Saturday, January 26, 2013

BBC သတင်းထောက်မှ မြန်မာဂျာနယ်လစ်များအား သင်တန်းပို့ချ

BBC သတင်းထောက်မှ မြန်မာဂျာနယ်လစ်များအား သင်တန်းပို့ချ
Saturday, January 26, 2013

မြန်မာနိုင်ငံမှ စာနယ်ဇင်းဆရာများအနေဖြင့် ပြည်သူများထံသို့ ဖြစ်ရပ်မှန်
မှတ်တမ်းများအား ဖော်ထုတ်တင်ပြနိုင်ရန်အတွက် ကမ္ဘာ့စာနယ်ဇင်း ဓါတ်ပုံဆုရ ဗြိတိန်နိုင်ငံမှ ဓါတ်ပုံသတင်းထောက် Nick Danziger နှင့် စာရေးဆရာ Rory Maclean တို့မှ သင်တန်းပို့ချပေးလျှက်ရှိကြောင်း သိရသည်။

“မြန်မာပြည်မှာ အရည်အချင်းပြည့်ဝတဲ့ ဂျာနယ်လစ်တွေဖြစ်လာ
ဖို့အတွက်၊ နှစ်ဦးနှစ်ဖက် တကယ့်ကိုအကျိုးကျေးဇူးရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပေးတာပါ။” ဟု ဗြိတိသျှကောင်စယ်လ်မှ ပရိုဂရမ်မန်နေဂျာဒေါ်ကြည်ကြည်ပြုံးကပြောသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား (၁၆)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းပြီးချိန်၌ ၎င်းတို့၏ သတင်းဆောင်းပါး ဓါတ်ပုံများအား Park Royal ဟိုတယ်၌ပြုလုပ်မည့် ဧရာဝတီစာပေပွဲတော်တွင် ထည့်သွင်းပြသ
သွားမည်ဖြစ်သည်။

“ဒီပြည်သူကြားတွေထဲမှာ သိနေသော်လည်းပဲ လိုအပ်တယ်၊ ထပ်ထပ်ခါခါပြောနေရမယ်၊ under line ဒါတွေကိုကျွန်တော်တို့ ဘယ်လိုလုပ်ရမလည်းဆိုတာ ဒီသင်တန်းကနေ သိရှိရတယ်” ဟု သင်တန်းသားတစ်ဦးဖြစ်သူ ကိုဇင်မျိုးဆတ်က ပြောသည်။

ထိုကဲ့သို့ စာနယ်ဇင်းဆိုင်ရာသင်တန်းများကို နောက်ပိုင်းတွင်လည်း ဆက်လက်ဖွင့်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ပရိုဂရမ်မန်နေဂျာ
ဒေါ်ကြည်ကြည်ပြုံးက ဆိုသည်။

BBC သတင်းထောက်ဖြစ်သည့် Nick Danziger သည် ဗြိတိန်နိုင်ငံ၏ အထင်ရှားဆုံးဓါတ်ပုံဆရာတစ်ဦးဖြစ်ပြီးကမ္ဘာ့စာနယ်ဇင်း ဓါတ်ပုံဆုရ
ရှိဖူးသူတစ်ဦးဖြစ်ပြီး၊  Rory Macleanမှာ တော်ဝင်စာပေအသင်းမှ စာပေပညာရှင်တစ်ဦးဖြစ်ပြီး ၀င်စတန်ချာချီခရီးသွား ပညာသင်ဆု
ချီးမြှင့်ခံခဲ့ရသူတစ်ဦးဖြစ်ကြောင်း  ဇန်န၀ါရီ (၂၅)ရက်နေ့တွင် ဗြိတိသျှသံရုံး၌ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲမှသိရသည်။

တစ်ရက်တည်းမှာပင် အဆိုပါသတင်းစာရှင်းလင်းပွဲနှင့်အတူ  ယူဂိုဆလားဗီးယားနိုင်ငံတွင် စစ်ကြောင့် သေဆုံးသွားသော လူတစ်သိန်းလေးသောင်းတို့၏ အကြောင်ကို “ပျောက်ဆုံးနေသော
ဘ၀များ”အမည်ဖြင့် ပြပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
Myit Makha Mediagroup

မြန်မာနိုင်ငံမှ နယ်ဇင်းဆရာများအနေဖြင့် ပြည်သူများထံသို့ ဖြစ်ရပ်မှန် မှတ်တမ်းများအား ဖော်ထုတ်တင်ပြနိုင်ရန်အတွက် ကမ္ဘာ့စာနယ်ဇင်း ဓါတ်ပုံဆုရ ဗြိတိန်နိုင်ငံမှ ဓါတ်ပုံသတင်းထောက် Nick Danziger နှင့် စာရေးဆရာ Rory Maclean တို့မှ သင်တန်းပို့ချပေးလျှက်ရှိကြောင်း သိ ရသည်။


“မြန်မာပြည်မှာ အရည်အချင်းပြည့်ဝတဲ့ ဂျာနယ်လစ်တွေဖြစ်လာဖို့အတွက်၊ နှစ်ဦးနှစ်ဖက် တကယ့်ကို အကျိုးကျေးဇူးရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပေးတာပါ။” ဟု ဗြိတိသျှကောင်စယ်လ်မှ ပရိုဂရမ် မန်နေဂျာဒေါ်ကြည်ကြည်ပြုံးကပြောသည်။


အဆိုပါ သင်တန်းတွင် သင်တန်းသား (၁၆)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းပြီးချိန်၌ ၎င်းတို့၏ သတင်းဆောင်းပါး ဓါတ်ပုံများအား Park Royal ဟိုတယ်၌ပြုလုပ်မည့် ဧရာဝတီစာပေပွဲတော်တွင် ထည့် သွင်းပြသသွားမည်ဖြစ်သည်။


“ဒီပြည်သူကြားတွေထဲမှာ သိနေသော်လည်းပဲ လိုအပ်တယ်၊ ထပ်ထပ်ခါခါပြောနေရမယ်၊ under line ဒါတွေကိုကျွန်တော်တို့ ဘယ်လိုလုပ်ရမလည်းဆိုတာ ဒီသင်တန်းကနေ သိရှိရတယ်” ဟု သင်တန်းသား တစ်ဦးဖြစ်သူ ကိုဇင်မျိုးဆတ်က ပြောသည်။


ထိုကဲ့သို့ စာနယ်ဇင်းဆိုင်ရာသင်တန်းများကို နောက်ပိုင်းတွင်လည်း ဆက်လက်ဖွင့်နိုင်ရေး ကြိုးပမ်း သွားမည်ဟု ပရိုဂရမ်မန်နေဂျာဒေါ်ကြည်ကြည်ပြုံးက ဆိုသည်။


BBC သတင်းထောက်ဖြစ်သည့် Nick Danziger သည် ဗြိတိန်နိုင်ငံ၏ အထင်ရှားဆုံးဓါတ်ပုံဆရာတစ်ဦးဖြစ်ပြီးကမ္ဘာ့စာနယ်ဇင်း ဓါတ်ပုံဆုရရှိဖူးသူတစ်ဦးဖြစ်ပြီး၊ Rory Macleanမှာ တော်ဝင်စာပေအသင်းမှ စာပေပညာရှင်တစ်ဦးဖြစ်ပြီး ၀င်စတန်ချာချီခရီးသွား ပညာသင်ဆုချီးမြှင့်ခံခဲ့ရသူတစ်ဦးဖြစ်ကြောင်း ဇန်န ၀ါရီ (၂၅)ရက်နေ့တွင် ဗြိတိသျှသံရုံး၌ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲမှသိရသည်။


တစ်ရက်တည်းမှာပင် အဆိုပါသတင်းစာရှင်းလင်းပွဲနှင့်အတူ ယူဂိုဆလားဗီးယားနိုင်ငံတွင် စစ်ကြောင့် သေ ဆုံးသွားသော လူတစ်သိန်းလေးသောင်းတို့၏ အကြောင်ကို “ပျောက်ဆုံးနေသောဘ၀များ” အမည်ဖြင့် ပြ ပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။


( မြစ်မခ )

Myit Makha Mediagroup

No comments:

Post a Comment