မြန်မာနိုင်ငံသို့ခေတ္တရောက်ရှိနေသော မြောက်ပိုင်းပြန် ရဲဘော် နန်းအောင်ထွေးကြည်
အပါအ၀င် ၁၉၉၁- ၁၉၉၂ မြောက်ပိုင်း ပါဂျောင် စခန်းမှ လွတ်မြောက်လာသူ
ကျောင်းသားဟောင်းအချို့မှ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ယနေ့မွန်းလွဲ ၂
နာရီက ရွှေဂုံတိုင် ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။
ယင်းသည် မြန်မာနိုင်ငံသို့ တရားဝင်ရောက်ရှိနေသည့် ABSDF လက်ရှိ ဥက္ကဋ္ဌ ကိုသံခဲအပါအ၀င် ၉ ဦးအဖွဲ့နှင့် ဇန်န၀ါရီလ ၂ ရက်က ၄နာရီကျော် ကြာတရားဝင် အလုပ်သဘောတွေ့ဆုံ ခဲ့ပြီး နောက် ပိုင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲဖြစ်ကြောင်းသိရသည်။
အဆိုပါ ပွဲ၌ မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများမှ အချက် ၅ ချက်ပါ ကြေညာချက် ၁ / ၂၀၁၃ ကိုထုတ်ပြန်ခဲ့ပြီး ABSDF (မြောက်ပိုင်း) ဖြစ်စဉ်များနှင့်ပတ်သက်ပြီး တရားမျှတမှုနှင့် အချက်အလက်မှန်များပေါ်ပေါက်ရေးအတွက် ABSDF နှင့် ညှိုနှိုင်းဆောင်ရွက် သွားမည်ဖြစ် ကြောင်း ပြော ကြား ခဲ့ သည်။
ထို့ပြင် မြောက်ပိုင်းဖြစ်စဉ်နှင့်ပတ်သက်၍ မှားယွင်းစွာဆောင်ရွက်မိကြောင်း တရားဝင်ထုတ်ပြန်ပေးရန်နှင့် ကျဆုံးသွားသော ကျောင်းသားရဲဘော်များအား ABSDF ကျဆုံးရဲဘော်စာရင်း၌ မြောက်ပိုင်းဖြစ်စဉ်၌ ကျဆုံးခဲ့သော ရဲဘော်များ ခေါင်းစဉ်ဖြင့် ထည့်သွင်းမှတ်သားပေးရန် တောင်းဆိုချက်နှစ်ခုကို ဥက္ကဋ္ဌ ကိုသံခဲပါ ၉ ဦးအဖွဲ့အားတောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။
From : Popular Myanmar News Journal

No comments:
Post a Comment