Monday, January 14, 2013

အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်နှင့် မွန်နိုင်ငံရေး ပါတီများ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး

ha-14-1-8


အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်နှင့် မွန်နိုင်ငံရေး ပါတီများ၊ အဖွဲ့ အစည်းများသည် ဇန်န၀ါရီလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် မွန်ပြည် နယ်မော်လမြိုင်မြို့တွင်တွ့ဆုံခဲ့ကြပြီးပည်နယ်တွင်း ငိမ်း ချမ်းရေးဖော်ဆောင်ရေး  ၊ လက်နက်ကိုင် အဖွဲ့အစည်း များနှင့် မြန်မာ အစိုးရကြား အပစ်အခတ် ရပ်စဲရေး ၊ ဒေသခံပြည် သူများ ၏ လူနေမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီ ပါတီ၊ မွန်ပြည်သစ်ပါတီ စသည့်တိုင်းရင်းသား ပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့များနှင့် မွန်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဆရာတော်သံဃာတော်များနှင့် တွေ့ဆုံခဲ့ကြပြီး ကချင်ငြိမ်းချမ်းရေး အပါ အ၀င် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
ထိုသို့ဆွေးနွေးချက်များနှင့် ပတ်သက်၍ အစိုးရထံသို့ တင်ပြသွားမည်ဖြစ်ကြောင်းနှင့် မော်လမြိုင်မြို့တွင် အမေရိကန်စင်တာကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သံအမတ် ဒဲရစ်မစ်ချယ်လ် က ပြောကြားခဲ့သည်။
"ကျွန်တော် သံအမတ်စဖြစ်ပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့တုန်းက ကျွန်တော် တိုင်းပြည်အနှံ့ သွားပြီး ပြည် သူတွေနဲ့ စကားပြောမယ်။ အခြေအနေတွေကို လေ့လာမယ်။ နားလည်အောင်လုပ်မယ်။ အဲဒါကြောင့် ဒီဒေသတွေကို လာရောက်တာပါ။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ ရှေ့ လမ်းကြောင်းကို အရှိန်အဟုန်နဲ့ သွားနေပါတယ်၊ ပွင့်လင်းလာမှုတွေရှိလာတယ်၊ ဥပမာ မီဒီယာတွေ ပွင့်ပွင့် လင်းလင်း မေးလို့ရတယ် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရလာတယ်။ တိုင်းရင်းသားရေးရာနဲ့ ပတ်သက် ပြီး အများကြီး လုပ်ဆောင်ရအုံးမဲ့ အခြေအနေတွေ ရှိပါသေးတယ်။ ကချင်အရေးနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တိုသဘောထား ကြေငြာချက် ထုတ်ထားပါတယ်၊ စစ်ပွဲရပ်ဖို့နဲ့ ပတ်သက်ပြီး လက်နက် နဲ့ ဖြေ ရှင်းလို့မပြီးဘူး။ နှစ်ဖက်စလုံးက နိုင်ငံရေးစကား ပြောဆိုဆွေးနွေးမှသာလျှင် ဖြစ်နိုင်ပါတယ်။ လက်ရှိအနေ အထားက အယုံအကြည်မဲ့မှု နှစ်ဖက်စလုံး မြင့်မားနေကြပါတယ်၊ ဒါတွေကို ကျော်လွှားနိုင်မှ ဒီစစ်ပွဲကြီးက ရပ်မှာပါ" ဟု အမေရိကန်သံအမတ် ဒဲရစ်မစ်ချဲလ်က မီဒီယာများအား ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များသို့ ဇန်န၀ါရီလ ၁၁ ရက်မှ ၁၃ ရက်အထိ သွားရောက်ခဲ့ပြီး အစိုးရအရာရှိများ၊ အရပ်ဖက်အဖွဲ့အစည်း ကိုယ်စား လှယ်များ၊ ဘာသာရေး အဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများ ၊ နိုင်ငံရေးပါတီ များနှင့် တွေ့ ဆုံဆွေးနွေးခဲ့သည်။
ယခုခရီးစဉ်သည် အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်၏ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များသို့ သွားရောက်သော ပထမဆုံးခရီးစဉ် ဖြစ်သည်။
Eleven group

No comments:

Post a Comment