Monday, January 14, 2013

ကေအိုင်အေ ဌာနချုပ့်ရှိရာ လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်တွင် လက်နက်ကြီး ထိမှန်ပြီး လူ (၂) ဦး သေဆုံး၊ လူ (၆) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ


၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက် နံနက် (၈း၁၅) မိနစ် အချိန်တွင်ဒေါ့ဖုန်းယန် တပ်မတော် စခန်းမှ ၁၀၅ မမ လက်နက်ဖြင့် လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်များသို့ (၄) ချက်ပစ်ခဲ့ပြီး (၃) လုံး ပေါက်ကွဲခဲ့ကြောင်း သိရ သည်။အဆိုပါ ပစ်ခတ်မှုကြောင့် ပထမအလုံး ပေါက်ကွဲမှု ဖြစ်စဉ်တွင် မြစ်ကြီးနား ဟိုတယ်အနီး လူနေအိမ် တစ်ခုပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ အမျိုးသား (၂) ဦး နေရာတွင် သေဆုံးခဲ့ပြီး လူ (၆) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

''ဒီနေ့မနက် (၈း၁၅) မိနစ်မှာ ဒေါ့ဖုန်းယန်ကနေ ပြီးတော့ ၁၀၅ မမ အမြောက်တွေနဲ့ လိုင်ဇာဘက်ကို (၄) ကြိမ်ပစ်တယ်။ (၃) လုံးပေါက်ကွဲတယ်။ တစ်လုံးကို (၂) မိနစ်လောက်ပဲ ခြားပါတယ်။ ပထမအလုံးက လိုင်ဇာမြို့ မြစ်ကြီးနား ဟိုတယ်အနီး အနောက်ဘက် လူနေအိမ် တစ်လုံးကို မှန်တယ်။ ယောကျား (၂) ဦးဆုံးတယ်။ တစ်ဦးက ဓမ္မဆရာ၊ တစ်ဦးက အရပ်သားပါ။ (၆) ဦးဒဏ်ရာရတယ်။ တစ်ဦး ကတော့ ဆေးရုံမှာ အသည်းအသန် ဖြစ်နေပါတယ်။ ဒုတိယအလုံးက ဆင်ဆဟိုတယ်အနီးမှာ ကျကွဲ တယ်။ တတိယအလုံးကတော့ တောထဲမှာသွားကျတယ်။ လူတွေနေတဲ့ နေရာကို တမင်သက်သက် ရည်ရွယ်ပြီးပစ်ခတ်တာပါ။ လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်ကို လက်နက်ကြီးနဲ့ ပစ်တာလည်း ပထမဆုံးပါဘဲ။ မြို့ပေါ်မှာ လက်နက်ကြီးမှန်လို့ သေတာလည်း ပထမဆုံးပါပဲ'' ဟု ကေအိုင်အေ၏ ပြန်ကြားရေး အရာရှိ ဦးလနန်က ပြောကြားပါတယ်။

eleven media group

No comments:

Post a Comment