Monday, December 31, 2012

KIA အဖွဲ့မှ လူစည်ကားရာနေရာများနှင့် အစိုးရရုံးဌာနများအား ဗုံးဖောက်ခွဲရန် ကြံစည်လျှက်ရှိ


မြစ်ကြီးနား -မန္တလေး မီးရထားလမ်းအား KIA သောင်းကျန်သူအဖွဲ့မှ မိုင်ထောင်ဖောက်ခွဲစဉ် ကိုယ့်မိုင်းနှင့်ကိုယ်ထိမိပြီးKIA သောင်းကျန်သူအဖွဲ့ဝင် ၂ဦး သေဆုံးစဉ်

KIA အဖွဲ့သည် အစိုးရရုံးစိုက်ရာမြို့ရွာများနှင့် လူစည်ကားရာ နေရာများအား ဗုံးဖောက်ခွဲရန် လုပ်ဆောင်နေ ကြကြောင်း သတင်းရရှိပါသည်။ အစိုးရအနေဖြင့် KIA အဖွဲ့အား ဒီဇင်ဘာလ ၂၄ ရက်နေ့မှစတင် လမ်းကြောင်း ရှင်းတိုက်ခိုက်မှုများကြောင့် KIA အဖွဲ့အနေဖြင့် ထိခိုက်ကျဆုံးမှုများပြားလာပြီး စခန်းများ လည်း လက်လွတ်ဆုံးရှုံးခဲ့ရပါသည်။ ထို့ကြောင့် KIA အဖွဲ့သည် အစိုးရအာရုံပြောင်းစေရန်အတွက် လူစည်ကားရာနေရာနှင့် အစိုးရရုံးများအား ဗုံးခွဲရန်လုပ်ဆောင်လာခဲ့ကြောင်း သိရပါ သည်။ ဖောက်ခွဲရေး သင်တန်းများအား တရုတ်နည်းပြများ အကူအညီ ဖြင့် သင်တန်းပေးနေကြောင်း၊ ၄င်းဖောက်ခွဲရေး သင်တန်းတွင် အဝေးထိန်းစ နစ်ဖြင့် ဗုံးဖောက်ခွဲခြင်းအား အဓိကထားသင်ပေးကြောင်းနှင့် သင်တန်းသား ၂၀ ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ အစိုးရနှင့် စစ်ပွဲစတင်သောအချိန်မှစ၍ KIA အဖွဲ့သည် လမ်း/ တံတားများ၊ မီးရထားသံလမ်း များအား အဆက်မပြတ်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း၊ ခရီးသွားပြည်သူ များနှင့် နိုင်ငံ့ဝန်ထမ်းများကို မတရား ဖမ်းဆီး သတ်ဖြတ်ခြင်းများကို လည်း ဆောင်ရွက်ခဲ့ ပါသည်။ ဒေသ ခံပြည်သူများအနေဖြင့် KIA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် KIA အဖွဲ့အား အကြမ်းဖက်သမား၊ ရာဇ၀တ်ကောင်များအဖြစ် သတ်မှတ် လျှက် ရှိပါသည်။

No comments:

Post a Comment