Wednesday, December 26, 2012

KIA ….ဘုရားသခင်ကိုတော့ မလိမ်သင့်ပါ….



ဒီဇင်ဘာလ(၂၆)
မြစ်ကြီးနား-၀ိုင်းမော်မြို့များမှာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့ ညကနေစပြီး လျှပ်စစ်မီး ပြတ်တောက် သွားပြီဖြစ်ကြောင်း သိရှိရလို့ စုံစမ်းကြည့်တော့ မြစ်ကြီးနားမြို့ခံတစ်ဦးက “ ဟုတ်ပါတယ်၊ (၂၃)ရက်နေ့ည ကတည်းက မီးပြတ်သွားတာ စစ်တပ်ရှိတဲ့နေရာတွေမှာတော့ မီးတွေလင်း နေတုံးဘဲ၊ မလိရေအားလျှပ်စစ်စက်ရုံ နားမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ပြောကြတယ်၊ အင်တာနက် သတင်းမှာတော့ KIA ရဲ့ ကွန်ပါယန်စခန်းကို မြန်မာအစိုးရစစ်တပ်က တိုက်တဲ့အချိန် တာဝါတိုင်ကို ချိန်တွယ် ပစ်ခတ်ခဲ့လို့ တာဝါတိုင်အနည်းဆုံး(၁)ခု ပျက်စီး ခဲ့ကြောင်း ဖတ်လိုက်ရပါတယ်” လို့ပြောပါတယ်။

ဒါနဲ့ စစ်တပ်အသိုင်းအ၀ိုင်းကို မေးမြန်းကြည့်တော့ “ အခု မြစ်ကြီးနား၊ ၀ိုင်းမော်ကိုပေးတဲ့ လျှပ်စစ် ဓါတ်အားကို ကန်တော်ယန်ကျေးရွာရဲ့ အရှေ့ဘက်(၂)မိုင်လောက်မှာရှိတဲ့ မလိရေအား လျှပ်စစ်စက်ရုံ ကပေး တာပါ၊ တိုက်ပွဲ ဖြစ်တဲ့နေရာက ကန်တော်ယန်ရွာရဲ့ မြောက်ဘက်(၂)မိုင်လောက်မှာ ဖြစ်တာပါ၊ အရပ်မျက်နှာ တစ်ခြားစီပါ၊ မလိရေအားလျှပ်စစ်စက်ရုံက KIA ပိုင်တာပါ၊ ဘူးဂါးလျှပ်စစ်ဓါတ်အား လုပ်ငန်းနံမည်နဲ့ တရားဝင် လုပ်နေတာ မြစ်ကြီးနားမြို့ကနေ ဓါတ်အားခတစ်လသိန်း(၂၄၀၀)ကျော် KIA ကို ပေးဆောင်နေတာပါ၊ ရေအားလျှပ်စစ် စက်ရုံကို ရန်သူ/မိတ်ဆွေ ဘယ်သူပိုင်ပိုင် ပြည်သူလူထုကို အကျိုးပြုနေတဲ့ကိစ္စမို့လို့ ကျွန်တော်တို့ ပစ်စရာ အကြောင်းမရှိပါဘူး၊ ကျွန်တော်တို့မှာ ကောင်းမှုနဲ့ မကောင်းမှုကို စဉ်းစား တွေးခေါ်တတ်တဲ့ ဦးနှောက်ရှိတယ်ဗျ၊ အခုတပ်မတော်သားတွေ သွားလာလှုပ်ရှားနေရတာလဲ KIA က တစ်ပြည်နယ်လုံးကို ဖျက်ဆီးနေလို့ သားတကွဲ မယားတကွဲနဲ့ လုံခြုံရေးတွေ လိုက်လုပ်နေရတာ၊ အခုလဲ တာဝါတိုင်ကို စစ်တပ်က ပစ်တယ်လို့ ပြောသေးတယ်၊ သိပ်အံ့သြဖို့ကောင်းပါတယ်၊ KIA ကို မကျေနပ်လို့ ရေအားလျှပ်စစ်စက်ရုံကို ပစ်ချင်ရင် ဟိုး ၂၀၁၁ ဇွန်လ လောက်ကတည်းက ပစ်လို့ရတယ်။
တကယ်လို့ ပစ်ရင်တောင်မှ ကျည်ဆံအကုန်ခံပြီး တာဝါတိုင်ကို ပစ်စရာ အကြောင်းမရှိဘူး၊ စက်ရုံကိုပစ်လိုက်ရင် တစ်သက်စာပြီးသွားလိမ့်မယ်၊ ကျွန်တော်တို့ လူလိုနားလည်ပါတယ်၊ ကိုယ်ချင်းစာတရားရှိပါတယ်၊ ကန်တော်ယန်နားမှာ တိုက်ပွဲတွေပြင်းထန်လာတော့ တစ်ဖက်လှည့်နဲ့ ပြောလာ တယ်၊ ဆက်ပြီး တိုက်နေရင် မီးဖြတ်ပစ်လိုက်မယ်ပေါ့၊ ကျွန်တော်တို့ တပ်ဌာနချုပ်တွေမှာ ကိုယ်ပိုင်မီးစက်ကြီး တွေ၊ စက်သုံးဆီတွေ အပြည့်အစုံရှိပြီးသားပါ၊ KIA က သူတို့ဖာသာ သူတို့ တာဝါတိုင်ကို မိုင်းခွဲပြပြီး စစ်တပ် ပစ်ပါတယ်လုပ်တာ ရိုးနေပါပြီ၊ မယုံရင် ဓါတ်ပုံရိုက်ပြီး တင်ခိုင်းလိုက်ပါ.. ပြည်သူလူထုကို မလိမ်သင့်ပါဘူး၊ ပြည်သူလူထုကို လိမ်ရင် ဘုရားသခင်ကို လိမ်သလိုပါဘဲ၊ ခရစ်စမတ်ကာလမှာ လိမ်တာပိုဆိုးပါတယ်” လို့ အမည်မဖော်လိုသူ စစ်ဗိုလ်တစ်ဦးက ပြောပြပါတယ်။
ဝိုင်းမော်မြို့သူတစ်ဦး


http://www.kachindailynews.com/2012/12/kia_7309.html?m=1

2 comments:

  1. KIA လိမ်နေသည်

    ReplyDelete
  2. all myanmar people no need kia & rohinyar. their is very very tell line

    ReplyDelete