မည် ဖြစ်သည်။ ဖလော်ရီဒါတွင် နေထိုင်သော ချန်နေးသည် သူတစ်ပါးကို အရှက်ရစေမှုနှင့် ဖောက်ထွင်းမှုများအတွက် စွဲချက်တင်ခံ ခဲ့ရသည်။
ချန်နေးသည် စကားလက်၏ ပုဂ္ဂိုလ်ရေး Emailနှင့် ဖုန်းအကောင့်များကိုပါ ခိုးယူခဲ့ပြီး အလားတူ ပစ်မှတ် မျိုးကို မီလာကူနစ်နှင့် ခရစ္စတီးနား အဂွီလာရာတို့ကဲ့သို့ Celebrityများထံပါ ဦးတည်ခဲ့ဖူးသည်။

လော့စ်အန်ဂျလိစ် တရားရုံးတစ်ခုက ယင်းအမှုအခင်းများနှင့်ပတ်သက်ပြီး ချန်နေးတွင်အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ယခုကဲ့သို့ နှစ်ရှည် ထောင်ဒဏ်တစ်ရပ်ကို ဒီဇင်ဘာလ(၁၇)ရက်နေ့က ချမှတ် လိုက်ခြင်း ဖြစ် သည်။

တရားသူကြီး ဂျိမ်းစ် အိုတီရိုက စကားလက်၏ မျက်ရည်လည်ရွဲ လျှောက်လှဲထားသည့် ဗီဒီယို မှတ်တမ်းကို ကြည့်ရှုပြီးနောက် ယခုပြစ်ဒဏ်ကို ချမှတ်ရန် ဆုံးဖြတ်လိုက်သည်။

ချန်နေးသည် စကားလက်၏ ပုဂ္ဂိုလ်ရေး ဖိုင်များကို မွှေနှောက်ကာ ကိုယ်ပိုင် ဓာတ်ပုံများကို ရယူ ခဲ့ခြင်း ဖြစ် သည်။

စကားလက်နှင့် ခင်ပွန်းဟောင်း ရိုင်ယန်ရေးနိုးလ်တို့၏ ဗလာကျင်း ဓာတ်ပုံများကိုလည်း ၎င်းက အင်တာနက်မှတစ်ဆင့် ဖြန့်ဝေခဲ့သေးသည်။



Planet News

No comments:

Post a Comment