Friday, December 7, 2012

စစ်တက္ကသိုလ်ကျောင်းဆင်းပွဲအခမ်းအနားကို ပထမဆုံးအကြိမ် မြ၀တီ ရုပ်သံနှင့် Sky Net ရုပ်သံတို့မှ တိုက်ရိုက်ထုတ်လွှင့်


စစ်တက္ကသိုလ်အမှတ်စဉ်(၅၅) ကျောင်းဆင်းပွဲအား ဒီဇင်ဘာလ () ရက်နံနက် နာရီခန့် တွင်ကျင်းပရာ မြ၀တီရုပ်သံနှင့် Sky Net ရုပ်သံတို့မှ အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက် ထုတ်လွှင့်ခဲ့ကြောင်းတွေ့ရသည်။ ယခင် ကာကွယ်ရေးဦးစီးချုပ်များလက်ထက် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ အခမ်းအနား သတင်းများကို နာရီသတင်းအစီအစဉ်တွင်မှ ထုတ်လွှင့်ပြသလေ့ ရှိခဲ့သော်လည်း ယခုနှစ်တွင် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ အခမ်းအနားအား ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်ခဲ့ကြောင်းတွေ့ရပြီး ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး ကျောင်းဆင်း မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်း၏မိန့်ခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်းအား တပ်မတော်၏ ဖခင်အဖြစ် တင်စားပြောဆိုသွားပြီး သင်တန်းဆင်း ဗိုလ်လောင်းများအား တပ်မတော်မှ ချမှတ်ထား သည့် စည်းကမ်းများကို လိုက်နာရန်မှာကြားခဲ့သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ သင်တန်းဆင်း အရာရှိများအား မှာကြားရာတွင် တပ်မတော်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန် ဖြစ်ကြောင်း နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရန်၊ နိုင်ငံတော်ရဲ့ရေထု၊မြေထု၊ လေထု ကိုကာကွယ်ရန်၊ ဒို့တာဝန် အရေးသုံးပါးကိုကာကွယ်ရန်၊ တိုင်းရင်းသားများ၏ အသက်အိုးအိမ် စည်းစိမ်နှင့် အကျိုးစီးပွားကိုကာကွယ်ရန်နဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းထိမ်း ကာကွယ်စောင့်ရှောက်သွားရန် မှာကြားခဲ့သည်ကိုသိရှိရသည်။

from -facebook

 

 

No comments:

Post a Comment