Saturday, January 26, 2013

အမေရိကန် အင်တာနက်အရေးလှုပ်ရှားသူ အဆုံးစီရင်ခဲ့ပြီးနောက် ကွန်ပျူတာပြစ်မှုဥပဒေကို အုတ်အော်သောင်းတင်း ဝေဖန်လာကြ

ကွယ်လွန်သွားပြီဖြစ်တဲ့ Aaron Swartz။ 
ကွယ်လွန်သွားပြီဖြစ်တဲ့ Aaron Swartz
အင်တာနက်အရေး တက်ကြွစွာလှုပ်ရှား သူတစ်ဦးဖြစ်တဲ့ ကွယ်လွန်သူ Aaron Swartz အတွက်
ဝတ်ပြု ဆုတော င်းပွဲ တွေ ကျင်းပပေးနေကြချိန်မှာ စိတ်ဓာတ် ပြင်းထန်လွန်းတဲ့ အစိုးရရှေ့နေတွေ အသုံးပြုလေ့ရှိရာ 'အရမ်းပြင်းထန်လွန်း'တဲ့ ဥပဒေလို့ပြောကြတဲ့ အမေရိကန် ကွန်ပျူတာပြစ်မှု

ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ဆွေးနွေးမှု တွေလည်း အများအပြားပေါ်ထွက်လာပါတယ်။
သူ့အမှုအတွက် လိုက်ပေးနေတဲ့ အစိုးရရှေ့နေကို ပြောင်းပေးဖို့ တောင်းဆိုထားတဲ့ အွန်လိုင်း
အသနားခံလွှာ တစ်စောင်မှာ ထောက်ခံလက်မှတ် ထိုးပေးထားသူအရေအတွက်ဟာ အင်္ဂါ နေ့မှာ
၃၁,၀၀၀ ရှိနေပြီး Swartz သူ့ကိုယ်သူ သတ်သေသွားရတာဟာ ၁၉၈၆ ခုနှစ် ကွန်ပျူတာပြစ်မှု
ဥပဒေ ကြောင့်ဖြစ်တယ်လို့ သူ့ကို ထောက်ခံသူတချို့က အပြစ်တင်ထားကြပါတယ်။
သတင်းအချက်အလက်တွေကို အွန်လိုင်းမှာတင်တဲ့အခါ နောက်ဆုံးရ အချက်အလက်တွေကို
မကြာခဏ ပြောင်းတင်ဖို့အတွက် အခုအချိန်မှာ အသုံးပြုနေကြပြီဖြစ်တဲ့ RSS feeds ကို ၁၄ နှစ်
သားမှာ ပူးတွဲတည်ထောင်ခဲ့သူ၊ Reddit လူမှုရေး ၀က်ဘ်ဆိုက်စတင်ရာမှာ အကူအညီပေးခဲ့ဖူးသူ
Swartz ဟာ နယူးယော့ခ်က သူ့ရဲ့တိုက်ခန်းမှာ သောကြာနေ့က ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကိုယ်
အဆုံးစီရင် သွားခဲ့ပါတယ်။
ကွယ်လွန်သွားချိန်မှာ အသက် ၂၆ နှစ်ပဲရှိသေးတဲ့ Swartz ဟာ စိတ်ကျ ဝေဒနာ အပြင်းအထန်
ခံစားခဲ့ရတယ်လို့ ပြောကြပါတယ်။
မက်ဆာချူးဆက်နည်းပညာ တက္ကသိုလ်ရဲ့ ကွန်ပျူတာခန်းထဲခိုးဝင်ပြီး ကွန်ပျူတာကွန်ရက်ချိတ်
ဆက်ကာ JSTOR က ၀န်ဆောင်မှုပေးထားတဲ့ ပညာရပ်ဆိုင်ရာ ဂျာနယ်ဆောင်းပါး တွေကို ခိုးကူး
ခဲ့တယ်လို့ စွပ်စွဲပြီး သူ့ကို ဧပြီလထဲမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။
သူ့ကို စွပ်စွဲထားတဲ့ ထောင်ဒဏ် အများဆုံး ၃၅ နှစ်နဲ့ ဒဏ်ငွေဒေါ်လာ တစ်သန်းကျခံရနိုင်တဲ့
ကွန်ပျူတာ လိမ်လည်မှု၊ နည်းပညာသုံးလိမ်လည် ငွေရှာမှုနဲ့ တခြားပြစ်မှုတွေနဲ့ပတ်သက်ပြီး မကျူး
လွန်ခဲ့ကြောင်း သူက တရားရုံး မှာ လျှောက်လဲခဲ့ပါတယ်။
ဒီစွဲချက်တွေ ကို သူကွယ်လွန်သွားပြီးတဲ့ နောက်မှာ ပလပ်လိုက်ပါပြီ။
"Swartz ကျခံရနိုင်တဲ့ ပြစ်ဒဏ်ဟာ လူသတ်သမားတွေ၊ လူကုန်ကူးသူတွေနဲ့ ဘဏ်ဓားပြတွေ
ကျခံရနိုင်တဲ့ ပြစ်ဒဏ်ထက် ပိုများနေပါတယ်" လို့ American Progress Action Fund (အမေရိ
ကန် တိုးတက်ရေးလှုပ်ရှားမှု ရန်ပုံငွေဌာန)မှ Ian  Millhiser က ပြောပါတယ်။
"Swartz ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး တရားမ၀င်တဲ့လုပ်ရပ် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်
တရားမ၀င်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဘယ်သူတွေက ဘယ်လိုထင်ထင် အစ်ကိုရင်းကို ဒေါသ နဲ့
သတ်မိကြသူတွေထက် ပိုပြီး ကြောက်စရာကောင်းတဲ့ ရာဇ၀တ်သား တစ်ယောက်လို့ သူ့ကိုယူဆ
တာကတော့ မသင့်လျော်ပါဘူး"လို့ သူကပြောပါတယ်။
Electronic Frontier Foundation က Marcia  Hofmann ကတော့ Swartz ကို ဂုဏ်ပြုတဲ့အနေ
နဲ့ အကောင်းဆုံး လုပ်သင့်တာကတော့ ပြင်းထန်လွန်းတဲ့ ကွန်ပျူတာဥပဒေကို ပြင်ဖို့ပဲ ဖြစ်တယ်လို့
ပြောပါတယ်။
"မက်ဆာချူးဆက်နည်းပညာ တက္ကသိုလ်ရဲ့ကွန်ရက်ကို ချိတ်ဆက်ပြီး ကျောင်းက သုတေသန
ဆောင်းပါးတွေ ကို ဒေါင်းလုပ်ဆွဲခဲ့တာနဲ့ ပတ်သက် ပြီး သူ့ကို အစိုးရက ဒီလောက်အထိ အရေးယူ
စေချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဥပဒေပါ တချို့အချက်တွေဟာ ပြင်းထန်လွန်းတဲ့အတွက် သူ့ကို
ပြင်းပြင်းထန်ထန် အပြစ်ပေးရတဲ့ အခြေ အနေမျိုး ရောက်သွားစေပါတယ်"လို့ Hofmann က ရေး
ထားပါတယ်။
"ဒါပေမဲ့ Swartz ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တဲ့ဖြစ်ရပ်ဟာ ကွန်ပျူတာ လိမ်လည်မှုနဲ့ အလွဲ
သုံးစားပြုမှု ဥပဒေ ရဲ့ အားနည်းချက်တွေကို ပေါ်လွင် သွားစေပါတယ်။ ဒီဥပဒေပါ စကားရပ် တွေ
ဟာ မရှင်းလင်းသလို ပြစ်ဒဏ်ကလည်း ပြင်းထန်တဲ့အတွက် ကြွတက် လွန်းနေတဲ့ အစိုးရရှေ့နေ
တွေ၊ သူတို့ မနှစ်သက်တဲ့ သူတွေကို ပြင်းပြင်းထန် ထန် အပြစ်ပေးနိုင်စေတဲ့ ထိရောက်တဲ့
လက်နက်တစ်ခုလို ဖြစ်သွားစေပါ တယ်" emptywheel လို့ခေါ်တဲ့ ဘလော့ ကို ရေးခဲ့တဲ့
Marcy Wheeler က တော့ တရားစီရင်ရေးဌာနဟာ အမေရိကန် စီးပွားရေးလုပ်ငန်းက လူကြီးမင်း
မဟုတ်တဲ့သူတွေအတွက်တော့ မညှာမတာ စွဲချက်တင်တတ်တဲ့အဖွဲ့ပဲလို့ အပြစ်တင်ထားပါတယ်။
အမေရိကန်သမ္မတရုံးဆီ တင်သွင်း ထားတဲ့ နောက်ထပ်အသနားခံလွှာ တစ်စောင်မှာလည်း ၁၉၈၆
ကွန်ပျူတာ ဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုထားပြီး ထောက်ခံသူ ၂၃,၀၀၀ က ဒီအသနားခံစာ
ကို လက်မှတ်ထိုးပေးထားကြပါတယ်။
တတိယ အသနားခံစာမှာတော့ Swartz ရဲ့ အပြစ်ကို သူကွယ်လွန်သွားပြီးနောက်ပိုင်းမှာခွင့်လွှတ်
ပေးဖို့ တောင်း ဆိုထားပါတယ်။
ဒီအသနားခံလွှာမှာတော့ လူပေါင်း ၂၁,၀၀၀ က လက်မှတ် ထိုးပေးထားကြသလို စွဲချက်တွေနဲ့
ပတ်သက်ပြီး အမျိုးမျိုးဝေဖန်ပြောဆိုထားကြပါတယ်။
ဘရွတ်ကလင်းကောလိပ်က နိုင်ငံ ရေးသိပ္ပံပညာရှင် ရော်ဘင်ကော်ရေးက "Swartz ရဲ့ အပြစ်ကို
ခွင့်လွှတ်ပေး လိုက်ခြင်းဟာ အစိုးရဟာ အစိုးရကိုယ်တိုင်ကို ခွင့်လွှတ်ပေးအောင် လုပ်ရာလည်း
ရောက်ပါတယ်" လို့ ပြောပါ တယ်။
ဟားဘတ်ဥပဒေကျောင်းမှာ ဧည့်ပညာသင်အဖြစ်ရောက်နေတဲ့ မိုက်ခရို ဆော့ဖ်သုတေသီတစ်ဦး
ဖြစ်တဲ့ Danah  Boyd ကတော့ အစိုးရရဲ့ လုပ်ပုံကိုင်ပုံ ကို ဒေါသဖြစ်မိတယ်လို့ ပြောပါတယ်။
"ပြည်ထောင်စုအစိုးရက သူ့အမှုကို စုံစမ်းစစ်ဆေးရာမှာ သူဟာ မိုက်မဲတဲ့ လုပ်ရပ်မျိုး လုပ်ခဲ့တယ်၊
မလုပ်ခဲ့ဘူးဆို တာမျိုးတွေ မသတ်မှတ်သင့်ပါဘူး။ ဒီဖြစ်ရပ်က သူတို့အတွက် သင်ခန်းစာတစ်ခုပဲ
ရှင့်" လို့ သူ့ရဲ့ဘလော့မှာ ရေးထားပါတယ်။
"ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကွန်ပျူတာအချက်အလက် ခိုးယူသူ ဟက်ကာတွေကို ဒီမိုက
ရေစီ ဆန့်ကျင်ရေး သမားတွေအဖြစ် ကျွန်မတို့ မြင်ခဲ့ကြပါတယ်။ သူတို့ကတော့ သူတို့ကို သူတို့
ခေတ်ပေါ် လွတ်လပ်ရေးတိုက်ပွဲ ၀င်သူတွေအဖြစ်သတ်မှတ်ကြပါတယ်" Swartz ရဲ့ နာရေးအခမ်း
အနားကို ရှီကာဂိုမြို့မှာ အင်္ဂါနေ့က ကျင်းပခဲ့ပြီးတဲ့နောက် Swartz အထိမ်းအမှတ် ၀က်ဘ်ဆိုက်မှာ
သူ့မိသားစုဝင်တွေနဲ့ အပေါင်းအသင်းတွေက "Swartz ကွယ်လွန်သွားတဲ့ ဖြစ်ရပ်ကတော့ သာမန်
အဖြစ်ဆိုးတစ်ခုမဟုတ်ပါဘူး။ခြိမ်းခြောက်မှုတွေနဲ့ အလွန်အကျွံ တရားစွဲဆိုမှုတွေ တင်းကြမ်းပြည့်
နှက် နေတဲ့၊ တရားမဲ့တဲ့ တရားစီရင်မှုစနစ်ရဲ့ သားကောင် ဖြစ်ခဲ့ရတာပါ" လို့ ရေးထားကြပါတယ်။
Swartz ရဲ့ ပြစ်မှုကို ထောင်ဒဏ် ၃၅ နှစ် ကျခံရနိုင်တဲ့အဖြစ်ကနေ ထောင် ခြောက်လလောက်ပဲ
ကျခံစေရမဲ့ ပြစ်မှုအဖြစ် လျှော့ချပေးနိုင်မဲ့ လျှောက်လဲချက်ကို ထွက်ဆိုဖို့ ညှိနှိုင်းခဲ့တာကို မက်ဆာ
ချူးဆက်နည်းပညာတက္ကသိုလ် က လက်မခံခဲ့ဘူးလို့ တချို့က ပြောပါတယ်။
မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌ Rafael Rief က JSTOR အမှုမှာ သူတို့ဌာနရဲ့
ပါဝင်မှု ကို "အသေးစိတ် စိစစ်ရာမှာ ပါမောက္ခ Hal Abelson က ဦးဆောင်ပေးဖို့ တောင်းဆိုထား
ပါတယ်"လို့ ပြောပါတယ်။
ဒါပေမဲ့ အစိုးရဟာ သူတို့လုပ်ပိုင်ခွင့် ဘောင်ထက်ကျော်ပြီး လုပ်တာမျိုး မရှိခဲ့ဘူးလို့ ဥပဒေကြောင်း
ကျွမ်းကျင်သူ တချို့က ပြောပါတယ်။
ကွန်ပျူတာပြစ်မှုဥပဒေကို အထူး လေ့လာနေတဲ့ ဂျော့ဝါရှင်တန်ဥပဒေ ကျောင်းက ပါမောက္ခ Orin
Kerr က Swartz ကို စွဲထားတဲ့ စွဲချက်တွေဟာ "ဥပဒေပါ အချက်တွေကို အခြေခံထားတာဖြစ်ပြီး
အလွန်အကျွံ စွဲချက်တင်ထားတာမျိုး မရှိဘူး"လို့ ပြောပါတယ်။
"သူ့ကို စွဲထားတဲ့စွဲချက်အားလုံးဟာ ချမှတ်ခဲ့ပြီးတဲ့ စီရင်ချက်တွေကို အခြေခံပြဋ္ဌာန်းထားတဲ့ ဥပဒေ
ကို အခြေခံပြီး တရားစွဲထားတာပါ။ ပြီးတော့ အစိုးရ ရှေ့နေအားလုံး ဒီလိုပဲ စွဲချက်တင်ကြမှာပါပဲ"
လို့ သူ့ရဲ့ ဘလော့စာမျက်နှာမှာ ရေးထားပါတယ်။
ဒါပေမဲ့ မန်ဟက်တန်တက္ကသိုလ်ရဲ့ ဥပဒေရေးရာ မူဝါဒဌာနက လက်ထောက်ဌာနမှူး တက်ဒ်ဖရန့်က
Kerr ရဲ့ သုံးသပ်ချက်တွေဟာ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်နည်းရဲ့ 'ဟက်ကာအပေါ်
ထားတဲ့ အမြင်'ကို လျစ်လျူရှုထားတယ်လို့ ပြောပါတယ်။
"ကွန်ပျူတာအတတ်ပညာဟာ အပြင်ပန်းရုပ်ဝတ္ထုနဲ့ ယှဉ်လိုက်ရင် ပရိယာယ်များတယ်လို့ ထင်ရနိုင်
ပါတယ်"လို့ ဖရန့်က ပြောပါတယ်။
(အေအက်ဖ်ပီ)
မြန်မာ့တိုင်းမ်

No comments:

Post a Comment