Tuesday, January 1, 2013

အစ္စရေး အစိုးရ၏ လုံခြုံရေးအား ပိုမိုခိုင်မြဲ စေရန် ဆိုင်းနိုင်း ဒေသတွင် တံတိုင်းတစ်ခု တည်ဆောက်ရန် စီစဉ် လျက်ရှိ

အစ္စရေး အစိုးရ၏ လုံခြုံရေးအား ပိုမိုခိုင်မြဲ စေရန် ဆိုင်းနိုင်း ဒေသတွင် တံတိုင်းတစ်ခု တည်ဆောက်ရန် စီစဉ် လျက်ရှိ
 
အမေရိကန်နှင့် အစ္စရေး နိုင်ငံတို့သည် အစ္စရေး အစိုးရ၏ လုံခြုံရေးအား ပိုမိုခိုင်မြဲ စေရန် အတွက် ဆိုင်းနိုင်း ဒေသတွင် တံတိုင်းတစ်ခု တည်ဆောက် ရန် စီစဉ် လျက်ရှိကြောင်း အီဂျစ် နေ့စဉ် သတင်းစာ al-Watan က ဒီဇင်ဘာ လ ၃ဝ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။

အမေရိကန် ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့သည် မြောက်ပိုင်း Rafah မြို့ နယ်စပ်ဒေသမှ တောင်ပိုင်း Taba မြို့အထိ သိမ်းပိုက်ထားသော ပါလက်စ တိုင်း နယ်စပ် ဒေသနှင့်အပြိုင် တံတိုင်းအား တည်ဆောက်သွားမည် ဖြစ်ပြီး အဆိုပါ ဒေသမှ ပြည်သူများ ပြောင်းရွှေ့ ထွက်ခွာမည့် အစီအစဉ် တစ်ရပ်အား ရေးဆွဲထားကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြထားပါသည်။ 

သတင်း အရင်းအမြစ် များ၏ အဆိုအရ တံတိုင်း တည်ဆောက်မည့် အစီအစဉ်သည် အစ္စရေး နိုင်ငံအပေါ် ဒုံးပျံတိုက်ခိုက်မှု များအားကာကွယ်ရန်၊ ဆိုင်းနိုင်း ဒေသအား စောင့်ကြည့် ထိန်းချုပ်ရန် အတွက် နယ်စပ် ဒေသ၏ အစိတ်အပိုင်း တစ်ရပ် အဖြစ်နှင့် အစ္စရေး နိုင်ငံ၏ လုံခြုံရေးအား အာမခံချက် ရရှိစေရန် အတွက် ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ 

အီဂျစ် အရာရှိများမှ ယုံကြည်လက်ခံပြီးနောက် အဆိုပါတံတိုင်း တည်ဆောက်မည့် အစီအစဉ်အား အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

http://www.myawady.com.mm/allnews/global/item/3226-2012-12-31-16-15-35

အမေရိကန်နှင့် အစ္စရေး နိုင်ငံတို့သည် အစ္စရေးအစိုးရ၏ လုံခြုံရေးအား ပိုမိုခိုင်မြဲ စေရန်အတွက် ဆိုင်းနိုင်း ဒေသတွင် တံတိုင်းတစ်ခုတည်ဆောက် ရန်စီစဉ် လျက်ရှိကြောင်း အီဂျစ် နေ့စဉ် သတင်းစာ al-Watan က ဒီဇင်ဘာ လ ၃ဝ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။

အမေရိကန် ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့သည် မြောက်ပိုင်း Rafah မြို့ နယ်စပ်ဒေသမှ တောင်ပိုင်း Taba မြို့အထိ သိမ်းပိုက်ထားသော ပါလက်စတိုင်း နယ်စပ် ဒေသနှင့်အပြိုင် တံတိုင်းအား တည်ဆောက် သွားမည် ဖြစ်ပြီး အဆိုပါ ဒေသမှ ပြည်သူများ ပြောင်းရွှေ့ထွက်ခွာမည့် အစီအစဉ်တစ်ရပ်အား ရေးဆွဲ ထားကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထားပါသည်။

သတင်း အရင်းအမြစ်များ၏ အဆိုအရတံတိုင်း တည်ဆောက်မည့် အစီအစဉ်သည် အစ္စရေး နိုင်ငံအပေါ် ဒုံးပျံတိုက်ခိုက်မှု များအားကာကွယ်ရန်၊ ဆိုင်းနိုင်း ဒေသအား စောင့်ကြည့်ထိန်းချုပ်ရန်အတွက် နယ်စပ် ဒေသ၏အစိတ်အပိုင်း တစ်ရပ်အဖြစ်နှင့် အစ္စရေးနိုင်ငံ၏ လုံခြုံရေးအား အာမခံချက်ရရှိစေရန် အတွက် ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။

အီဂျစ် အရာရှိများမှ ယုံကြည်လက်ခံပြီးနောက် အဆိုပါတံတိုင်းတည်ဆောက်မည့် အစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။
from..မြ၀တီ

No comments:

Post a Comment