Wednesday, December 19, 2012

မုဒိန်းကျင့်ခွင့် လိုင်စင်’ စာအုပ် တဖတ်သတ် ရေးသားခြင်း မဟုတ်ဟု SWAN ပြော


၂၀ဝ၂ မေလအတွင်း ထုတ်ဝေခဲ့သော ‘မုဒိန်းကျင့်ခွင် လိုင်စင်’ (License to Rape) စာအုပ် သည် ပြည်ထောင်စု ငြိမ်း ချမ်းရေး  ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒု-ဥက္ကဋ္ဌဌ ဦးအောင်မင်း ပြောသကဲ့သို့ တဖက်နားနှင့် ရေးသားခြင်း မဟုတ်ကြောင်း သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက် ရေး အသင်း SWAN က ပြောကြားလိုက်သည်။
ဦးအောင်မင်းပြောတာ ကြားလိုက်ရတဲ့သူတွေ အရမ်းစိတ်ပျက်ကြတယ်။ အဖြစ်မှန်ကို ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး ဥက္ကဋ္ဌဌက ပယ်ချလိုက်သလို၊ ခံခဲ့ရတဲ့သူတွေကို စော်ကားလိုက်သလို ဖြစ်သွား တယ်။

 SWAN စဖွဲ့ကတည်းက ပြည်တွင်းက အမျိုးသမီးအဖွဲ့၊ လူမှုအဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်ခဲ့တယ်။ အချက်အလက်တွေ ကောက်ယူခဲ့တယ်။ SWAN ဟာ နယ်စပ်မှာ အခြေစိုက်ပေမဲ့ သျှမ်းပြည်တွင်းဝင် တာ ဒါပထမဦးဆုံးအခေါက် မဟုတ်ဘူး” ဟု SWAN မှ နန်းချမ်တောင်း က ပြောပါသည်။

ယခင်က တံခါးပိတ်ထားသဖြင့် နန်းချမ်တောင်း က မြန်မာနိုင်ငံတွင်းသို့ မဝင်နိုင်သည့်အတွက် License to Rape စာအုပ်ကို တဖက်သတ်နားနှင့် ရေးသားသည်ဟု ဦးအောင်မင်းက နိုဝင်ဘာ ၂၆ ရက် RFA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။“ဒေသခံတွေ ပေးပို့လာတဲ့ အချက်အလက်တွေ၊ ကိုယ်တိုင် သွားရောက်မေးမြန်းလို့ ရလာတဲ့ အချက် အလက်တွေနဲ့ ရေးသားထုတ်ဝေတာပါ။




                                            “မုဒိန်းကျင့်ခွင့် လိုင်စင်” စာအုပ်

ထိုင်းနယ်စပ်ကို ရောက်လာတဲ့ မုဒိန်းကျင့်ခံရတဲ့အမျိုးသမီး တွေကို သွားမေးရင် သူတို့ကဒီလို လာမေးရင် နောက်တခေါက် မုဒိန်းကျင့်ခံရသလို ခံစားရတယ်လို့ တောင်ကျမတို့တွေကို ပြောလာတယ်။ သျှမ်းပြည်က ဒေသခံတွေနဲ့ တွေ့ဆုံတုန်းကလည်း ဒီစာအုပ် လေးက အစအနလေးပါ။

 ဒီထက်မက မုဒိန်းကျင့်တာတွေ၊ နှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေ အများကြီး။ ပြည်သူတွေ မပြောပြရဲတာလို့ ဒေသခံတွေ ပြောပြတယ်” ဟု SWAN မှ ယိင်းဟန်ဖှ က လည်း ပြောပါသည်။

နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ ပြည်တွင်း/ပြည်ပ သျှမ်းအဖွဲ့အစည်းများ ပြုလုပ်သည့် “ငြိမ်းချမ်း ရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ဆွေးနွေးပွဲသို့ SWAN မှ ပါဝင်တက်ရောက် ခဲ့ပြီးနောက် တောင်ကြီး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကျေးသီး၊ သီန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်နှင့် ကျိုင်း တုံသို့ ခရီးဆက်ကာ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။


ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ချင်းမိုင်တက္ကသိုလ်ဝင်းရှိ Uniserv ၌ သျှမ်းအမျိုး သမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း SWAN က “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ဆွေးနွေးပွဲ၊ သျှမ်းပြည်ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ် ခဲ့သည်။

အမျိုးသမီးများအား စစ်တပ်မှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်နေမှုကို ပြစ်ဒဏ်မပေးဘဲ ကျူးလွန်ခွင့်ပြု နေခြင်းအပေါ် SWAN မှ ဆက်လက်ထုတ်ဖော်ပြောဆိုပေးရန် ပြည်သူက တိုက်တွန်းကြောင်း ဆို၏။

Liense to rape စာအုပ်ကို သျှမ်းလူ့အခွင့်အရေးမဏ္ဍဍိုင်နှင့်သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေးအသင်းက စီစဉ်ကာ  ၂၀ဝ၂ ခုနှစ် မေလတွင် ထုတ်ဝေခဲ့သည်။

 စာမျက်နှာ ၁၈၃ မျက်နှာပါရှိကာ သျှမ်းပြည်အတွင်း စစ်မျက်နှာပြင်မှ စစ်အစိုးရ အသုံးပြုခဲ့သော လိင်အကြမ်းဖက်မှု၌ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးများအား ကိုယ်တိုင် သွားရောက်တွေ့ ဆုံမေးမြန်း ကာ ရေးသားထား ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။


                             ယိင်းဟန်ဖ နှင့် နန်းချမ်တောင်း (Photo:SHAN)
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၇၃ မှုကို အကြမ်းဖက်ခံရသည့် အမျိုးသမီးအရေအတွက် ၊ အသက် အရွယ်၊ အခင်းဖြစ်ပွါးသည့်နေ့ ၊ နေရပ်နှင့် တရားခံ၏နာမည်၊ ရာထူး၊ တပ်ရင်းအမည်တို့ကိုပါ အသေး စိတ်ဖော်ပြထားသည်။

  ゞင်းနှင့်ပတ်သက်၍ ၂၀ဝ၆ ဂျူလိုင်လ ၄ ရက် မြန်မာ့အလင်းသတင်းစာကမူ ၁၃၇ မှု (အမှန်မှာ ၁၇၃ မှုဖြစ်သည်) အနက် ၂ မှုသာ အမှန်ဖြစ် ကြောင်း၊ အဆိုပါ ၂မှုအား ကျူးလွန်သည့် တရားခံ ကိုလည်း ဖမ်းဆီးပြစ်ဒဏ်ချလိုက်ပြီဖြစ်ကြောင်း ၊ ကျန်ရှိအမှုများမှာ ဇာတ်ဆင်ရေးသား ထားခြင်းဖြစ်ကြောင်း ချေပ ခဲ့ဖူးပါသည်။

သျှမ်းသံတော်ဆင့်

No comments:

Post a Comment