Sunday, December 23, 2012

HTC မိုဘိုင်းဖုန်း၏ တရားဝင်အရောင်းစင်တာနှင့် ဆားဗစ်စင်တာကို ပြည်တွင်း၌ ဖွင့်လှစ်သွားမည်

Photo: HTC မိုဘိုင်းဖုန်း၏ တရားဝင်အရောင်းစင်တာနှင့် ဆားဗစ်စင်တာကို
ပြည်တွင်း၌ ဖွင့်လှစ်သွားမည်  
Sunday, 23 December 2012 

ထိုင်ဝမ်နိုင်ငံအခြေစိုက် HTC မိုဘိုင်းဖုန်း၏ တရားဝင်အရောင်းစင်တာနှင့် ဆားဗစ်စင်တာများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် မကြာမီလပိုင်းအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း HTC မိုဘိုင်းဖုန်းများအား တရားဝင်ဖြန့်ချိခွင့်နှင့် ဆားဗစ်စင် တာ ဖွင့်လှစ်ခွင့်ရရှိခဲ့သည့် KMD ကုမ္ပဏီမှ သတင်းရရှိသည်။

ထိုသို့ အရောင်းစင်တာနှင့် ဆားဗစ်စင်တာများ ဖွင့်လှစ်ရာတွင် ရန်ကုန်မြို့၌ စင်တာသုံးခု၊ မန္တလေးမြို့၌ စင်တာနှစ်ခု စုစုပေါင်း စင်တာငါးခု ဖွင့်လှစ်သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင်မူ ရန်ကုန်နှင့် မန္တလေးမြို့များ၌ စင်တာတစ်ခုစီ ဦးစွာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

''HTC က မြန်မာတစ်နိုင်ငံလုံးရဲ့ Authorized Distributor အဖြစ် KMD ကို ဒီဇင်ဘာလတတိယပတ်မှာ ပေးလိုက်တာပါ။ မြန်မာတစ်နိုင်ငံလုံးကို ဒီလကုန်မှာ ဖြန့်ပေးသွားမှာပါ။ HTC Showroom တွေကို ၂၀၁၃ နှစ်ဆန်းပိုင်းမှာဖွင့်ပြီး  Service Center တွေကိုတော့ Showroom မဖွင့်ခင် ကြိုတင်ဖွင့်သွားမှာပါ။ ဈေးနှုန်းတွေကတော့ နိုင်ငံတကာနဲ့ ယှဉ်လို့ရတဲ့ ဈေးနှုန်းတွေ ဖြစ်မှာပါ''ဟု KMD ကုမ္ပဏီမှ DeputyGeneralManger ကိုစိုးငွေရက ပြောကြားသည်။

ထို့ပြင် HTC မိုဘိုင်းဟန်းဆက်များ ရောင်းချရာတွင် အာမခံကာလအနေဖြင့် ၁၈လပေးသွားမည် ဟုသိရပြီး Service Center တွင် International Warranty ပါရှိသည့်  HTC ဟန်းဆက်များအား ပြုပြင်ပေးသွားမည်ဖြစ်သည်။

အဆိုပါ HTC Showroom များ ဖွင့်လှစ်ရန်အတွက် KMD မှ ၀န်ထမ်းများ ခေါ်ယူလျက်ရှိကြောင်းလည်း သိရသည်။

Eleven Media Groupထိုင်ဝမ်နိုင်ငံအခြေစိုက် HTC မိုဘိုင်းဖုန်း၏ တရားဝင်အရောင်းစင် တာနှင့် ဆားဗစ်စင်တာများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် မကြာမီလပိုင်းအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း HTC မိုဘိုင်းဖုန်း များ အား တရားဝင်ဖြန့်ချိခွင့်နှင့် ဆားဗစ်စင် တာ ဖွင့်လှစ်ခွင့်ရရှိခဲ့သည့် KMD ကုမ္ပဏီမှ သတင်းရရှိသည်။

ထိုသို့ အရောင်းစင်တာနှင့် ဆားဗစ်စင်တာများ ဖွင့်လှစ်ရာတွင် ရန်ကုန်မြို့၌ စင်တာသုံးခု၊ မန္တလေးမြို့၌ စင်တာနှစ်ခု စုစုပေါင်း စင်တာငါးခု ဖွင့်လှစ်သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင်မူ ရန်ကုန်နှင့် မန္တလေးမြို့များ၌ စင်တာတစ်ခုစီ ဦးစွာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

''HTC က မြန်မာတစ်နိုင်ငံလုံးရဲ့ Authorized Distributor အဖြစ် KMD ကို ဒီဇင်ဘာလ တတိယပတ် မှာ ပေးလိုက်တာပါ။ မြန်မာတစ်နိုင်ငံလုံးကို ဒီလကုန်မှာ ဖြန့်ပေးသွားမှာပါ။ HTC Showroom တွေကို ၂၀၁၃ နှစ်ဆန်းပိုင်းမှာဖွင့်ပြီး Service Center တွေကိုတော့ Showroom မဖွင့်ခင် ကြိုတင် ဖွင့်သွားမှာပါ။ ဈေးနှုန်းတွေကတော့ နိုင်ငံတကာနဲ့ ယှဉ်လို့ရတဲ့ ဈေးနှုန်းတွေ ဖြစ်မှာပါ''ဟု KMD ကုမ္ပဏီမှ DeputyGeneralManger ကိုစိုးငွေရက ပြောကြားသည်။

ထို့ပြင် HTC မိုဘိုင်းဟန်းဆက်များ ရောင်းချရာတွင် အာမခံကာလအနေဖြင့် ၁၈လပေးသွားမည် ဟုသိရပြီး Service Center တွင် International Warranty ပါရှိသည့် HTC ဟန်းဆက်များ အား ပြုပြင်ပေးသွား မည်ဖြစ်သည်။

အဆိုပါ HTC Showroom များ ဖွင့်လှစ်ရန်အတွက် KMD မှ ၀န်ထမ်းများ ခေါ်ယူလျက်ရှိကြောင်းလည်း သိရသည်။

From : Eleven Media Group

No comments:

Post a Comment