Sunday, December 30, 2012

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ရန်ကုန်နှင့် ပဲခူးမြို့များသို လေ့လာလည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည် ဦးရေ ၃၀၀ ကျော် တင်ဆောင်လာသော ဗြိတိန်နိုင်ငံမှ အပျော်စီးသင်္ဘော M.V Minerva လာရောက်

Photo: ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ရန်ကုန်နှင့် ပဲခူးမြို့များသို
လေ့လာလည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည် ဦးရေ ၃၀၀ ကျော် တင်ဆောင်လာသော ဗြိတိန်နိုင်ငံမှ အပျော်စီးသင်္ဘော M.V Minerva လာရောက်  
Sunday, 30 December 2012

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ရန်ကုန်မြို့၊ ပဲခူးမြို့သို့လေ့လာ
လည်ပတ်မှုများ ပြုလုပ်ခဲ့သည့် ကမ္ဘာလှည့်ခရီးသည် ဦးရေ ၃၀၀ ကျော်ကို တင်ဆောင်လာသော ဗြိတိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီး
သင်္ဘော M.V Minerva သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ၀န်းကျင်က ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် All Leisure Group Pic Company မှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော M.V Minerva လာရောက်သည့် ခရီးစဉ်အား ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ပို့ဆောင်ရေး ၀န်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် Myanmar Voyages International Tourism Co.,Ltd က စီစဉ်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော M.V Minerva တွင် ခရီးသည်ဦးရေ ၃၀၃ ဦး၊ သင်္ဘောဝန်ထမ်း ၁၇၈ ဦးခန့် လိုက်ပါလာပြီး ခရီးသည်အများစုမှာ ဗြိတိန်လူမျိုး ခရီးသွားများ ဖြစ်ကြသည်။

“M.V Minerva ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်တာ ဖြစ်ပါတယ်” ဟု Myanmar Voyages မှ မန်နေးဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောပြသည်။

အဆိုပါ ကမ္ဘာလှည့် ခရီးသည်များတွင် အများစုမှာ အသက် ၅၀၊ 
အသက် ၆၀ ၀န်းကျင်ဖြစ်ကြပြီး အပျော်စီးသင်္ဘော ခရီးစဉ်ဖြင့် ခရီးသွားလာခြင်းကို နှစ်ခြိုက်သူများဖြစ်သည်ဟု သိရှိရသည်။

ကမ္ဘာလှည့်ခရီးသည်များသည် ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေတွင် ရန်ကုန်မြို့တွင်း လည်ပတ်ခြင်း၊ ရွှေတိဂုံဘုရားသို့ သွားရောက်ခြင်း၊ ၂၇ ရက်နေ့တွင် အချို့က ပုဂံသို့ သွားရောက်ခြင်း၊ အချို့က ပဲခူးနေ့ချင်းပြန် ခရီးစဉ်၊ ရန်ကုန်နေ့ဝက်ခရီးနှင့် ကျောက်တန်းမြို့တွင်း ခရီးစဉ်၊ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့တွင်းနှင့် ကျောက်တန်းမြို့တွင်း ခရီးစဉ်တို့ကို အသီးသီးသွားရောက်ခဲ့ကြသည်။

ရန်ကုန်မြို့တွင်း လေ့လာလည်ပတ်ခြင်းတွင် ဗိုလ်ချုပ်အောင်ဆန်း
ပြတိုက်အား ၀င်ရောက်လေ့လာခြင်း၊ ဒေါ်အောင်ဆန်းစုကြည်
နေအိမ်ရှေ့သို့ ပြသခြင်း၊ အာဇာနည်ဗိမာန်အား ပြသခြင်းတို့လည်း ပါဝင်ခဲ့ပြီး ခရီးသွားများ စိတ်ဝင်စားသော လေ့လာမှုများလည်းဖြစ်ခဲ့သည်။

ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော M.V Minerva သည် ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်ဆိပ်ကမ်းမှ မလေးရှားနိုင်ငံ ပီနန်ဆိပ်ကမ်းသို့ ခရီးဆက်လက် ထွက်ခွာခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း အမေရိကန်ခရီးသွား အများစုပါဝင်သော ကမ္ဘာလှည့်အပျော်စီးသင်္ဘော M.V Azamar
မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

Eleven Media Groupပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ရန်ကုန်မြို့၊ ပဲခူးမြို့သို့လေ့လာ လည်ပတ်မှုများ ပြုလုပ်ခဲ့သည့် ကမ္ဘာလှည့်ခရီးသည် ဦးရေ ၃၀၀ ကျော်ကို တင်ဆောင်လာသော ဗြိတိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီး သင်္ဘော M.V Minerva သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ၀န်းကျင်က ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် All Leisure Group Pic Company မှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော M.V Minerva လာရောက်သည့် ခရီးစဉ်အား ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ပို့ဆောင်ရေး ၀န်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် Myanmar Voyages International Tourism Co.,Ltd က စီစဉ်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော M.V Minerva တွင် ခရီးသည်ဦးရေ ၃၀၃ ဦး၊ သင်္ဘောဝန်ထမ်း ၁၇၈ ဦးခန့် လိုက်ပါလာပြီး ခရီးသည်အများစုမှာ ဗြိတိန်လူမျိုး ခရီးသွားများ ဖြစ်ကြသည်။

“M.V Minerva ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်တာ ဖြစ်ပါတယ်” ဟု Myanmar Voyages မှ မန်နေးဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောပြသည်။

အဆိုပါ ကမ္ဘာလှည့် ခရီးသည်များတွင် အများစုမှာ အသက် ၅၀၊ အသက် ၆၀ ၀န်းကျင်ဖြစ်ကြပြီး အပျော်စီးသင်္ဘော ခရီးစဉ်ဖြင့် ခရီးသွားလာခြင်းကို နှစ်ခြိုက်သူများဖြစ်သည်ဟု သိရှိရသည်။

ကမ္ဘာလှည့်ခရီးသည်များသည် ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေတွင် ရန်ကုန်မြို့တွင်း လည်ပတ်ခြင်း၊ ရွှေတိဂုံဘုရားသို့ သွားရောက်ခြင်း၊ ၂၇ ရက်နေ့တွင် အချို့က ပုဂံသို့ သွားရောက်ခြင်း၊ အချို့က ပဲခူးနေ့ချင်းပြန် ခရီးစဉ်၊ ရန်ကုန်နေ့ဝက်ခရီးနှင့် ကျောက်တန်းမြို့တွင်း ခရီးစဉ်၊ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့တွင်းနှင့် ကျောက်တန်းမြို့တွင်း ခရီးစဉ်တို့ကို အသီးသီးသွားရောက်ခဲ့ကြသည်။

ရန်ကုန်မြို့တွင်း လေ့လာလည်ပတ်ခြင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အား ၀င်ရောက်လေ့လာခြင်း ၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့သို့ ပြသခြင်း၊ အာဇာနည်ဗိမာန်အား ပြသခြင်းတို့လည်း ပါဝင်ခဲ့ပြီး ခရီးသွားများ စိတ်ဝင်စားသော လေ့လာမှုများလည်းဖြစ်ခဲ့သည်။

ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော M.V Minerva သည် ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်ဆိပ်ကမ်းမှ မလေးရှားနိုင်ငံ ပီနန်ဆိပ်ကမ်းသို့ ခရီးဆက်လက် ထွက်ခွာခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း အမေရိကန်ခရီးသွား အများစုပါဝင်သော ကမ္ဘာလှည့်အပျော်စီးသင်္ဘော M.V Azamar မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

From : Eleven Media Group
23Like · ·

No comments:

Post a Comment