Monday, October 29, 2012

ဗဟန်းမြို့နယ် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့က လူသတ်မှု တရားခံများ ဖမ်းမိ

ဗဟန်းမြို့နယ် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့ ဟာမစ်တစ်ကားမှတ်တိုင်အနီးတွင် အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီခန့်က လူငယ်ကိုးဦးနှင့် အသက် ၃၀ ကျော် အမျိုးသားတစ်ဦး အချင်းဖြစ်ပွားကြရာ၌ လူငယ်တစ်ဦးက ထိုအမျိုးသားအား သောက်ရေအိုးဖြင့် ဦးခေါင်းကို ရိုက်ခွဲကာ ကျန်လူငယ်များက ထိုးကြိတ်ကန်ကျောက်ကြရာမှ ထိုအမျိုးသား သေဆုံးခဲ့ရသည်။ ထိုအမှုတွင် ပြစ်မှုကျူးလွန်ခဲ့သော တရားခံများအား အောက်တိုဘာ ၂၄ ရက် နံနက် ၂ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သည်ဆိုကာ ဖမ်းဆီးထားသော တရားခံများတွင် အသက် ၁၉ နှစ်မှ ၂၁ နှစ်အတွင်း အမျိုးသားရှစ်ဦး အပါအ၀င် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်းပါရှိကြောင်း သတင်းရရှိသည်။
From -7DayNewsJournal

No comments:

Post a Comment