Monday, December 24, 2012

"မန်းတွင် အရစ်ကျစံနစ်ဖြင့်Taxi ကားများ ၀ယ်ယူနိုင်"

"မန်းတွင် အရစ်ကျစံနစ်ဖြင့်Taxi ကားများ ၀ယ်ယူနိုင်"

မန္တလေး၊ ဒီဇင်ဘာ ၂၄

 မန္တလေးမြို့တွင် Taxi ကားများကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ပြီဖြစ်ကြောင်းသိရသည်။ ၀ယ်ယူလိုလျင် အာမခံပေးသူ နှစ်ယောက်လိုအပ်မည်ဖြစ်ပြီး ၀ယ်မည့်သူ၏ မှတ်ပုံတင်၊ 
သန်းခေါင်စာရင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာများလိုအပ်ပြီး အာမခံပေးမည့်သူနှစ်ယောက်အတွက်လည်း အဆိုပါအချက်အလက်များလိုအပ်မည် ဖြစ်ကြောင်း Taxi 
ကားအရစ်ကျရောင်းပေးမည့် Best Auto ကားအရောင်းဌာနမှ ဒုလက်ထောက်မန်နေဂျာ ဦးလှကျော်စွာကပြောသည်။

 "Taxi ကားတွေကို အရစ်ကျနဲ့ရောင်းပေးသွားမှာပါ။ နှစ်နှစ်နဲ့ဝယ်ချင်တယ်ဆိုလည်း နှစ်နှစ်အရစ်ကျ၊ သုံးနှစ်နဲ့ ၀ယ်ချင်တယ်ဆိုလည်း သုံးနှစ်အရစ်ကျနဲ့ ရောင်းပေးသွားမှာပါ။ 
ကနဦးပေးသွင်းငွေ ၃၅သိန်းပေးသွင်း ပြီးရင် ကားကို စပေးလိုက်မယ်။ ပြီးရင် နေ့စဉ် ၁၃၀၀၀ကျပ် နှုန်းပေးသွင်းရမှာဖြစ်ပါတယ်။ ဒုတိယအရစ်အနေနဲ့ တစ် နှစ်အတွင်း သိန်းသုံးဆယ်ကို 
ပေးသွင်းရမှာဖြစ်ပါတယ်။ သိန်းသုံးဆယ် ပေးသွင်းပြီးရင်တော့ နေ့စဉ်ပေးသွင်း ငွေက သောင်းတစ်ထောင်ကျပ်ပဲ ပေးသွင်းရတော့မှာ ဖြစ်ပါတယ်။ သုံးနှစ်ပြည့်တဲ့ အချိန်မှာ ကားတစ်စီးပိုင်နိုင် အောင် 
စီစဉ်တာမျိုးပ"ါဟု ဦးလှကျော်စွာက ပြောသည်။

 ရောင်းချပေးမည့် ကားအမျိုးအစားများမှာ တိုင်းဒေသကြီး၏ ခွင့်ပြုချက်ဖြင့် တင်သွင်းထားသော ကားအမျိုးစားများဖြစ်ပြီး Toyota Probox, Nissan AD Van, Toyota Belta 
ကားအမျိုးစားများဖြစ်ကာ သုံး နှစ်အရစ်ကျဖြင့် ပေးသွင်းမည်ဆိုလျှင် ကျပ်သိန်း ၁၈၀ခန့် ကျသင့်မည်ဖြစ်ကြောင်းသိရသည်။  ကားတန်ဖိုး ကျေမှသာလျှင် 
ကားပိုင်ဆိုင်ကြောင်းအထောက်အထားများရရှိမည် ဖြစ်ပြီး သုံးနှစ်အရစ်ကျဖြင့်ပေးဝယ်လိုသူများ သုံးနှစ်အတွင်း ပေးချေရန်ပျက်ကွက်ခဲ့ပါက ကုမ္ပဏီဘက်မှ လေးနှစ်အထိ ပေးချေနိုင်အောင် 
စီစဉ်ပေးသွား မည်ဖြစ်ပြီး ပျက်ကွက်ခဲ့ပါက ကားပိုင်ဆိုင်ရန် အခွင့်လမ်းနည်းသွားမည်ဖြစ်ကြောင်း Best Auto မှ ဒုလက်ထောက်မန်နေဂျာ ဦးလှကျော်စွာမှ ပြောသည်။

 "Taxi လုပ်ငန်းအနေနဲ့ ကျွန်တော်တို့အောင်မြင်ပါတယ်။ ရန်ကုန်မှာဆို ငါးခုမြောက် Taxi sale and Service Centre ကို ဖွင့်လှစ် နိုင်ခဲ့ပါပြီ။ မန်းလေးမှာကတော့ အခုမှစပြီး 
ဆောင်ရွက်တာပါ။  အခုလက်ရှိ ရန်ကုန်မှာ တော့ အစီး တစ်ရာကျော် ပြေးဆွဲနေပါပြီ"ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

 "အရစ်ကျစံနစ်နဲ့ ၀ယ်နိုင်တာတော့ မဆိုးပါဘူး။ ဒါပေမယ့် မန္တလေးက ဆိုင်ကယ်မြို့တော်လေဗျာ။ ဒီမှာ Taxi ဆွဲတဲ့အခါ နန်းရှေ့ကနေ ဘုရားကြီးတစ်ကြောင်းငှားတယ်ဆိုရင် 
ဘုရားကြီးကနေ ဒီဘက်ကို တစ်ကြောင်း ပြန်ရဖို့မလွယ်ဘူး။ Taxi သမားတွေ တစ်ရက်တစ်သောင်းဝင်ဖို့မလွယ်ဘူးဗျ။ ၀င်တယ်ဆိုရင်တောင် ပုံမှန်မရှိ ဘူး"ဟု မန်းလေးမြို့မှ Taxi သမားတစ်ဦးက 
သုံးသပ်သည်။

 Best Auto ကားအရောင်းဌာနမှ ကားများကို ၀ယ်ယူလိုလျှင် ကုမ္ပဏီတည်ရှိရာ  ၇၁လမ်း၊ ၂၈×၂၉လမ်းကြားရှိ အရာင်းဌာနသို့ သွားရောက်စုံစမ်းနိုင်ကြောင်းသိရသည်။

PLPမန္တလေးမြို့တွင် Taxi ကားများကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင် ပြီဖြစ်ကြောင်းသိရသည်။ ၀ယ်ယူလိုလျင် အာမခံပေး သူ နှစ်ယောက် လိုအပ်မည်ဖြစ်ပြီး ၀ယ်မည့်သူ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာများ လိုအပ်ပြီး အာမခံပေး မည့် သူနှစ်ယောက်အတွက်လည်း အဆိုပါ အချက်အလက်များလို အပ်မည် ဖြစ်ကြောင်း Taxi ကားအရစ်ကျရောင်းပေးမည့် Best Auto ကားအရောင်းဌာနမှ ဒုလက်ထောက်မန်နေဂျာ ဦးလှကျော်စွာကပြောသည်။

"Taxi ကားတွေကို အရစ်ကျနဲ့ရောင်းပေးသွားမှာပါ။ နှစ်နှစ်နဲ့ဝယ်ချင်တယ်ဆိုလည်း နှစ်နှစ်အရစ်ကျ၊ သုံးနှစ်နဲ့ ၀ယ်ချင်တယ်ဆိုလည်း သုံးနှစ်အရစ်ကျနဲ့ ရောင်းပေးသွားမှာပါ။
ကနဦးပေးသွင်းငွေ ၃၅သိန်းပေးသွင်း ပြီးရင် ကားကို စပေးလိုက်မယ်။ ပြီးရင် နေ့စဉ် ၁၃၀၀၀ ကျပ် နှုန်းပေး သွင်းရမှာဖြစ်ပါတယ်။ ဒုတိယအရစ်အနေနဲ့ တစ် နှစ်အတွင်း သိန်းသုံးဆယ်ကို ပေးသွင်းရမှာဖြစ်ပါတယ်။ သိန်းသုံးဆယ် ပေးသွင်းပြီးရင်တော့ နေ့စဉ်ပေးသွင်း ငွေက သောင်းတစ်ထောင်ကျပ်ပဲ ပေးသွင်းရတော့မှာ ဖြစ်ပါတယ်။ သုံးနှစ်ပြည့်တဲ့ အချိန်မှာ ကားတစ်စီးပိုင်နိုင် အောင် စီစဉ်တာမျိုးပ"ါဟု ဦးလှကျော်စွာက ပြောသည်။

ရောင်းချပေးမည့် ကားအမျိုးအစားများမှာ တိုင်းဒေသကြီး၏ ခွင့်ပြုချက်ဖြင့် တင်သွင်းထားသော ကားအမျိုးစားများဖြစ်ပြီး Toyota Probox, Nissan AD Van, Toyota Belta ကားအမျိုးစားများဖြစ်ကာ သုံး နှစ်အရစ်ကျဖြင့် ပေးသွင်းမည်ဆိုလျှင် ကျပ်သိန်း ၁၈၀ခန့် ကျသင့်မည်ဖြစ်ကြောင်းသိရသည်။ ကားတန်ဖိုး ကျေမှသာလျှင် ကားပိုင်ဆိုင်ကြောင်းအထောက်အထားများရရှိမည် ဖြစ်ပြီး သုံးနှစ် အရစ် ကျဖြင့်ပေးဝယ်လိုသူများ သုံးနှစ်အတွင်း ပေးချေရန်ပျက်ကွက်ခဲ့ပါက ကုမ္ပဏီဘက်မှ လေးနှစ် အထိ ပေးချေနိုင်အောင် စီစဉ်ပေးသွားမည်ဖြစ်ပြီး ပျက်ကွက်ခဲ့ပါက ကားပိုင်ဆိုင်ရန် အခွင့်လမ်းနည်းသွား မည်ဖြစ်ကြောင်း Best Auto မှ ဒုလက်ထောက်မန်နေဂျာ ဦးလှကျော်စွာမှ ပြောသည်။

"Taxi လုပ်ငန်းအနေနဲ့ ကျွန်တော်တို့အောင်မြင်ပါတယ်။ ရန်ကုန်မှာဆို ငါးခုမြောက် Taxi sale and Service Centre ကို ဖွင့်လှစ် နိုင်ခဲ့ပါပြီ။ မန်းလေးမှာကတော့ အခုမှစပြီး ဆောင်ရွက်တာပါ။ အခုလက်ရှိ ရန်ကုန်မှာ တော့ အစီး တစ်ရာကျော် ပြေးဆွဲနေပါပြီ"ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

"အရစ်ကျစံနစ်နဲ့ ၀ယ်နိုင်တာတော့ မဆိုးပါဘူး။ ဒါပေမယ့် မန္တလေးက ဆိုင်ကယ်မြို့တော်လေဗျာ။ ဒီမှာ Taxi ဆွဲတဲ့အခါ နန်းရှေ့ကနေ ဘုရားကြီးတစ်ကြောင်းငှားတယ်ဆိုရင် ဘုရားကြီးကနေ ဒီဘက်ကို တစ်ကြောင်း ပြန်ရဖို့မလွယ်ဘူး။ Taxi သမားတွေ တစ်ရက်တစ်သောင်းဝင်ဖို့မလွယ်ဘူးဗျ။ ၀င်တယ်ဆို ရင်တောင် ပုံမှန်မရှိ ဘူး"ဟု မန်းလေးမြို့မှ Taxi သမားတစ်ဦးကသုံးသပ်သည်။

Best Auto ကားအရောင်းဌာနမှ ကားများကို ၀ယ်ယူလိုလျှင် ကုမ္ပဏီတည်ရှိရာ ၇၁လမ်း၊ ၂၈×၂၉ လမ်း ကြားရှိ အရာင်းဌာနသို့ သွားရောက်စုံစမ်းနိုင်ကြောင်းသိရသည်။

PLP

No comments:

Post a Comment