Monday, December 17, 2012

အီရန်၊ နေတိုးတပ်ဖွဲ့နှင့် Patriot ဒုံးကျည်များကြောင့် ဖြစ်ပေါ် လာနိုင်ဖွယ် ရှိသည့် တင်းမာမှုများ

အီရန်၊ နေတိုးတပ်ဖွဲ့နှင့် Patriot ဒုံးကျည်များကြောင့် ဖြစ်ပေါ် လာနိုင်ဖွယ် ရှိသည့် တင်းမာမှုများ


ဆီးရီးယား နယ်စပ်အနီးရှိ တူရကီ ပိုင်နက်အတွင်း၌ Patriot ဒုံးကျည်များကို ဖြန့်ချခြင်းသည် ကမ္ဘာစစ် အတွက် ပြင်ဆင်မှု တစ်ရပ် ဖြစ်သည်ဟု အီရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟက်ဆန် ဖီရူဇာ ဘာဒီက နေတိုး အဖွဲ့အား ဒီဇင်ဘာ ၁၅ ရက်တွင် သတိပေး ပြောကြား ခဲ့ပြီးနောက် အရှေ့ အလယ်ပိုင်း ဒေသတွင် တင်းမာမှုများ ပိုမိုမြင်
့တက် လာမည့် အလားအလာ များကို တွေ့ရသည်။

အီရန် အစိုးရသည် ၂၁ လ ကြာမြင့်နေပြီ ဖြစ်သည့် ဆီးရီးယား ပြည်တွင်းစစ် တစ်လျှောက်လုံးတွင် သမ္မတ ဘာရှာ အယ်လ်အာဆတ်အား ထောက်ခံလျက် ရှိပြီး ဆီးရီးယား နယ်စပ်အနီးရှိ တူရကီ နိုင်ငံအတွင်း ဖြန့်ချမည့် ဒုံးကျည် ကာကွယ်ရေး စနစ်များနှင့် စပ်လျဉ်း၍ ပြန်လည် သုံးသပ်ရန် နေတိုးအဖွဲ့ကို ဗိုလ်ချုပ်ကြီး ဖီရူဇာ ဘာဒီက ပြောကြား ထားသည်။ သို့ရာတွင် အဆိုပါ ဒုံးကျည် ဖြန့်ချမှုနှင့် ပတ်သက်၍ တူရကီ အစိုးရ အပေါ် ၎င်းက ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ခြင်း မရှိပေ။

Patriot ဒုံးကျည်များသည် ကမ္ဘာ့ မြေပုံပေါ်တွင် အမည်းစက်များ အဖြစ် တည်ရှိပြီး ကမ္ဘာစစ်ကို ဖြစ်ပွားစေ မည့် အရိပ်လက္ခဏာ တစ်ခုဖြစ်ကြောင်း၊ အနောက်အုပ်စုသည် ကမ္ဘာစစ်ပွဲ အတွက် ပြင်ဆင်လျက် ရှိရာ ထိုသို့ လုပ်ဆောင်ခြင်းသည် ဥရောပ၏ အနာဂတ်နှင့် လူလူချင်း စာနာမှုများ အတွက် အလွန်ပင် အန္တရာယ် ကြီးမားကြောင်း၊ တူရကီ နိုင်ငံသည် မိမိတို့၏ မိတ်ဆွေ နိုင်ငံဖြစ်ပြီး ၎င်းတို့ နိုင်ငံ လုံခြုံရေး အပြည့်အဝ ရရှိ ရန် အီရန်နိုင်ငံ အနေဖြင့် အလိုရှိကြောင်း တီဟီရန် မြို့ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ အဆင့်မြင့် အရာရှိကြီး များကို မိန့်ခွန်း ပြောကြားရာတွင် ဗိုလ်ချုပ်ကြီး ဖီရူဇာ ဘာဒီက ပြောကြားခဲ့သည်။

အခြားတစ်ဖက် တွင်လည်း ဆီးရီးယား အစိုးရသည် ဆိုဗီယက်လုပ် Scud ဒုံးကျည်များကို အသုံးပြု တိုက်ခိုက် နေခြင်းကြောင့် ၎င်းဒုံးကျည်များသည် တူရကီနယ်စပ် အနီးသို့ ကျရောက် ပေါက်ကွဲလျက် ရှိသ ဖြင့် တူရကီနိုင်ငံ၏ လုံခြုံရေးအတွက် Patriot ဒုံးကျည်များကို ဖြန့်ချရခြင်း ဖြစ်ကြောင်း နေတိုးတပ်ဖွဲ့မှ အမေရိကန် တပ်မှူး တစ်ဦးက ဒီဇင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆီးရီးယားနိုင်ငံ အတွင်း၌ အစိုးရ တပ်ဖွဲ့များနှင့် အတိုက်အခံများ အကြား ဒီဇင်ဘာ ၁၅ ရက်က တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး အတိုက်အခံ တပ်များသည် နိုင်ငံမြောက်ပိုင်း အလက်ပို ပြည်နယ် အတွင်းရှိ ခြေလျင်သင်တန်းကျောင်း တစ်ခုအား သိမ်းပိုက် နိုင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ် လျက်ရှိသည်။ ထို့အပြင် ဒီဇင်ဘာ ၁၅ ရက် ညပိုင်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား ခဲ့သောကြောင့် နိုင်ငံတစ်ဝန်း၌ တစ်ရက်တည်းမှာပင် အနည်းဆုံး လူပေါင်း ၇ဝ သေဆုံးခဲ့ပြီး ပြည်သူများ အနေဖြင့် ယခုအခါ အစားအစာ အတွက် အခက်အခဲများနှင့် ရင်ဆိုင်ရလျက် ရှိကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့က ပြောကြားထားသည်။

ဆီးရီးယား နိုင်ငံအတွင်းမှ ပစ်ခတ်လိုက်သော Scud ဒုံးကျည်ဟု ယူဆရသည့် ဒုံးကျည်များသည် တူရကီ နယ်စပ် အနီးသို့ ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း နေတိုး တပ်မှူး တစ်ဦးဖြစ်သည့် ရေတပ် ဗိုလ်ချုပ်ကြီး ဂျိမ်းစ်စတက်ဗ် ရစ်ဒစ်က ပြောကြားထားသော်လည်း ၎င်းဒုံးကျည်များသည် တူရကီ ပိုင်နက်နှင့် မည်မျှနီးကပ် စွာ ကျရောက် ခဲ့သည်ကို တိတိကျကျ မသိရပေ။ တစ်ချိန်က အာဆတ် အစိုးရနှင့် ဆက်ဆံရေး ခိုင်မြဲခဲ့သည့် တူရကီ အစိုးရသည် ယခုအခါ ဆီးရီးယား အတိုက်အခံ များအား ထောက်ခံသည့် မဟာမိတ် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့ပြီး အဆိုပါ ဒုံးကျည် ကာကွယ်ရေး စနစ်များကို နိုင်ငံ ပိုင်နက်အတွင်း ဖြန့်ချပေးရန် နေတိုးတပ်ဖွဲ့ အား တောင်းဆိုခဲ့သည်။ ထို့ကြောင့် တူရကီ နိုင်ငံအတွင်း Patriot ဒုံးကျည်များ ဖြန့်ချခြင်းသည် ပြည်ပတပ်ဖွဲ့ များက ဆီးရီးယား ပြည်တွင်း စစ်အတွင်း ကြားဝင်မည့် ရှေ့ပြေးနိမိတ်များဟု အချို့ လေ့လာသူ များက သုံးသပ် ထားခြင်းဖြစ်ကြောင်း တွေ့ရသည်။

မြဝတီမှကူးယူဖော်ပြပါသည်။
ဆီးရီးယား နယ်စပ်အနီးရှိ တူရကီ ပိုင်နက်အတွင်း၌ Patriot ဒုံး ကျည်များကို ဖြန့်ချခြင်းသည် ကမ္ဘာစစ် အတွက် ပြင်ဆင်မှုတစ်ရပ် ဖြစ် သည်ဟု အီရန်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဟက်ဆန်ဖီရူဇာ ဘာဒီက နေတိုး အဖွဲ့အား ဒီဇင်ဘာ ၁၅ ရက်တွင် သတိပေး ပြောကြား ခဲ့ပြီးနောက် အရှေ့ အလယ်ပိုင်း ဒေသတွင် တင်းမာမှုများ ပိုမိုမြင့်တက် လာမည့် အလားအလာ များကို တွေ့ရသည်။

အီရန် အစိုးရသည် ၂၁ လ ကြာမြင့်နေပြီ ဖြစ်သည့် ဆီးရီးယား ပြည်တွင်းစစ် တစ်လျှောက်လုံးတွင် သမ္မတ ဘာရှာ အယ်လ်အာဆတ်အား ထောက်ခံလျက်ရှိပြီး ဆီးရီးယားနယ်စပ်အနီးရှိ တူရကီ နိုင်ငံအတွင်း ဖြန့် ချမည့် ဒုံးကျည်ကာကွယ်ရေးစနစ်များနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ရန် နေတိုးအဖွဲ့ကို ဗိုလ်ချုပ်ကြီး ဖီရူဇာ ဘာဒီက ပြောကြားထားသည်။ သို့ရာတွင် အဆိုပါဒုံးကျည်ဖြန့်ချမှုနှင့်ပတ်သက်၍ တူရကီအစိုးရ အပေါ် ၎င်းက ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ခြင်း မရှိပေ။

Patriot ဒုံးကျည်များသည် ကမ္ဘာ့မြေပုံပေါ်တွင် အမည်းစက်များအဖြစ်တည်ရှိပြီး ကမ္ဘာစစ်ကို ဖြစ်ပွားစေ မည့် အရိပ်လက္ခဏာ တစ်ခုဖြစ်ကြောင်း၊ အနောက်အုပ်စုသည် ကမ္ဘာစစ်ပွဲ အတွက် ပြင်ဆင်လျက် ရှိရာ ထိုသို့ လုပ်ဆောင်ခြင်းသည် ဥရောပ၏ အနာဂတ်နှင့် လူလူချင်း စာနာမှုများ အတွက် အလွန်ပင် အန္တရာယ် ကြီးမားကြောင်း၊ တူရကီ နိုင်ငံသည် မိမိတို့၏ မိတ်ဆွေ နိုင်ငံဖြစ်ပြီး ၎င်းတို့ နိုင်ငံ လုံခြုံရေး အပြည့်အဝ ရရှိ ရန် အီရန်နိုင်ငံ အနေဖြင့် အလိုရှိကြောင်း တီဟီရန် မြို့ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ အဆင့်မြင့် အရာရှိကြီး များကို မိန့်ခွန်း ပြောကြားရာတွင် ဗိုလ်ချုပ်ကြီး ဖီရူဇာ ဘာဒီက ပြောကြားခဲ့သည်။

အခြားတစ်ဖက် တွင်လည်း ဆီးရီးယား အစိုးရသည် ဆိုဗီယက်လုပ် Scud ဒုံးကျည်များကို အသုံးပြု တိုက်ခိုက် နေခြင်းကြောင့် ၎င်းဒုံးကျည်များသည် တူရကီနယ်စပ် အနီးသို့ကျရောက် ပေါက်ကွဲလျက် ရှိသ ဖြင့် တူရကီနိုင်ငံ၏ လုံခြုံရေးအတွက် Patriot ဒုံးကျည်များကို ဖြန့်ချရခြင်း ဖြစ်ကြောင်း နေတိုး တပ်ဖွဲ့မှ အမေရိကန် တပ်မှူးတစ်ဦးက ဒီဇင်ဘာ ၁၄ ရက် တွင် ကြေညာ ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆီးရီးယားနိုင်ငံ အတွင်း၌ အစိုးရ တပ်ဖွဲ့များနှင့် အတိုက်အခံများ အကြား ဒီဇင်ဘာ ၁၅ ရက်က တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး အတိုက်အခံတပ်များသည် နိုင်ငံမြောက်ပိုင်း အလက်ပို ပြည်နယ်အတွင်းရှိ ခြေလျင်သင်တန်းကျောင်း တစ်ခုအားသိမ်းပိုက် နိုင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ် လျက်ရှိသည်။ ထို့အပြင် ဒီဇင်ဘာ ၁၅ ရက် ညပိုင်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား ခဲ့သောကြောင့် နိုင်ငံတစ်ဝန်း၌ တစ်ရက်တည်းမှာပင် အနည်းဆုံး လူပေါင်း ၇ဝ သေဆုံးခဲ့ပြီး ပြည်သူများ အနေဖြင့် ယခုအခါ အစားအစာ အတွက် အခက်အခဲများနှင့် ရင်ဆိုင်ရလျက် ရှိကြောင်း ဆီးရီးယား လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့က ပြောကြားထားသည်။

ဆီးရီးယား နိုင်ငံအတွင်းမှ ပစ်ခတ်လိုက်သော Scud ဒုံးကျည်ဟု ယူဆရသည့် ဒုံးကျည်များသည် တူရကီ နယ်စပ် အနီးသို့ ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း နေတိုး တပ်မှူး တစ်ဦးဖြစ်သည့် ရေတပ် ဗိုလ်ချုပ်ကြီး ဂျိမ်းစ်စတက်ဗ် ရစ်ဒစ်က ပြောကြားထားသော်လည်း ၎င်းဒုံးကျည်များသည် တူရကီ ပိုင်နက်နှင့် မည်မျှနီးကပ် စွာ ကျရောက် ခဲ့သည်ကို တိတိကျကျ မသိရပေ။ တစ်ချိန်က အာဆတ် အစိုးရနှင့် ဆက်ဆံရေး ခိုင်မြဲ ခဲ့သည့် တူရကီ အစိုးရသည် ယခုအခါ ဆီးရီးယား အတိုက်အခံများအား ထောက် ခံသည့် မဟာမိတ် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့ပြီး အဆိုပါ ဒုံးကျည် ကာကွယ်ရေး စနစ်များကို နိုင်ငံ ပိုင်နက်အတွင်း ဖြန့်ချပေးရန် နေတိုးတပ်ဖွဲ့ အား တောင်းဆိုခဲ့သည်။ ထို့ကြောင့် တူရကီ နိုင်ငံအတွင်း Patriot ဒုံးကျည်များ ဖြန့်ချခြင်းသည် ပြည်ပတပ်ဖွဲ့ များက ဆီးရီးယား ပြည်တွင်း စစ်အတွင်း ကြား ဝင်မည့် ရှေ့ပြေးနိမိတ်များဟု အချို့ လေ့လာသူ များက သုံးသပ် ထားခြင်းဖြစ်ကြောင်း တွေ့ရသည်။

မြဝတီ

No comments:

Post a Comment